News

ကမ္ဘာကျော် ရုပ်ရှင်တွေကို အပိုင်သိမ်းထားဖို့

Gone with The Wind လို ကမ္ဘာကျော်ဇာတ်ကားကြီးကနေ အခုနောက်ဆုံးထွက် Now You See Meလို ဇာတ်လမ်းမျိုးအထိ ကမ္ဘာကျော် ရုပ်ရှင်တွေကို အရည်အသွေးကောင်းကောင်းနဲ့ အပိုင်သိမ်းထားချင်သူတွေအတွက် Website လေးတစ်ခုကို ညွှန်ပေးလိုက်ချင်ပါတယ်။

ကမ္ဘာကျော် ရုပ်ရှင်ဇာတ်လမ်းပေါင်း ၃၆၀၀ကျော် တစ်နေရာတည်းမှာ စုစည်းပေးထားပြီး ဖိုင်ဆိုဒ်အရွယ်အစား၊ ကြည်လင်ပြတ်သားမှုနဲ့ ဘယ်လိုရုပ်ရှင် အမျိုးအစားဖြစ်တယ်ဆိုတာ အပိုင်းလိုက် ခွဲခြားပေးထားတာဖြစ်လို့ ကိုယ်နှစ်သက်ရာကို လွယ်လွယ်ကူကူ ရှာဖွေ Download ပြုလုပ်ရယူနိုင်မှာ ဖြစ်ပါတယ်။

ရုပ်ရှင်အရည်အသွေးပိုင်းမှာလည်း အသံနဲ့ ရုပ်ထွက်အကြည်လင်ဆုံး High Definition စနစ်နဲ့ စုစည်းပေးထားတဲ့အတွက် ကွန်ပျူတာနဲ့ဖြစ်စေ၊ မြင်ကွင်းကျယ်တီဗွီနဲ့ဖြစ်စေ ရုပ်ထွက် အကြည်လင်ဆုံး၊ အသံထွက် အကောင်းဆုံးကို ခံစားနိုင်ပါလိမ့်မယ်။

ဒါကြောင့် ပြီးခဲ့တဲ့ ရာစုနှစ်အတွင်း အကောင်းဆုံး ဂန္တ၀င်ရုပ်ရှင် ဇာတ်လမ်းတွေကို အရည်အသွေးမြင့်မြင့်နဲ့ ရယူသိမ်းဆည်းထားနိုင်ဖို့ http://yify-torrents.com ကို ခုပဲ သွားကြည့်လိုက်ရအောင်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

4 thoughts on “ကမ္ဘာကျော် ရုပ်ရှင်တွေကို အပိုင်သိမ်းထားဖို့

  1. very nice movie awsone

  2. Myo Min Tun says:

    how can i get these movies?

  3. Oscar Milmar says:

    Who is the main character????

Leave a Reply

Your email address will not be published. Required fields are marked *