Gaming

Puella Magi Madoka Magica the Movie Part 1 & 2

Genre –  Supernatural, Action
Studio – Shaft
Score – 4.5 out of 5
American TV Seires နှင့် Animation Series ဇာတ်လမ်း အများစုကို ကြည့်ရင် ပရိသတ်အားပေးရင် များရင် များသလောက်၊ rating ကောင်းရင် ကောင်းသလောက် Season အသစ်၊ ဇာတ်လမ်း အသစ်တွေ ဆက်တိုက် ထုတ်လေ့ရှိပေမည့် Japan Animation နှင့် Comic Book Manga တွေရဲ့ ဇာတ်လမ်း အများစုကတော့ Shounen Action ဇာတ်လမ်းအရှည် တွေကလွဲပြီး မူရင်း စာရေးဆရာ တွေရဲ့ ဇာတ်လမ်းပေါ်မူတည်ကာ ဇာတ်လမ်းအစနှင့် အဆုံးကို ကြိုတင်စီစဉ်ထားလေ့ ရှိတာ များပါတယ်။ အချို့ဇာတ်လမ်းတွဲ တွေအနေနှင့် ပရိသတ်အားပေးမှု အရမ်းများ ရင်တောင် ဇာတ်လမ်းကို အပိုင်းများအောင် စွဲထားလေ့မရှိဘဲ သင့်တော်တဲ့အချိန်မှာ ဇာတ်သိမ်းပစ်လေ့ရှိပြီး နောက်ပိုင်းမှသာ ရုပ်ရှင်သို့မဟုတ် နောက်ဆက်တွဲ bonus episod တွေကို ဆက် ထုတ်လေ့ ရှိတာ တွေ့ရမှာပါ။ အခု 2013 မှာအသစ်ထွက်ရှိလာတဲ့ Puella Magi Madoka Magica Movie ဟာ 2011 ရဲ့ နာမည် အကျော်ကြားဆုံးနှင့် လူကြိုက်အများဆုံး Animation Series တစ်ခုဖြစ်သလို Tokyo Anime Fair 2012 ဆုပေးပွဲမှာ အကောင်းဆုံး TV Series ၊ အကောင်းဆုံး Directorနှင့် အကောင်းဆုံး ဇာတ်ညွန်းဆုများကို ရရှိခဲ့တဲ့ အပိုင်း 12 ပိုင်းပါဝင် တဲ့ Puella Magi Madoka Magica ဇာတ်လမ်းတွဲရဲ့ ရုပ်ရှင် version ဖြစ်ပါတယ်။

လက်ရှိ ထွက်ရှိထားတဲ့ Puella Magi Madoka Magica the Movie Part 1နှင့် 2တို့ကတော့ ဇာတ်လမ်းတွဲရဲ့ အဆက်မဟုတ်သေးဘဲ အရင်ထွက်ထားတဲ့ Series တစ်ခုလုံးရဲ့ ဇာတ်လမ်းကို ရုပ်ရှင်ပုံစံ အဖြစ် Animation sequence အသစ်၊ Voice acting recording အသစ်များဖြင့် ပြန်လည် တင်ဆက်ထားတာဖြစ်ပြီး နောက်ဆက်တွဲ ဇာတ်လမ်းသစ် ပါဝင်မည့် တတိယမြောက် ဇာတ်သိမ်း ရုပ်ရှင်ကတော့ 2013 October လမှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ Movie Part 1ဟာ မူရင်းဇာတ်လမ်းတွဲရဲ့ အပိုင်း 1 ကနေ 8 အတွင်းမှာ နေရာယူထားပြီး Part 2 ကတော့ အပိုင်း 9 မှ 12 အထိ ဇာတ်လမ်းများ ပါဝင်ပါတယ်။ Title character ဖြစ်တဲ့ Madoka Kaname နှင့် သူမရဲ့သူငယ်ချင်း Sayaka Miki တို့ဟာ Kyubeyဆိုတဲ့ လိုရာဆုတစ်ခုကို ဖြည့်ပေး နိုင်သူ အခြား ကမ္ဘာမှ အမျိုးအမည်မသိ သတ္တဝါကောင်လေးနှင့် တွေ့ရှိပြီး သူတို့ရဲ့ ဘဝတစ်ခုလုံး ပြောင်းလဲသွားပုံကို တင်ဆက်ထားခြင်း ဖြစ်ပါတယ်။ Kyubey ဆီမှ လိုရာဆုကို တောင်းဆိုပြီး သဘောတူညီမှု Contract ချုပ်ဆို ထားသူများမှာ Magical Girl အစွမ်းများ ရရှိမှာဖြစ်ပြီး Witch အမည်ရ မကောင်းဆိုးဝါးများကို မိမိဘဝတစ်သက်တာ လိုက်လံနှိမ်နှင်းရမှာ ဖြစ်ပါတယ်။ Madoka ကို Kyubey နှင့် Contract မပြုလုပ်နိုင်ရန် လိုက်လံထားသူ နေသူ Magical Girl တစ်ယောက် ကတော့ Homura Akemi ဖြစ်ပြီး သူမမှာလည်း စိတ်ဝင်စားဖွယ် အတိတ်တစ်ခု ရှိနေပါတယ်။ အခြား ဇာတ်ကောင်များ အနေနှင့် Mami Tomoe နှင့် Kyoko Sakura တို့လို Magical Girl များပါဝင်ပြီး အစပိုင်း ဇာတ်လမ်းက Witch တွေနှင့် သာမန် တိုက်ခိုက်ရုံဆိုတော့ အရမ်းရိုးရှင်းပေမဲ့ မကြာခင်မှာဘဲ မထင်မှတ်ထားတဲ့ အဖြစ်အပျက် တစ်ခုပြီး တစ်ခု မြင်တွေ့ရပြီး နောက်ပိုင်းမှာတော့ ဆက်တိုက်ကြည့်ချင်အောင် စွဲဆောင်နိုင်တဲ့ လှည့်ကွက်ပေါင်းများစွာက လူငယ်များကိုသာမက အရင် Magical Girl Series တွေကို စွဲစွဲလမ်းလမ်း မကြည့်ဖြစ်ခဲ့သူ လူကြီးများကိုပါ စွဲဆောင်နိုင်မှာပါ။

