News

Fingerprintစနစ် ပါ၀င်သော HTC One Maxမကြာမီ လာမည်

ထိုင်၀မ်အခြေစိုက် နည်းပညာကုမ္ပဏီ HTCကော်ပိုရေးရှင်းရဲ့ လက်ဗွေဖတ်စနစ် ပါ၀င်လာမယ့် HTC One Maxကို လာမယ့် အောက်တိုဘာလထဲမှာ ဒေါ်လာ ၈၀၀နဲ့ ထုတ်လုပ်ဖြန့်ချိ သွားမယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ မျက်နှာပြင်အကျယ် ၅.၉လက်မရှိတဲ့ Phabletတစ်လုံး ဖြစ်ပြီး 1920×1080p ရုပ်ထွက် ဖန်တီးထားကာ CPUအမြန်နှုန်း 1.7GHzရှိတဲ့ Processorတပ်ဆင် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် RAM 2GBသုံးပေးထားပြီး ဖုန်းတွင်း မှတ်ဉာဏ်သိုလှောင်မှု အတွက် 16GB Storageဖန်တီး ပေးထားကာ 3300mAh Batteryတပ်ဆင် ထားပါတယ်။

ဒါ့အပြင် အဆိုပါ HTC One Maxမှာ သုံးထားတဲ့ အဓိက ကင်မရာဟာ 4MP(Ultra Pixel)ဖြစ် ပါတယ်။ ဒါပေမယ့် အဲဒီကင်မရာမှာ Optical Stabilizationပါ၀င် မလားဆိုတာကတော့ မသေချာသေးပါဘူး။ Optical Stabilizationဆိုတဲ့ Featureဟာ HTC Oneမှာသာ ပါ၀င်ပြီး One Miniနဲ့ Butterfly Sစမတ်ဖုန်း တွေမှာတော့ မပါ၀င်ခဲ့ပါဘူး။ ရှေ့ကင်မရာကိုတော့ 2.1MPအရည်အသွေးနဲ့ အသုံးပြုသွားမှာဖြစ်ကာ iPhone 5Sရဲ့ Fingerprintနဲ့ မတူညီတဲ့အချက်ကတော့ HTCဟာ Fingerprintကို ကျောဘက်မှာ တပ်ဆင်ထားခြင်း ပါပဲ။

တရုတ်နိုင်ငံအတွက် ထုတ်လုပ်သွားမယ့် HTC One Max 4G LTEမှာ Dual-SIM(SIM Card နှစ်မျိုး) သုံးနိုင်အောင် ဖန်တီးသွားနိုင်ဖွယ် ရှိနေပါတယ်။ ဒါ့အပြင် microSD Card Slotလည်း စီစဉ်ပေးထားပြီး ဖြုတ်နိုင်/တပ်နိုင်တဲ့ ကျောဘက်ကာဗာလည်း ပါ၀င်မယ်လို့ သိရပါတယ်။ နိုင်ငံတကာကို ဖြန့်ချိမယ့် One Maxကတော့ SIMကဒ် တစ်ကဒ်လည်း သုံးလို့ရမှာ ဖြစ်တဲ့အပြင် microSD Card Slotလည်း ပါ၀င်မှာမဟုတ် ပေမယ့် Storageကို များများစီစဉ် ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *