News

HTCဖုန်းတွေကို Sense 5သို့ Upgradeလုပ်နိုင်ပြီ

HTC Butterfllyနှင့် One X+ တို့ကို Blinkfeedနှင့် Video Highlights Featuresများ ပါ၀င်သော Sense (5)သို ့ Upgrade ပြုလုပ်နိုင်ပါပြီ။ HTC Butterfly နှင့် One X+ တို့ကို Sense (5) (Andriod 4.2.2 or Jelly Bean)စနစ်သို ့ကူးပြောင်းနိုင်ပြီဖြစ်ကြောင်း HTC Authorised Distributor ဖြစ်သော KMDမှ တာ၀န်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ Sense (5) UIတွင် Blinkfeedအပါအ၀င် HTC၏ နောက်ဆုံးပေါ် Featuresအများအပြား ပါဝင်သည်။ ဤFeatureသည် Social Networkingနှင့် သတင်း Mediaများမှ နောက်ဆုံးပေါ် သတင်းနှင့် သက်ဝင်လှုပ်ရှား နေသော ပုံရိပ်များကို Phone၏ Home Screenပေါ်တွင် မြင်တွေ ့နိုင်စေမည် ဖြစ်သည်။

Photo Galleryမှ Photo များကို Video Highlightအနေဖြင့် ပြန်လည်ကြည့်ရှု နိုင်မည်ဖြစ်သည်။ Andriod 4.2.2ဖြစ်သည့်အတွက် Daydreamsနှင့် Lock Screen Widget Features များလည်း ပါဝင်ပါသည်။ Sense (5) Updateတွင် Battery Lifeကို လည်းပိုမိုတိုးတက်အောင် ပြူလုပ်ထားပါသည်။ “ကျွန်တော်တို ့ HTCမှ ကျွန်တော်တို့ Customerများ အားလုံးသို ့ အကောင်းဆုံး User Experienceများ ဖြန့်ဝေနိုင်ရန် အမြဲကြိုးစား အားထုတ်နေပါတယ်။ ယခုလည်း HTC On၏ ဆုတံဆိပ်များရရှိထားသော Key Featureများဖြစ်သည့် Blinkfeedနှင့် Video Highlight Feature များကိုလက်ရှိ HTC Butterfly Userများ အသုံးပြုနိုင်ရန် တိုးချဲ့ဆောင်ရွက်သွားခြင်း ဖြစ်ပါတယ် “ ဟု HTCမှ တာ၀န်ရှိသူတစ်ဦးက ပြောကြားပါသည်။

HTC Butterflyနှင့် One X+ တို့အတွက် Sense (5)ကို ယနေ ့မှစ၍ HTC မှ Online Update အနေဖြင့်စတင် ထုတ်လွှင့်ပေးပါသည်။ Software Update Fileမှာ 500 MB ခန် ့ရှိပါသည်။ On Line Update မပြုလုပ်လိုသူများ အနေဖြင့်လည်း HTC Concept Store နှင့် Service Centre များသို့ လာရောက်၍ Sense (5) Upgrade ပြုလုပ်နိုင်ပါသည်။

Sense 5 UI တွင်ပါဝင်သော New Features များ

  • BlinkFeed home screen
    Video highlights for creating 30-second clips from gallery images
    Daydream feature
    Lock screen widgets
    Quick Settings with 12 default settings
    Lock focus in the camera viewfinder
    Battery improvements
    Battery percentage in the status bar
    Music player updated with live lyrics support and visualisation
    New lock screen style: Widget power
    Sleep mode option in Power settings
    Improved accessibility with triple tap to magnify screen
    Performance enhancements
    Wireless display support

Sense 5 UI Update ပြုလုပ်လိုသော Customer များအနေဖြင့်မိမိတို ့ဧ။် Data များကို Update မပြုလုပ်မီ Backup ပြုလုပ်ထားပါရန် မေတ္တာရပ်ခံအပ်ပါသည်။ Update သည် HTC Butterfly & One X+ (Myanmar Model) များအတွက်သာအကြုံးဝင်ပါသည်။ အခြားသိရှိလိုသည်များအားအောက်ပါ ဖုန်းနံပါတ်များတွင်စုံစမ်းနိုင်ပါသည်။

(Yangon) – 01-378431
(Mandalay)-02-60239

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Related Posts

One thought on “HTCဖုန်းတွေကို Sense 5သို့ Upgradeလုပ်နိုင်ပြီ

  1. Kaung Zan says:

    htc butterfly အတွက် ဒေါင်းလုပ်လင့်လေးပေးလို့မရဘူးလားဗျ

Leave a Reply

Your email address will not be published. Required fields are marked *