Mobile, News, Review

အစိတ်အပိုင်းတွေ ဖြုတ်တပ်လဲလှယ်လို့ရတဲ့ Google ရဲ့ Modular Smartphone တွေလာတော့မည်

Google က Project Ara စီမံကိန်းမှာ ပါ၀င်ဖို့အတွက် လမ်းညွှန်ချက်တွေကို Developer တွေအတွက် ထုတ်လုပ်ပေးလိုက်တဲ့အတွက် Modular Smartphone တွေ ထွက်ပေါ်လာဖို့ ပိုမိုနီးစပ်လာပြီဖြစ်ပါတယ်။ Project Ara ရဲ့ Module Development Kit ကို ဗုဒ္ဓဟူးနေ့က ထုတ်ပေးလိုက်တာဖြစ်ပါတယ်။

Project Ara စီမံကိန်းကို Google ရဲ့ Advanced Technology and Projects (ATAP) က ၂၀၁၃ ခုနှစ် အောက်တိုဘာလမှာ ကြေညာ ခဲ့တာဖြစ်ပါတယ်။ အဲဒီဌာနဟာ Motorola ရဲ့ ဌာနခွဲတစ်ခုလည်း ဖြစ်ပါတယ်။ Google က မကြာမီက Motorola ကို Lenovo ကို ရောင်းချလိုက်ပေမယ့် အဲဒီဌာနကို ဆက်လက် ထိန်းသိမ်းထားတာဖြစ်ပါတယ်။

Project Ara ကနေ Modular Smartphone တွေထုတ်လုပ်မှာ ဖြစ်ပါတယ်။ Modular Smartphone ဆိုတာ ဖုန်းရဲ့ အစိတ်အပိုင်းတွေကို ဖြုတ်တပ်လဲလှယ်လို့ရတာ ဖြစ်ပါတယ်။ ဥပမာအားဖြင့် စမတ်ဖုန်းက ကင်မရာကို ပိုမိုကောင်းမွန်တဲ့ ကင်မရာနဲ့ လဲလှယ်နိုင်မှာ ဖြစ်ပါတယ်။ အဲဒီအတွက် ဖုန်းအသစ်တစ်လုံး ၀ယ်စရာ မလိုတော့ပါဘူး။ Processor, GPU, Battery စတာတွေကိုလည်း ဖြုတ်တပ် လဲလှယ်နိုင်ပါတယ်။

Google က Modular Phone တွေကို Small, Medium, Large စသဖြင့် အရွယ်အစားမျိုးစုံ ထုတ်လုပ်မယ်လို့ကြေညာခဲ့ဖူးပါတယ်။ Development Kit မှာ Processor, Battery စတဲ့ ဖုန်းရဲ့ အစိတ်အပိုင်းတွေကို ထုတ်လုပ်ဖို့ လိုအပ်တဲ့ လမ်းညွှန်ချက်တွေ ပါရှိပါတယ်။

ဒါဟာ အစောပိုင်း ဗားရှင်းဖြစ်ပေမယ့် Developer တွေရဲ့ တုန့်ပြန်မှုတွေကို ရရှိဖို့ ရည်ရွယ်တာဖြစ်ပြီး ၂၀၁၄ ခုနှစ် အကုန်မှာ ဖြန့်ချီပေးမယ့် နောက်ဆုံး အဆင့် MDK အတွက် အထောက်အကူ ရရှိစေမှာဖြစ်တယ်လို့ Project Ara ရဲ့ အကြီးအကဲဖြစ်သူ Paul Eremenko က ပြောပါတယ်။

Development Kit ဟာ နောက်တစ်ပတ်ထဲမှာ Mountain View တွင် ကျင်းပမယ့် ပထမဆုံး Project Ara Developer’s Conference မတိုင်မီမှာ ထွက်ပေါ်လာတာဖြစ်ပါတယ်။ Conference မှာ Developer တွေက Development Kit နဲ့ ပတ်သက်တဲ့ တုန့်ပြန်မှုတွေကို ပေးနိုင်မှာ ဖြစ်ပြီး Google ရဲ့ Modular Phone များအတွက် စီစဉ်ထားတဲ့ စွမ်းဆောင်ချက်များကို သိနိုင်မှာ ဖြစ်ပါတယ်။

Conference ကို မတက်ရောက်နိုင်တဲ့ Developer များအတွက် တိုက်ရိုက်ရုပ်သံ ထုတ်လွှင့်ပေးမှာ ဖြစ်ပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *