စမတ်ဖုန်းဈေးကွက်မှာ ရုန်းကန်နေရတဲ့ BlackBerry က Core ရှစ်လုံး တပ်ဆင်ထားတဲ့ ဖုန်းကို တီထွင်နေပြီဖြစ်ပြီး ၂၀၁၅ မှာ ရောင်းချမယ်လို့ သိရပါတယ်။ BlackBerry က တရား၀င်ပြောကြားခြင်းမရှိသေးဘဲ N4BB ၀က်ဆိုက်က သတင်းပေးထားတာ ဖြစ်ပါတယ်။ N4BB ၀က်ဆိုက်က BlackBerry ရဲ့ သတင်းတွေကို အမြဲလိုက်နေတဲ့ ၀က်ဆိုက်လည်း ဖြစ်ပါတယ်။
အဲဒီဖုန်းမှာ Qualcomm ရဲ့ Core ရှစ်လုံး တပ်ဆင်ထားတဲ့ Snapdragon MSM8994 Chipset တပ်ဆင်ထားမှာဖြစ်ပါတယ်။ 64-bit Architecture ဖြစ်ပြီး Core တစ်လုံးချင်းစီ ရဲ့ အမြန်နှုန်းက 2.5GHz ရှိမှာ ဖြစ်ပါတယ်။
Apple က iPhone 5S မှာ 64-bit Processor ကို စတင်မိတ်ဆက်ခဲ့ပါတယ်။ Android ထုတ်လုပ်သူတွေကလည်း သူတို့ ဖုန်းတွေမှာ Octa –Core Processor တွေထည့်သွင်းဖို့ ကြိုးစားနေကြပါတယ်။
BlackBerry Fans တွေ အနေနဲ့ Code Name “Ontario” လို့ အမည်ပေးထားတဲ့ Octa-Core Processor တပ်ဆင်ထားတဲ့ BlackBerry Smartphone အသစ်ကို ၂၀၁၅ မှာ မြင်တွေ့ခွင့်ရမယ်လို့ မျှော်လင့်ရကြောင်း တင်ပြလိုက်ပါတယ်။