News

Angry Bird လေးတွေကို ရှောင်ရှားပြီး ပန်းတိုင် အရောက်သွားမယ့် Turbo Pigs

ဂိမ်းကစားလေ့ရှိသူတွေအတွက် Angry Bird ဂိမ်းဆိုတာ မသိသူမရှိလောက်အောင် လူကြိုက်များတဲ့ ဂိမ်းလေးဖြစ်ပြီး အဲဒီ Angry Bird ဂိမ်းနဲ့ ဆက်စပ်ဂိမ်းတွေလည်း အများအပြား ထွက်ရှိတဲ့အထဲမှာ အခုညွှန်ပေးချင်တဲ့ ဂိမ်းလေးကတော့ Turbo Pigs ဆိုတဲ့ ဂိမ်းလေးပါပဲ။ ဒီဂိမ်းလေးက အရင် Angry Bird ဂိမ်းတွေလို ငှက်ကလေးတွေဘက်က ကစားရမှာမျိုးမဟုတ်ပဲ ၀က်ကလေးဘက်က ကစားရမှာပါ။

Turbo Pigs ဂိမ်းလေးကစားပုံက လိုရာခရီးရောက်ဖို့ သွားနေတဲ့ ၀က်ကလေးက လမ်းခရီးမှာတွေ့ရတဲ့ ရွေှဒင်္ဂါးပြားတွေကို စုဆောင်းရင်း ဆူးတွေ၊ ချောက်တွေ၊ အတားအဆီးတွေအပြင် ၀က်ကလေးရဲ့ ရန်သူငှက်တွေကိုပါ ကျော်လွှားပြီး ပန်းတိုင်အရောက် သွားရမှာပါ။ ဒီဂိမ်းလေးမှာ အဆင့်သုံးဆင့် ပါ၀င်မှာဖြစ်ပြီး အဆင့်တစ်ဆင့် အောင်နိုင်ဖို့အတွက်ကိုတောင် ခက်ခက်ခဲခဲ ကစားရမှာ ဖြစ်ပါတယ်။ Angry Bird ထဲက ငှက်ကလေးအားလုံးနီးပါး ဒီဂိမ်းမှာ ပါ၀င်ပြီး ၀က်ကလေးတွေရဲ့ ခရီးစဉ် တစ်လျှောက်လုံးကို အမျိုးမျိုး တားဆီးတာကို ချစ်စဖွယ် တွေ့ရမှာပါ။ ၀က်ကလေးရဲ့ စွမ်းရည်မြှင့်တင်ဖို့ စုဆောင်းထားတဲ့ ရွေဒင်္ဂါးပြားတွေနဲ့လည်း လက်နက်တွေ ၀ယ်ယူနိုင်ပါလိမ့်မယ်။

ဒီဂိမ်းလေးက စက်တင်ဘာ ၅ရက်နေ့ကမှ အသစ်ထွက်ရှိလာတာဖြစ်ပြီး File Sizeက 28MB ရှိပါတယ်။ Android ဖုန်းတွေနဲ့ Tabletတွေမှာ ကစားနိုင်မယ့် ဒီဂိမ်းကို 1 Mobile Marketနဲ့ http://www.1mobile.com/tunbopigs-1009836.html မှာ အခမဲ့ ရယူနိုင်ပါတယ်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *