News

Nokia ရဲ့ Windows Phone တွေဟာ အဓိကကျတဲ့ ဥရောပ ဈေးကွက်တွေမှာ iOS ထက်ပိုမိုရောင်းကောင်းနေ

Windows Phone တွေဟာ ဥရောပမှာ အရှိန်အဟုန် မြင့်စွာရောင်းချနေရပါတယ်။ နောက်ဆုံးရတဲ့ သတင်းအချက်အလက်တွေအရ အီတလီ နိုင်ငံမှာ Windows Phone တွေရဲ့ရောင်းအားဟာ iOS ထက်သာလွန်သွားပြီဖြစ်ပါတယ်။ Nokia Lumia ဖုန်းတွေကြောင့်ဖြစ်ပြီး Microsoft ရဲ့  မှတ်သားလောက်စရာအောင်မြင်မှုလည်းဖြစ်ပါတယ်။ သတင်းအချက်အလက်တွေအရ အီတလီ နိုင်ငံ ရဲ့  ဈေးကွက်ဝေစုကို Windows Phone တွေက 13.7% သိမ်းပိုက်ထားပြီး iOS တွေကတော့ 10.2% ကိုကျဆင်းသွားတာဖြစ်ပါတယ်။ ဒါ့အပြင် အဓိကကျတဲ့ ဥရောပ ဈေးကွက်မှာလည်း Windows Phone ရဲ့ရောင်းအားဟာ တိုးတက်နေပါတယ်။ United Kingdom, France, Germany, Italy and Spain စတဲ့ နိုင်ငံတွေ ကိုစုပေါင်းတွက်ချက်ထားတဲ့ စာရင်းအရ Windows Phone ဟာ အဲဒီနိုင်ငံတွေရဲ့  စုပေါင်းဈေးကွက် ရဲ့  10% နီးပါးပိုင်ဆိုင်ထားပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *