Apps, How-to, Review

Windows 7 & 8ရဲ့ Boot Timeကို တိုင်းတာပေးမယ့် Freeware များ

၀င်းဒိုးကွန်ပြူတာမှာ ဆော့ဝဲတွေ ထည့်သွင်းတာများလာတာနဲ့အမျှ စက်က လေးလံလာတတ်ပါတယ်။ ဘာလို့လဲဆိုတော့ ဆော့ဝဲ အများစုက ကွန်ပြူတာ Boot တက်ချိန်မှာ Runအောင် ပြုလုပ်ထားလို့ပါပဲ။ ဆော့ဝဲတွေ ထည့်တာ များလာတာနဲ့အမျှ Boot တက်ချိန်သာမက ကွန်ပြူတာရဲ့ စွမ်းဆောင်ရည်ပါ ကျဆင်းလာပါတယ်။ ဆော့ဝဲတွေက Backgroundမှာ အလုပ် လုပ်နေလို့ ဖြစ်ပါတယ်။

၀င်းဒိုး Boot တက်ချိန်မှာ Runတဲ့ ဆော့ဝဲတွေကို Startup Programလို့ ခေါ်ပါတယ်။ အဲဒီ Programတွေကို Boot တက်ချိန်မှာ မ Runအောင် ပြုလုပ်နိုင်ပါတယ်။ ၀င်းဒိုးမှာ နဂိုပါတဲ့ MSConifg Utilityနဲ့ အခြား ဆော့ဝဲတွေဖြစ်တဲ့ WinPatrol, CCleanerတို့ကို အသုံးပြုနိုင်ပါတယ်။ အခုဆောင်းပါးမှာတော့ ၀င်းဒိုး Boot တက်ချိန်ကို တိုင်းတာပေးနိုင်တဲ့ Freewareတွေအကြောင်းကို ရေးပေးလိုက်ပါတယ်။

Windows Boot Timer
Windows Boot Timerက ကွန်ပြူတာ ဖွင့်ချိန်မှာ Memoryမှာ နေရာယူလိုက်ပါတယ်။ System Process အားလုံးကို Load လုပ်ပြီးတာနဲ့ Windows Boot Timerက System Memoryကနေ ဖယ်ရှားပေးမှာ ဖြစ်ပြီး Boot Timeကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။ Windows Boot Timerကို အင်စတော လုပ်စရာ မလိုပါဘူး။ Exe ဖိုင်ကို နှစ်ချက်နှိပ်ပြီး ကွန်ပြူတာကို Restart လုပ်ပါ။ Restart လုပ်ပြီးရင် Boot Timeကို ဖော်ပြပေးပါလိမ့်မယ်။

BootRacer
BootRacerကလည်း ၀င်းဒိုးရဲ့ Boot Timeကို တွက်ချက်ပေးနိုင်ပါတယ်။ BootRacerရဲ့ အဓိက စွမ်းဆောင်ချက်က ၀င်းဒိုး Boot Timeကို အပြည့်အ၀ ထိန်းချုပ်နိုင်တာ ဖြစ်ပါတယ်။

Soluto
Solutoက ၀င်းဒိုး Boot Timeကို တွက်ချက်ပေးမှာ မဟုတ်ပါဘူး။ သူက ၀င်းဒိုး Boot တက်ချိန်မှာ မလိုအပ်တဲ့ Program or Serviceများကို နှောင့်နှေးစေခြင်းအားဖြင့် ၀င်းဒိုး Boot Timeကို လျှင်မြန်စေမှာ ဖြစ်ပါတယ်။ ၀င်းဒိုး Boot တက်ပြီးမှ Program or Serviceများကို Runစေမှာ ဖြစ်ပါတယ်။

Boot Analyzer
Boot Analyzerက ကွန်ပြူတာ Boot တက်ချိန်နဲ့ ပတ်သက်တဲ့ အသေးစိတ် သတင်းအချက်အလက်များကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။ User Interfaceက ရိုးရှင်းပြီး အသုံးပြုရလွယ်ကူပါတယ်။ အဓိက ၀င်းဒိုးမှာ Boot တက်ချိန်ရဲ့ ရက်စွဲ၊ အချိန်နဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက်များကို Graphနဲ့ ပြသပေးထားပါတယ်။ Boot တက်ချိန်နဲ့ ပတ်သက်တဲ့ Historyတွေကိုလည်း သိမ်းဆည်းပေးထားပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *