News

Facebook မြေွလှေကားဂိမ်း

UKရှိ Kingston တက္ကသိုလ်မှ Designer တစ်ဦးဖြစ်သူ Patrick C.Kleinက “ပြောင်းလဲနေတဲ့ ယနေ့ခေတ်ကြီးထဲမှာ အင်တာနက်ဟာ လူငယ်တွေရဲ့ လူမှုဆက်ဆံရေးတွေကို တိုးတက်စေတယ်လို့ ကျွန်တော် ယုံကြည်ပါတယ်”ဟု ပြောကြားခဲ့သည်။ ၄င်းက ယနေ့ အအောင်မြင်ဆုံး လူမှုရေး Social Website ဖြစ်သည့် Facebookအား ရည်ညွှန်း ပြောကြားလိုက်ခြင်းဖြစ်ပြီး လက်ရှိလူငယ် အများအပြားသည်လည်း Facebookကို ရူးသွပ်စွဲလန်းစွာ တပ်မက်နေကြဆဲ ဖြစ်သည်။ စတန်းဖို့ဒ် တက္ကသိုလ်၏ သုတေသနပြုချက်များအရ Facebook ကဲ့သို့သော လူမှုကွန်ရက် ဝက်ဘ်ဆိုဒ်များသည် အထီးကျန်မှု၊ စိတ်ဓာတ်ကျဆင်းခြင်းနှင့် မိမိကိုယ်မိမိ မလုံခြုံမှုများကို ခံစားစေရသည်ဟု ဆိုသည်။

ဒီဇိုင်နာ Patrick C. Kleinက ထိုကဲ့သို့သော Facebook ဝါသနာအိုးများအတွက် ရည်ရွယ် ထုတ်လုပ်လိုက်သည့် Facebook: The Board Game ထွက်ရှိလာသည်။ ၄င်းဂိမ်း၏ ရည်ရွယ်ချက်မှာ လူငယ်လူရွယ်များအနေဖြင့် ကွန်ပျူတာရှေ့တွင် Facebookဖြင့်သာ အချိန်ကုန်နေမည့်အစား သူငယ်ချင်း အပေါင်းအသင်းများဖြင့် တွေ့ဆုံ စားသောက်၊ စကားစမြည်ပြောရင်း ဆော့ကစားနိုင်ခြင်း ဖြစ်သည်။ ကျွနု်ပ်တို့ ငယ်စဉ်က ဆော့ကစားခဲ့ ဖူးသော “မြေွလှေကား” ကစားနည်းနှင့် ဆင်တူသည်။ လှေကားနှင့်ကြုံလျှင် အပေါ်သို့ တက်မည်ဖြစ်ပြီး မြေွနှင့် ကြုံလျှင်အစား ခံရမည် ဖြစ်သည်။ ယင်းဂိမ်းတွင် “Collect a free LIKE Card, Forgot Log-in, Tag a player who you’d like to drink, Status, Your account has been hacked, birthday” စသည့် လက်ရှိ Facebook Applicationတွင် ပါသည့် Function အစုံကို ထည့်သွင်း ထားသည်။ “ကျွန်တော်တို့ အနေနဲ့ အခုလို Board Gameမျိုးကို တွေ့ဖူးပြီး ဖြစ်ပါတယ်။ ဒါပေမယ့် ဒီတစ်ခုကတော့ ခင်ဗျားတို့လို Facebook ပုံမှန် အသုံးပြုတွေအတွက် အသစ်အဆန်းဖြစ်စေမှာပါ”ဟု ၎င်းက လူငယ်များ Facebookဖြင့် အချိန်ကုန်နေခြင်းအား လျှော့ချသင့်ကြောင်း ပြောကြားခဲ့ပါ သည်။

Ref : http://design-milk.com/pat-c-klein-turns-facebook-into-a-board-game/

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *