အမေရိကန်အခြေစိုက် ကမ္ဘာကျော် ကုမ္ပကြီးဖြစ်တဲ့ Appleအနေနဲ့ ပြိုင်ဘက်တွေရဲ့ ကျော်တက်ခြင်းကို ခံနေရပါတယ်။ Apple ရဲ့စတော့ရှယ်ယာတွေဟာလည်း ဒေါ်လာခုနစ်ရာကနေ ဒေါ်လာလေးရာအထိ ထိုးကျခဲ့ပါတယ်။ ဒါတွေ ဘာကြောင့် ဖြစ်လာခဲ့လဲဆိုတော့ Apple အနေနဲ့ Product အသစ်တွေ ထုတ်လုပ်နိုင်ခြင်း မရှိခဲ့လို့ပါပဲ။ CEO Tim Cookကတော့ Apple ပရိသတ်တွေအတွက် “မကြာမီ လာမည်မျှော်…”လို့ ပြောကြားခဲ့ပါတယ်။ လာမယ့် ၁၂လအတွင်း Apple ပစ္စည်းသစ်တွေကို ကြေညာ ထုတ်ပြန်သွားမှာ ဖြစ်ပါတယ်။ ၁၂လအတွင်းဆိုတော့ ၂၀၁၄ထဲမှာ ဖြစ်မှာပေါ့ခင်ဗျာ။
နံပါတ်တစ် အနေနဲ့တော့ iOS 7ကို ပြင်ဆင်မှုတွေ ထပ်မံပြုလုပ်ပြီး ထုတ်လုပ်သွားပါမယ်တဲ့။
အဆိုပါ iOS 7 မှာလည်း iTunes Radio ပါ၀င်လာပါတယ်။ Apple ရဲ့ပထမဦးဆုံး Ad-supported Streaming Service ဖြစ်ပြီးတော့ လူကြိုက်များဦးမယ်လို့ Appleက ခန့်မှန်းထားပါတယ်။
စက်တင်ဘာလထဲမှာ အားလုံးမျှော်နေကြတဲ့ iPhone 5S ထွက်ရှိလာမှာပါတဲ့ ခင်ဗျာ။
တန်ဖိုးနည်း iPhoneတွေကိုလည်း အရောင်အသွေး စုံစုံလင်လင်နဲ့ စက်တင်ဘာလထဲမှာပဲ ထုတ်လုပ်မှာပါ။ အရမ်းကြီးတော့ ဈေးနည်းမှာ မဟုတ်ပါဘူး။ သုံးထားတာ ပလတ်စတစ် ကာဗာဆိုပေမယ့် တကယ့်ကိုအကြမ်းခံတဲ့ နည်းပညာတွေနဲ့ Quality ကောင်းကောင်းထုတ်လုပ်သွားမှာပါ။ ဒါမှလည်း Appleရဲ့ Imageကို ထိန်းထားနိုင်မှာပေါ့။
Tablet သမားတွေအတွက် iPad 5ကိုလည်း အောက်တိုဘာလထဲမှာ ထုတ်ပြန် ကြေညာသွားမှာပါ။ အရွယ်အစားလည်းကြီးမား၊ စွမ်းဆောင်ရည်လည်းပိုမိုမြင့်မားတဲ့အပြင် ပါးလွှာပြီးပေါ့ပါးတယ်လို့ သိရပါတယ်။
မကြာသေးခင်က iPad Miniတွေ ထုတ်လုပ် ဖြန့်ချိခဲ့ပေမယ့် သိပ်ပြီး မအောင်မြင်ခဲ့ပါဘူး။ Appleဟာ ဒါတွေကို ဖြေရှင်းဖို့အတွက် iPad Miniကို Update လုပ်မယ့် အစီအစဉ်လည်း ရှိပါတယ်။
iPad Miniမှာ Sensorနဲ့ အမြင်အာရုံကို ဖမ်းပြီး Retina Display လုပ်မယ့် Functionလည်း ပါ၀င်လာတော့မှာ ဖြစ်ပါတယ်။
Appleရဲ့ iWatchဟာ ၂၀၁၄ ခုနှစ်ထဲမှာ ထုတ်လုပ်တော့မှာပါ။ Smart Watch တစ်လုံးဖြစ်ပြီး အခုခေတ်စားနေတဲ့ “၀တ်ဆင်လို့ရတဲ့ နည်းပညာများ”ထဲက ထိပ်တန်းကနေ ဦးဆောင်မယ့် Product တစ်ခုလည်း ဖြစ်ပါတယ်။ ကျန်းမာရေးနဲ့ Fitnessတွေမှာ အထူးအသုံး၀င်မှာ ဖြစ်ပြီးတော့ ဈေးနှုန်းလည်း မြင့်မားမယ်လို့ ခန့်မှန်းရပါတယ်။
ဒီတစ်ခုကတော့ Apple Televisionပဲ ဖြစ်ပါတယ်။ 2014 မှာတောင် ထွက်ရှိဖို့ မသေချာသေးပါဘူး။ Appleရဲ့ ထုံးစံအတိုင်း ကောင်းကောင်းမွန်မွန် အဆင့်မြင့်မြင့် ထုတ်လုပ်ချင်လို့ အချိန်ယူနေတာပဲ ဖြစ်ပါတယ်။ Apple TVနဲ့ ပတ်သက်တဲ့ သတင်းတွေကတော့ သိပ်ပြီး မထွက်ရှိသေးပါဘူး။
Screen အကြီးတွေ ခေတ်စားနေတဲ့ Smartphone လောကမှာ Appleဟာလည်း Screen အကြီးစားဖုန်းတွေကို ၂၀၁၄ထဲမှာ ထုတ်လုပ်သွားမှာပါ။ လေ့လာသူတွေကတော့ Appleက Screen အကြီးစားဖုန်းတွေ ထုတ်လာခဲ့ရင် အနည်းဆုံး ငါးလက်မခွဲကျော်လောက် ရှိမယ်လို့ ပြောနေကြပါတယ်။
Ref: www.businessinsider.com/apples-schedule-2013-7#dont-miss-11