Studio Shaft အနေနှင့်က TV Series တွေကို BluRay Disc အဖြစ်ဖြန့်ချိ ရင်တောင် Animation ပိုကောင်းအောင် ပြင်လေ့ရှိတဲ့အတွက်ကြောင့် Movie Version မှာတော့ ဇာတ်လမ်းတွဲ ထဲက အခန်းတွေကို ပြန်ပေါင်းပြီး ရိုက်စား လုပ်ထားတာမျိုး လုံးဝမဟုတ်ဘဲနဲ့ ရုပ်ရှင်နှစ်ကားလုံး အရောင်တွေ ပိုလှအောင် ပြင်ထားသလို အချို့အခန်းတွေမှာ ဇာတ်ကောင် လှုပ်ရှားမှုများ ပို သွက်ပြီး ကြည့် ကောင်းအောင် ပြင်ဆင်ပေးထားတာ တွေ့ရပါတယ်။ ဒါ့အပြင် Animation Sequence အသစ်နှင့်အတူ လူကြိုက်များတဲ့ ဇာတ်ကောင် Mami Tomoe ရဲ့ တိုက်ခိုက်ခန်း အသစ်များပါဝင်ပြီး Homura နှင့် Kyouko Sakura တို့ရဲ့ နောက်ကြောင်းပြန်တဲ့ Flashback Scene များမှာလည်း ဇာတ်ဝင်ခန်းအသစ်များ ထည့်သွင်းထားတာ တွေ့ရပါတယ်။ မူလ ဇာတ်လမ်းတွဲ ပရိသတ်များ သဘောကျမည့် နောက်တစ်ချက်က မူရင်း အသံ သရုပ်ဆောင်များ အနေဖြင့် ရုပ်ရှင်နှစ်ကားလုံးအတွက် ဇာတ်လမ်းအစ အဆုံးပြန်လည် အသံသွင်းပေးထားတဲ့ အတွက် အရင် Series နှင့်ပုံစံ ကွဲပြားတဲ့ အရသာကို ခံစားရမှာပါ။ Puella Magi Madoka Magica The Movie Part 1 နှင့် 2 ဟာ ယခင်ဇာတ်လမ်းတွဲ မကြည့်ဘူးသူ ပရိသတ်များ အရန်သင့် ကြည့်နိုင်သလို မူလ ပရိသတ်များ သဘောကျမည့် အချက်တွေလည်း အများကြီး ထည့်သွင်းထားလို့ Animation ပရိသတ်အားလုံးနှင့် သင့်တော်ကြောင်း ညွန်းဆိုလိုက်ရပါတယ်။

author-avatar

About Nay Aung Latt

အမည်ရင်းမှာ နေအောင်လတ်ဖြစ်ပြီး Myanmar ICTတွင် Game Animation/ PC Game များအကြောင်းကို ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *