Mobile

မကြာခင်ထွက်ပေါ်လာတော့မယ့် Moto X

မကြာခင်မှာ Motorola ရဲ့ Moto X ဖုန်းအသစ်တွေကိုထုတ်လုပ်တော့မှာပါ။ ပြည်တွင်းဈေးကွက်ကိုလည်း ချက်ချင်း၀င်ရောက်လာတော့မှာဖြစ်ပါတယ်။ ဒါကြောင့် ပြည်တွင်းမှာရှိတဲ့ Smartphone ပရိသတ်တွေအတွက် Moto X ဖုန်းကို ကြိုတင်လေ့လာသိရှိထားနိုင်ဖို့ အချက်အလက်တွေကိုတင်ဆက်ပေးလိုက်ပါတယ်။

ကမ္ဘာကျော်နည်းပညာ ကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Motorola ရဲ့ Moto X ဖုန်းဟာဆိုရင် 2G Network မှာ GSM 850/900/1800/1900, 3G Network မှာ HSPDA နဲ့ 4G LTE အထိအသုံးပြုနိုင်ပါတယ်။ မော်ဒယ်မြင့်ဖုန်းတွေ ထုံးစံအတိုင်း Nano-SIM ကဒ်အသုံးပြုရမှာပဲဖြစ်ပါတယ်။ အထူကတော့ 8.7 mm ရှိပြီး Capacitive Touchscreen ကိုတပ်ဆင်ထားပါတယ်။ အချက်အလက်သိုလှောင်ဖို့ Internal Memory 16GB, 32GB နှစ်မျိုးရှိပြီး microSD Card ကို 32GB အထိထပ်ထည့်နိုင်ပါတယ်။

RAM 2GB, Bluetooth 4.0, microUSB တို့သာမက NFC (Near Field Communication) စနစ်လည်းပါ၀င်ပါတယ်။ ကင်မရာကတော့ 10MP Autofocus, LED Flash, Touch Focus, Geo-tagging, Face Detection, Panorama တို့သာမက Video တွေကို HD 1080p ရိုက်ကူးနိုင်ပါသေးတယ်။ ရှေ့ကင်မရာလည်း 2MP ရှိပါတယ်။

Android OS Version 4.2.2 (Jelly Bean) နှင့် CPU ကို Dual-Core 1.7GHz Krait Processor အသုံးပြုထားပြီး Accelerometer, Proximity, Compass စတဲ့ Sensor တွေတပ်ဆင်ထားပါတယ်။ ဖုန်းထဲမှာပါတဲ့ Browser ဟာလည်း HTML5 Browser ဖြစ်တဲ့အပြင် SMS, MMS, Email, Push Email စတာတွေလည်း အသုံးပြုနိုင်ပါတယ်။ အဖြူ၊ အမည်း နှစ်ရောင်ရှိပြီး ဈေးနှုန်းအတိအကျတော့ မသိရသေးပါဘူး။ Motorola ရဲ့ Moto X ဟာလည်း Smartphone လောကမှာ စောင့်ကြည့်ရမယ့် ဖုန်းတစ်မျိုးပဲဖြစ်ပါတယ်။

Ref: http://www.gsmarena.com/motorola_moto_x-5601.php

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Related Posts

3 thoughts on “မကြာခင်ထွက်ပေါ်လာတော့မယ့် Moto X

Leave a Reply

Your email address will not be published. Required fields are marked *