Apps, News, Review

ဓာတ်ပုံတွေ အလွယ်တကူ ပေးပို့လို့ရလာတဲ့ Gmail

Googleက Gmailမှာ ဓာတ်ပုံတွေ အလွယ်တကူ Share လုပ်နိုင်တဲ့ စွမ်းဆောင်ချက်ကို ထည့်သွင်းပေးလိုက်ပါတယ်။ Gmailမှာ အီးမေးအသစ်တစ်ခု ရေးဖို့ပြုလုပ်ရင် အောက်ခြေမှာ ဓာတ်ပုံအိုင်ကွန်ကို မြင်တွေ့နိုင်မှာ ဖြစ်ပါတယ်။ အိုင်ကွန်ကိုနှိပ်ရင် မိုဘိုင်း ဖုန်းကနေ Google Plusမှာ သိမ်းထားတဲ့ ဓာတ်ပုံတွေကို ပြသပေးမှာ ဖြစ်ပါတယ်။ မိုဘိုင်းဖုန်းက Google Plus Appမှာ ဓာတ်ပုံ တွေကို Google Plusမှာ အလိုအလျှောက်သိမ်းပေးနိုင်တဲ့ စွမ်းဆောင်ချက်ရှိပါတယ်။ အဲဒီစွမ်းဆောင်ချက်ကို အသုံးပြုတယ်ဆိုရင် Google Plusမှာ သိမ်းထားတဲ့ မိုဘိုင်းဖုန်းက ဓာတ်ပုံတွေကို Gmailကနေ အလွယ်တကူ ပေးပို့နိုင်တာဖြစ်ပါတယ်။

မိုဘိုင်းဖုန်းက Google Plus Appက ဓာတ်ပုံဖိုဒါတစ်ခုလုံးကို အွန်လိုင်းမှာ သိမ်းပေးနိုင်ပါတယ်။ အဲဒီအတွက် Gmailကနေ ဖိုဒါတစ်ခုလုံးကို ပေးပို့နိုင်ပါတယ်။ ဓာတ်ပုံတွေကို နောက်ဆုံးသိမ်းဆည်းပေးထားတဲ့ အစဉ်အလိုက်အရ ပြသပေးမှာ ဖြစ်ပါတယ်။ ပေးပို့ချင်တဲ့ ဓာတ်ပုံကို ရွေးချယ်ပြီးရင် အီးမေး၀င်းဒိုးမှာပဲ ဓာတ်ပုံကို Resize လုပ်နိုင်ပါတယ်။

Googleက Android Phoneက ဓာတ်ပုံတွေကို အွန်လိုင်းမှာ အလိုအလျှောက်သိမ်းပေးနိုင်တဲ့ စွမ်းဆောင်ချက်ကို Google Plus Appမှာ ထည့်သွင်းပေးထားတဲ့အတွက် ဖုန်းမှာနေရာလွတ်များ ရရှိစေမှာဖြစ်သလို ဖုန်းမှာရိုက်ထားတဲ့ ဓာတ်ပုံအားလုံးကို အွန်လိုင်းမှာ Backup လုပ်ထားတဲ့သဘောသက်ရောက်တဲ့အတွက် အဆင်ပြေစေပါတယ်။ အဲဒီ Auto Backup စွမ်းဆောင်ချက်ကို Google Plus Appရဲ့ Settings ထဲမှာ Enable လုပ်နိုင်ပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *