HTC က ၂၀၁၄ ခုနှစ်မှာ စွမ်းဆောင်ရည် အလယ်အလတ်ရှိတဲ့ စမတ်ဖုန်းများထုတ်လုပ်ပြီး ဈေးသက်သာစွာနဲ့ ရောင်းချပေးမှာ ဖြစ်ပါတယ်။ HTC မှ အရာရှိဖြစ်သူ Chang Chia-Lin က ဒေါ်လာ (၁၅၀) ကနေ (၃၀၀) အတွင်းမှာ ရောင်းချပေးမယ်လို့ ပြောပါတယ်။ HTC က စမတ်ဖုန်းဈေးကွက်မှာ ရောင်းအား (၂) ရာခိုင်နှုန်းကျဆင်းနေတယ်လို့ မကြာမီက ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ Stock ဈေးနှုန်းကလည်း ရှစ်ဆယ်ရာခိုင်နှုန်း ကျဆင်းသွားတယ်လို့ သိရပါတယ်။ အဲဒီအတွက် HTC က ဈေးသက်သာတဲ့ စမတ်ဖုန်းတွေကို ထုတ်လုပ်တာ ဖြစ်ပါတယ်။
၂၀၁၃ ခုနှစ်မှာ HTC ရဲ့ ရောင်းအား ကျဆင်းခဲ့ရတာက စွမ်းဆောင်ရည်မြင့်ဖုန်းတွေကို အာရုံထား ထုတ်လုပ်ခဲ့လို့ ဖြစ်ပြီး ဒေါ်လာ (၁၅၀) ဖုန်းနှစ်လုံးပဲ ထုတ်လုပ်ခဲ့တာဖြစ်ပါတယ် လို့ HTC ရဲ့ ပူးတွဲတည်ထောင်သူ Cher Wang က ပြောပါတယ်။ IDC ရဲ့ စစ်တမ်းအရ HTC က ဒေါ်လာ ငါးရာက အထက် ဖုန်းတွေကို (၂၁) မျိုး ထုတ်လုပ်ရောင်းချခဲ့တာဖြစ်ပါတယ်။
အခုလို ဈေးသက်သာတဲ့ဖုန်းတွေကို ထုတ်လုပ်ရောင်းချဖို့ ကြေညာတာဟာ HTC က ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ဈေးကွက်ချဲ့ထွင်ဖို့ ပြုလုပ်မယ်ဆိုတဲ့ ကြေညာချက်အပြီးမှာ ပေါ်ထွက်လာတာဖြစ်ပါတယ်။ HTC က တရုတ်နိုင်ငံမှာ ဒေါ်လာ (၁၆၅) ကနေ (၃၃၀) ၀န်းကျင်ရှိတဲ့ စမတ်ဖုန်းတွေရောင်းချဖို့ စီစဉ်နေပါတယ်။ မြန်မာနိုင်ငံလို ဈေးကွက် အသစ်အတွက်လည်း စမတ်ဖုန်းတွေထုတ် လုပ်ရောင်းချသွားမှာဖြစ်ပါတယ်။ ဒါပေမယ့် တရုတ်ဖုန်းထုတ်လုပ်သူ Xiaomi နဲ့ Huawei ကြီးစိုးနေတဲ့ အလွန်ဖွံ့ဖြိုးမှု နောက်ကျ နေတဲ့ နိုင်ငံတွေမှာတော့ ဈေးကွက်ချဲ့ထွင်မှာ မဟုတ်ဘူးလို့ Chang က ပြောပါတယ်။ HTC က အခုလောလောဆယ်မှာ HTC One ရဲ့ မျိုးဆက် စွမ်းဆောင်ရည်မြင့် စမတ်ဖုန်းကို ရောင်းချဖို့ ပြုလုပ်နေသလို ဒီနှစ်ထဲမှာ ချပ်၀တ်တန်ဆာ ကွန်ပြူတာကို ထုတ်လုပ်ရောင်းချဖို့ ကြိုးစားနေပါတယ်။