အားလုံးမျှော်လင့်နေကြတဲ့ Appleရဲ့ မျိုးဆက်သစ် iPhone 5Sကတော့ လာမယ့် ရက်သတ္တပတ်ထဲ ထွက်ရှိလာတော့မှာ ဖြစ်ပါတယ်။ Appleအနေနဲ့ ဖိတ်စာတွေကို ပေးပို့ဖိတ်ကြားခဲ့ပြီး “စက်တင်ဘာ ၁၀ရက်နေ့ မနက် ၁၀နာရီမှာ အားလုံးရဲ့ နေ့ရက်တွေကို တောက်ပလာစေမှာ ဖြစ်ပါတယ်။”ဟု လည်းရေးသား ထားပါတယ်။ ဂျာနယ်လစ်များကို ပွဲတက်ရောက်ဖို့ ဖိတ်ကြားထားခြင်း ဖြစ်ပြီး မနက်စာ၊ ကော်ဖီတို့ဖြင့် တည်ခင်းဧည့်ခံမှာ ဖြစ်ပါတယ်။
ထွက်ရှိထားတဲ့ သတင်းတွေသာ တကယ်မှန်ကန် ခဲ့မယ်ဆိုရင် ကျွန်တော်တို့ အနေနဲ့ အဆိုပါပွဲမှာ iPhoneအသစ် နှစ်လုံးကို တွေ့မြင်ရမှာပါ။ iPhone 5Sနဲ့ Budget iPhoneဆိုတဲ့ iPhone 5Cပေါ့။ တကယ်လို့ အဆိုပါ စမတ်ဖုန်း နှစ်လုံးစလုံး တစ်နေ့တစ်ရက်တည်း မှာတင် မိတ်ဆက်ပွဲထုတ် ခဲ့မယ် ဆိုရင် Appleအနေနဲ့ မတူညီတဲ့ iPhoneနှစ်လုံးကို တစ်ပြိုင်တည်း ကြေညာတဲ့ ပထမဆုံး ပွဲတစ်ခုဖြစ်လာမှာပါ။
သတင်းတွေအရတော့ iPhone 5Sဟာ ရွေှရောင်ကာလာနဲ့ ထွက်လာမှာ ဖြစ်ပြီး လက်ဗွေဖတ်တဲ့ စနစ်ပါ၀င်မယ်လို့ လည်းသိရပါတယ်။ ဒါ့အပြင် iPhone 5Cဟာလည်း အရောင်စုံ အသွေးစုံ ဖြစ်ပြီး မကြာသေးခင်ကမှ ထွက်ရှိထားတဲ့ ဓာတ်ပုံတွေ အရ အပြာ၊ အစိမ်း၊ အဝါ၊ ပန်းရောင်နဲ့ အဖြူ စသဖြင့် တွေ့မြင်ခဲ့ရပါတယ်။
နောက်တစ်ချက်က Appleရဲ့ ဖိတ်စာမှာ အသုံးပြု ထားတဲ့ Dotတွေနဲ့ စာလုံးပုံစံတွေဟာ iOS 7ရဲ့ Themeတွေ၊ ပုံစံတွေနဲ့ ဆင်တူနေတယ်လို့ သိရပါတယ်။ iOS 7ဟာ Betaဗားရှင်းတွေ အနေနဲ့ ထွက်ရှိထားခဲ့ပြီး အခု မိတ်ဆက်မယ့် Deviceအသစ်တွေမှာတော့ iOS 7ကို အသုံးပြုတာ တရား၀င် ပွဲထုတ် သွားနိုင်ဖွယ် ရှိနေပါတယ်။ Appleကတော့ မူရင်းiPhoneတွေရဲ့ OSနဲ့ ယှဉ်ရင် အကြီးမားဆုံးသော iOSပြောင်းလဲမှု တစ်ခုပဲ ဖြစ်တယ်လို့ ဆိုထားပါတယ်။
ဒါ့အပြင် အဆိုပါ ဖိတ်စာတွေဟာ Appleရဲ့ “iPhoneအဟောင်းတွေကို အသစ်နဲ့ လဲပေးတဲ့ အစီအစဉ်”ကို ကြေညာပြီး ရက်အနည်းငယ်မှာတင် ထွက်ရှိလာခဲ့တာပါ။ ဒါကြောင့်မို့ Customerတွေ အနေနဲ့ လက်ရှိ စမတ်ဖုန်းကို ငွေကြေးအလိုက်ပေးပြီး အခြားModel စမတ်ဖုန်းတစ်လုံးနဲ့ လဲလှယ်ဖို့ အခွင့်အရေးမှာ ပိုမို၀မ်းသာ စရာပဲ ဖြစ်ပါတယ်။ iPadအသစ်နဲ့ iPad miniကတော့ အောက်တိုဘာမှာ ကျင်းပနိုင်ဖွယ် ရှိတဲ့ အခြားပွဲတစ်ခုမှာ မိတ်ဆက်သွားမှာ ဖြစ်တာကြောင့် ဒီတစ်ပတ်ထဲ လုပ်မယ့်ပွဲမှာတော့ iPadတွေ ပါ၀င်မှာ မဟုတ်ပါဘူး။