News

Acer က Windows ဖုန်း ထုတ်လုပ်မည်

Acer က Android Smartphone တွေကို အဓိကထား ထုတ်လုပ်နေပေမယ့် Window ဖုန်းများက ဥရောပဈေးကွက်တွင် ၁၅% ရောက်ရှိတဲ့အချိန်မှာ Window ဖုန်းများကို ထုတ်လုပ်မယ်လို့ Acer ရဲ့ ဒုတိယဥက္ကဌ Allen Burnes က အင်တာဗျူးတစ်ခုမှာ ပြောကြားပါတယ်။

Acer က Acer Allegro ဆိုတဲ့ Window ဖုန်း တစ်မျိုးကိုသာ ထုတ်လုပ်ခဲ့ဖူးပါတယ်။ အဲဒီဖုန်းကို လွန်ခဲ့တဲ့ သုံးနှစ်အကြာက ထုတ်လုပ်ခဲ့တာဖြစ်ပြီး ဒုတိယဖုန်းကို ထုတ်လုပ်ခဲ့ခြင်း မရှိပါဘူး။ ဒါပေမယ့် မကြာခင်မှာတော့ Window ဖုန်းကို ထုတ်လုပ်တော့မှာ ဖြစ်ပါတယ်။

ABI သုတေသန အဖွဲ့အစည်းရဲ့ စာရင်းအချက်အလက်များအရ Window ဖုန်းများဟာ တစ်နှစ်အတွင်းမှာ (၂) ဆ ရောင်းကောင်းခဲ့ တယ်လို့ သိရပါတယ်။ Strategy Analytics Kantar နဲ့ World Panel တို့ရဲ့ စာရင်းတွေအရလည်း အတူတူပဲ ဖြစ်ပါတယ်။

Sony က Microsoft ဖုန်းများကို ထုတ်လုပ်ဖို့ Microsoft နဲ့ ဆွေးနွေးနေတယ်လို့ လည်း သိရပါတယ်။ Samsung က မကြာမီမှာ ထုတ်ဖော်ပြသမယ့် Window ဖုန်းကိုလည်း Internet မှာ တွေ့ရှိခဲ့ပြီးဖြစ်ပါတယ်။ Window ဖုန်းများကို Nokia က Microsoft အတွက် ထုတ်လုပ်ပေးခဲ့ပြီး အခြားထုတ်လုပ်သူများက Window ဖုန်းတွေကို အမြောက်အများ ထုတ်လုပ်ပေးခဲ့ခြင်း မရှိပါဘူး။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *