ကျွန်တော်တို့ မြန်မာပြည်ကနေ Widnows 8 နဲ့ Windows 8.1 ကိုသုံးတဲ့သူတွေ အများစု ဒုက္ခအရောက်ဆုံး ကိစ္စကတော့ Windows Store ကို တရားဝင်သုံးလို့ရတဲ့ List ထဲမှာပါရဲ့သားနဲ့ ဝင်မရတဲ့ ပြဿနာပါ။ Store ဝင်မရတဲ့အတွက် Windows 8 နဲ့ 8.1 user တွေ တော်တော်လေး ဒုက္ခရောက်ပါတယ်။ Windows 8 မှာဆိုရင် 8.1 update free ပေးတာတောင် Store ဝင်မရတာနဲ့ update ကိုလက်လွတ်ရမလိုပါပဲ။ Windows Surface တွေတော့ တချို့ဝင်လို့ရတယ်လို့ အွန်လိုင်းမှာတွေ့တယ်။ ကိုယ်တိုင်တော့ မသုံးကြည့်ဘူးဖူး။ ကဲ လိုမယ့် ဆော့ဝဲလေးကတော့ များများစားစားမရှိပါဘူး။ ဒီလင့်မှာ ဒေါင်းလိုက်ပါခင်ဗျာ။ ဘယ်လိုလုပ်မလဲဆိုတာ အချုပ်အရင် ပြောမယ်နော်.. ရိုးရိုးရှင်းရှင်းလေးပါပဲ၊ မြန်မာပြည်က ဝင်မရလို့ တခြားနိုင်ငံကနေ ဝင်သလိုမျိုးလုပ်မှာပါ။ vpn ပေါ့ သုံးတဲ့ app ပေါ်မူတည်ပြီး နိုင်ငံရွေးချယ်မှုကွဲပါမယ်။ ဒီအောက်က လင့်ကတော့ အဆင်ပြေမှာပါ။ ကိုယ်တိုင်လည်း လက်ရှိသုံးနေတာဆိုတော့။
http://openvpn.net/index.php/access-server/download-openvpn-as-sw/357.html
ပုံထဲကအတိုင်း Windows ဖြစ်တဲ့အတွက် အပေါ်ဆုံးကဟာကို ဒေါင်းလိုက်ပါ။ တခြား vpn တွေလည်းရှိပါသေးတယ်.. ကိုယ်နဲ့အဆင်ပြေတာ သုံးကြည့်လို့ရပါတယ်။ ဒါလေးကတော့ အလကားရတဲ့ ဟာလေးပါ။ အင်စတောလုပ်ပြီးရင် နောက်တစ်ခု ဒေါင်းရပါအုံးမယ်.. http://www.vpnbook.com/ ဒီဆိုက်ဒ်ထဲမှာ
ပုံထဲကအတိုင်း ၄ ခု ဒေါင်းလို့ရပါတယ်။ Recommend ပေးချင်တာက အောက်ဆုံးက US Server လေးပါ။ အပေါ်လေးမှာပဲ Username နဲ့ Password ကိုပေးထားပါတယ်။ Username ကတော့ အမြဲတန်း vpnbook ပဲ။ Password ကတော့ ၁၅ ရက်တစ်ခါလောက်ပြောင်းတယ်။ စိတ်မပူပါနဲ့ ပြောင်းသွားရင်လည်း ဒီဆိုက်ဒ်ထဲ ဝင်ပြီးပြန်ကြည့်လို့ ရပါတယ်။ ဒါဆို tools စုံသွားပါပြီ။ Openvpn Client ကိုပုံထဲကအတိုင်း ဖွင့်လိုက်ပါခင်ဗျား။
စစချင်းဖွင့်ရင် Connection Profiles မှာ ဘာမှမရှိတဲ့အတွက် ဘေးက + လက္ခနာလေးကို နှိပ်လိုက်ပြီး Add ရမှာပါ။ ပြီးရင် Import Profile ဆိုတဲ့ box ကျလာပါလိမ့်မယ်။ အဲ့ထဲက Local file ကိုရွေးပေးရမှာပါ။ Import ကိုနှိပ်ရင် ဖိုင်လမ်းကြောင်း တောင်းပါလိမ့်မယ်.. ပြီးရင် ဒေါင်းလုပ်ဆွဲထားတဲ့ ( USA Server) compressed ဖိုင်ကို ဖြည်ချထားတဲ့အထဲ သွားလိုက်ပါ။ ၄ ခုရှိပါတယ်. အောက်ဆုံးက udp25000 ဆိုတာလေးကိုရွေးလိုက်ပါ။ ဒါဆိုရင် Local file ဝင်သွားပါပြီ။ အဲဒိအပေါ်ကိုနှိပ်လိုက်ပါ။ ဒီအောက်ကပုံလေး တက်လာပါလိမ့်မယ်။
ပုံထဲကအတိုင်း ဖြည့်ပေးလိုက်ပါ။ ပြီးရင် Login ပေါ့။ သေချာချင်လို့ရှင်ရင် Browser ကိုသွား http://www.ip-1.com/ ဒီလင့်မှာ ကိုယ့်ရဲ့ ip information ရလိမ့်မယ်။ Login မလုပ်ခင် ဒီလိုပြလိမ့်မယ်။ ( Myanmar )
ပြီးရင် Login လုပ်လိုက်ပါ။ ဒါဆိုရင် ဒီလိုမျိုးတဆင့်ချင်း ပေါ်လာပါလိမ့်မယ်။
နောက်ဆုံး ဒီလိုပေါ်လာရင်ရပါပြီ။ ခုနက ip information လင့်မှာ Refresh လုပ်လိုက်ပါ။ အောက်ကပုံလို ပေါ်ပြီဆိုရင်တော့ ရသွားပါပြီ။
ခင်ဗျားအခု အမေရိကန်ကသုံးနေတဲ့လူ ဖြစ်သွားပြီ။ ဒါဆို Store ကိုချိတ်ကြည့်မယ်။ အောက်ကပုံထဲကလို မြင်သေးရင်တော့
အဲဒါ Connection မကောင်းလို့ပါ။ Retry ပြန်လုပ်ပေးပါ။ ဒီလိုပေါ်လာပါလိမ့်မယ်။
အောက်ကလိုပေါ်နေသေးရင်တော့
အဲဒါ Store က အရင် Myanmar ip နဲ့ပဲဖြစ်နေလို့။ Run Box ကနေပြီး WSReset.exe ကိုရိုက်လိုက်ရင်တော့ Store ထဲ Reset လုပ်ပြီးဝင်သွားပါလိမ့်မယ်။ ဒါမှမဝင်သေးရင်တော့ Control Panel ထဲက Region မှာ Myanmar ဖြစ်နေရင် United State ပြောင်းပေးရမှာပါ။ ( အရှေ့မှာ Server down တုန်းက တခြားနိုင်ငံဆိုရင် အဲဒိနိုင်ငံအမည်ကို ရွေးပေးပါ။ တူမှရမှာမိုလို့ပါ။) ပြီးရင် Restart ချပြီးမှ ပြန်ချိတ်လိုက်ပါ။ မချရင် တခါတလေ ချိတ်မရတာ ဖြစ်တတ်လို့ပါ။ Step တွေအကုန်လုံးမှန်ခဲ့ရင်တော့ စိတ်ရှည်ရှည်နဲ့ထိုင်စောင့်နေ လိုက်ပါ။ မြန်မာပြည်ကော်နက်ရှင်နဲ့ ဆိုတော့ ကော်ဖီသွားဖျော်လို့ မှီပါသေးတယ်.. ပျော်ရွင်ကြပါစေ။ ရသွားရင်တော့ ဒီလိုမြင်ကြရမှာပါ။