Featured, News

Gmail အကောင့် ၅ သန်းဖောက်ခံရပြီးနောက် WordPress က အကောင့်တစ်သိန်း password ချိန်း

စက်တင်ဘာလအတွင်းက ဒုတိယပတ်လောက်မှာ ရှရှားအင်တာနက်ဖိုရမ်ဖြစ်တဲ့ Bitcoin ဖိုရမ်မှာ Gmail အကောင့် usernames နဲ့ passwords ပေါင်း ၅ သန်းလောက်ကို ဖိုရမ်ကတဆင့် တင်လိုက်တယ်။ ဒါကို Goolge က security အနေနဲ့ ဒီလိုအဖောက်ခံလိုက် ရတာ မဖြစ်နိုင်ဘူးပေါ့လို့ သတင်းတွေ ထုတ်ပြန်ပါတယ်။ ဒါပေမယ့်လည်း အကောင့် ၅ သန်းကတော့ အင်တာနက်မှာ မည်သူမဆို ဝင်ကြည့်လို့ရနေပါပြီ။ အဲဒီ အကောင့် ၅ သန်းထဲမှာ WordPress.com ကိုချိတ်ဆက်ထားတဲ့ အကောင့် တစ်သိန်းကျော် ပါဝင်ပါတယ်။ ဒါကြောင့် WordPress.com မှာ အကောင့်ပေါင်း သောင်းနဲ့ချီပြီး password ပြောင်းကြတယ်လို့ ပြောပါတယ်။ Google ကုမ္ပဏီက ပြောတာကတော့ ဒီလိုသူတို့ ကုမ္ပဏီရဲ့ လုံခြုံရေး ချိုးဖောက်ခံရတာဟာ WordPress နဲ့ ဘာမှမဆိုင်ပါဘူးလို့ တုန့်ပြန်ထားပါတယ်။ သူတို့အနေနဲ့လည်း ဖောက်ခံရတဲ့ အကောင့်တွေကို password တွေ နဲ့ သူတို့ပေးထားတဲ့ ညွှန်ကြားချက်နဲ့တကွ ပြောင်းကြဖို့ အီးမေးလ်တွေ ပို့ထားပါတယ်လို့ ပြောပါတယ်။ ဒီအချက်ကို ကြည့်ချင်းအားဖြင့် လူတိုင်း အွန်လိုင်းဆားဗစ်တွေကို သုံးတဲ့အခါမှာ မှတ်ရလွယ်အောင်ဆိုပြီး password ဆင်တူတွေ၊ သိပ်ပြီးမကွဲပြားတာတွေ ပေးခြင်းအားဖြင့် ဒီလိုမျိုး တစ်ခုက အဖောက်ခံလိုက်ရတဲ့အခါမှာ တစ်ခြားဆားဗစ်တွေ အတွက်ပါ ဖွင့်ရလွယ်ကူ သွားနိုင်ပါတယ်။ ဒါကြောင့် အဲလိုမျိုး မလုပ်ကြဖို့ Google က တိုက်တွန်းထားပါတယ်။ အဖောက်ခံရတဲ့ အကောင့်တွေကို အလိုအလျောက်စနစ်နဲ့ စစ်ကြည့်တဲ့အခါမှာ နောက်ဆုံးစစ်တဲ့ရလဒ်ကတော့ WordPress ကို create လုပ်ထားတဲ့ အကောင့်ပေါင်းဟာ ၆ သိန်းကျော်လောက်ထိ ရှိနေပြီလို့ သိရပါတယ်။
author-avatar

About Kaung Sint Aung

ခင်ဗျားမှာ ခံယူချက်ဆိုတာ မရှိသေးသရွေ့တော့ ဘယ်အရာကမှ အရေးကြီးမှာ မဟုတ်ပါဘူး။ ခံယူချက်ဆိုတာရှိနေပြီဆိုရင်တော့ အဲဒိခံယူချက်လောက် ဘယ်ဟာကမှ အရေးမကြီးတော့ပါဘူး။ Nothing really matters unless you have a code! May be sharing the things what I know to the audiences to be pleased is my code! Sincerely I am not a writer or author, I am learning how to write and sharing or translating what's going on over the world! Sometimes I combined my opinions or thinking to that articles. I'm really welcome of your some advises or opinions as your perspective about my articles, just point me out! It can really drive home to be a better writer or author to me! Thanks!

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *