News

LG G2 ဖုန်းနှင့်အတူ ဈေးကွက်အတွင်း ရောက်ရှိလာမည့် QuickWindowဖုန်းကာဗာများ

မကြာမီ ရောက်ရှိလာမည့် LG G2 အတွက် ဖုန်း ကာဗာများကို စမတ်ဖုန်းနှင့်အတူ တစ်ချိန်တည်းမှာပင် ရရှိနိုင်တော့မည်ဖြစ်ကြောင်းကို ဇူလိုင် ၃၁ ရက်နေ့တွင် LG မှ ထုတ်ပြန်ကြေညာခဲ့သည်။

QuickWindowဟုခေါ်သည့် လှပ သေသပ်သည့် ကာဗာသည် ဆန်းသစ်ဆုံး ပေါင်းစပ်မှုများနှင့်အတူ စကားပြောခွက်ပါ၀င်သည့် နားကြပ်များ၊ ခရီးဆောင် CHARGER များ ပါ၀င်သည့် LG ၏ ကာဗာတစ်ခုဖြစ်ကြောင်း၊ သုံးစွဲသူများအတွက် ပိုပြီးလွယ်ကူစေရန် ကာဗာ FLAP ကို ဖွင့်စရာမလိုဘဲ QuickWindow၏ ကာဗာပေါ် တွင် အချက်အလက်အမျိုးမျိုးကို ကြည်လင်စွာ ကြည့်ရှုနိုင်သည့် မျက်နှာပြင်ပါရှိသည်။ QUICKWINDOWUX တွင် လက်ချောင်းလေးဖြင့် ပြုလုပ်နိုင်သည့် ပေါ့ပါး၍ လျင်မြင်သည့် စနစ်ပါ၀င်သောကြောင့် အသုံးပြုသူများ အတွက် အဆင်ပြေစေပါသည်။ CLOCK, WEATHER REPORT, ALARM, MUSIC PLAYER၊ အ၀င်ဖုန်းခေါ်ဆိုမှုများနှင့် အ၀င်ဖုန်း MESSAGE များ အစရှိသည့် အချက်အလက်များကို QUICKWINDOWကာဗာမှ တစ်ဆင့် ကြည့်ရှုနိုင်ပါသည်။

LG ၏ ဆန်းသစ်ဆုံးနှင့် လှပသေသပ်သော ACCESSORY များကို လက်တွေ့အသုံးပြုနိုင်ရန် သုံးစွဲသူများ အတွက် ဖြန့်ေ၀ပေးခြင်းဖြစ်ကြောင်း LG ELECTRONIC COMMUNICATION COMPANY ၏ CEO နှင့် ဥက္ကဌဖြစ်သူ DR. JONG-SOK PARK က ပြောကြားခဲ့သည်။

“ကျွနု်ပ်တို့၏ စမတ်ဖုန်းပြုလုပ်သူများရဲ့ စိတ်ကူးထဲတွင် ယင်းတို့ပြုလုပ်တဲ့ ဒီဇိုင်းဆန်းများကို နှစ်သက်စေနိုင်မယ့် စိတ်ကူးကောင်းများ ရှိပါတယ်။ သုံးစွဲသူများအပေါ် ပြီးပြည့်စုံသော စိတ်ကူးကောင်းများကို အခြေခံပြီး အကောင်းဆံုံး၀န်ဆောင်မှုများ ပေးနေပါတယ် ”ဟု ၎င်းက ပြောသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *