Featured, Mobile, News

Huaweiက ၀င်းဒိုးဖုန်း ရောင်းချလို့ ဘယ်ကုမ္ပဏီမှ အကျိုးအမြတ်မရဟု ဆို

Huaweiက ၀င်းဒိုးဖုန်း ရောင်းချလို့ ဘယ်ကုမ္ပဏီမှ အကျိုးအမြတ်မရဟု ဆို

Huaweiက ကုမ္ပဏီအတွက် အကျိုးအမြတ်မရလို့ ၀င်းဒိုးဖုန်း မောင်းနှင်လည်ပတ်စနစ် ထည့်သွင်းထားတဲ့ ဘယ်လိုကိရိယာမှ ထုတ်လုပ်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

Seattle Timesရဲ့ ဆောင်းပါးမှာ Huawei ရဲ့ နိုင်ငံတကာ မီဒီယာဆက်သွယ်ရေး ဌာနမှ အကြီးအကဲ Joe Kellyက ကျွန်တော်တို့ ဟာ ၀င်းဒိုးဖုန်း နယ်ပယ်မှာ ပိုက်ဆံမရပါဘူး။ ဘယ်သူမှလည်း ၀င်းဒိုးဖုန်းရောင်းချလို့ အမြတ်မရခဲ့ပါဘူးလို့ ပြောပါတယ်။

Huawei က အရင်က Windows Phone Handsetနှစ်ခု ရောင်းချခဲ့ဖူးပေမယ့် ဩဂုတ်လမှာကတည်းက ၀င်းဒိုဖုန်း ထုတ်လုပ်မှုကို ရပ်နားပြီး Android ကိုပဲ အဓိကရောင်းမယ်လို့ ဆိုခဲ့တာပါ။ အခုတစ်ခါမှာတော့ သူ့ရဲ့ ကြေညာထားချက်ကို နောက်တစ်ကျော့ ထပ်မံဖွင့်ဟလိုက်တာပါ။ ဈေးကွက်မပြောင်းရင်တော့ ၀င်းဒိုးဖုန်းနယ်ပယ် ထပ်မံခြေချမှာ မဟုတ်ဘူးလို့ ပြောပါတယ်။ Huawei ဖုန်းတွေရဲ့ ၇၀ ရာခိုင်နှုန်းကို ကမ္ဘာအနှံ့မှာ ထုတ်လုပ်တာဖြစ်ပြီး သုံးဆယ်ရာခိုင်နှုန်းကိုသာ အမေရိကန်မှာ ထုတ်လုပ်တာပါ။

Huawei ကတော့ ဘယ်လိုတွက်ချက်လဲ မသိပါဘူး။ ZDNetရဲ့ အောက်တိုဘာလ သတင်းအရ Windows Phoneရဲ့ ကမ္ဘာ့ ဟန်းဆက်ဈေးကွက်ဝေစုဟာ ၈.၁ ရာခိုင်နှုန်းရှိနေပြီလို့ ဆိုပါတယ်။

Huawei ရဲ့ ကြေညာချက်ဟာ မကြာမီက တရုတ်နဲ့ အိန္ဒိယမှာ ဈေးသက်သာ စွမ်းဆောင်ရည်နိမ့်တဲ့ ဈေးကွက်ကို ထိုးဖောက် နေတဲ့ Microsoft အတွက်တော့ သတင်းဆိုးပါပဲ။ အဲဒီ ထိုးဖောက်မှုတွေထဲမှာ Microsoft ရဲ့ Lumia 530ဟာ နာမည်ကြီးပြီး ဈေးသက်သာပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *