Apps, Mobile, News, Review

Apple က သီချင်းများကို ခွဲခြားပြီး အမည်ဖော်ပေးနိုင်တဲ့ နည်းပညာကို iOS တွင် ထည့်သွင်းမည်

Apple က သီချင်းများကို ခွဲခြားပြီး အမည်ဖော်ပေးနိုင်တဲ့ နည်းပညာကို iOS တွင် ထည့်သွင်းဖို့ ပြုလုပ်နေတယ်လို့ Bloombergက ဆိုတယ်။ iPhone, iPad အသုံးပြုသူများဟာ ဖွင့်ထားတဲ့ သီချင်းကို မိုက်ကရိုဖုန်းကနေ ဖမ်းယူနိုင်ပြီး iOSက သီချင်းကို သိရှိဖော်ပြပေးနိုင်မှာ ဖြစ်ပါတယ်။ Apple က အဲဒီစွမ်းဆောင်ချက်ကို ထည့်သွင်းဖို့ Shazam Entertainment နဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ အတွင်းသတင်း သိသူများထံမှ သိရကြောင်း၊ Shazamက လက်ရှိမှာ အောင်မြင်နေတဲ့ ကိုယ်ပိုင် App တစ်ခု ရှိထားပြီး သီချင်းများကို ခွဲခြားဖော်ပြပေးနိုင်ပါတယ်။ ဒါကြောင့် Appleက Shazam Appရဲ့ စွမ်းဆောင်ချက်ကို iOS မှာ ထည့်သွင်းချင်နေတာ ဖြစ်မယ်လို့ ဆိုတယ်။

Shazamမှာ ကိုယ်ပိုင် Database ရှိပြီး ဖွင့်ထားတဲ့ သီချင်းကို သူ့ရဲ့ Database နဲ့ တိုက်ဆိုင် စစ်ဆေးပြီး သီချင်းများကို ခွဲခြားပေးတာ ဖြစ်ပါတယ်။ Shazam ကို လစဉ်အသုံးပြုသူ သန်း ကိုးဆယ်ကျော် ရှိပါတယ်။ App ကို အခမဲ့ အသုံးပြုခွင့်ပေးထားပေမယ့် ကြော်ငြာတွေကိုတော့ မြင်ရပါလိမ့်မယ်။ ဒေါ်လာ ၅.၉၉ နဲ့ ၀ယ်ယူရင်တော့ မျက်စိရှုပ်မဲ့ ကြော်ငြာတွေကို ဖယ်ရှားပေးမှာ ဖြစ်ပါတယ်။

အကယ်၍ iOS မှာ အဲဒီစွမ်းဆောင်ချက်တွေပါလာပါက iOS အသုံးပြုသူတွေဟာ Shazamနဲ့အတူ အခြား Appတွေ ဒေါင်းလုပ် ရယူပြီး အသုံးပြုစရာ မလိုတော့ပါဘူး။ Siri ကိုယ်ရေး လက်ထောက်ကနေ လွယ်လင့်တကူ​ စေညွှန်းခိုင်းစေနိုင်မှာလို့လည်း ဆိုထားပါတယ်။ ဥပမာ လက်ရှိ Siriကို အသုံးပြုသလို “What song is playing?”လို့ အသံနဲ့ မေးလိုက်တာနဲ့ ကိုယ်ရေးလက်ထောက်က အသံနဲ့ ပြန်ဖြေပေးမှာ ဖြစ်ပါတယ်။

Apple ရဲ့ နောက်ထုတ်မယ့် iOS 8 ကို ဇွန်လမှာ ပြုလုပ်မယ့် Apple ရဲ့ Worldwide Developers Conference မှာ ပြသမယ်လို့ မျှော်လင့်ရပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *