Featured, News, Review

Appleမကြေညာခဲ့တဲ့ အရာများ

Appleမကြေညာခဲ့တဲ့ အရာများ

Appleက သူ့ရဲ့ ရုံးချုပ်တည်ရှိရာ Cupertino, Califရှိ Flint Centerမှာ ကြီးကျယ်ခမ်းနားတဲ့ မီဒီယာတွေ့ဆုံပွဲ ပြုလုပ်ခဲ့ပြီး iPhone 6, Apple Watch, Apple Payအပါအ၀င် ကြေညာမှုများစွာ ပြုလုပ်ခဲ့ပါတယ်။ စိတ်လှုပ်ရှားမှုများနဲ့ ပြည့်နှက်နေပေမယ့် ချန်လှပ်ထားတာတွေလည်း ရှိနေပါတယ်။

iPod Touch and Apple TV

Appleက iPod Touchနဲ့ Apple TVတို့ကို ကြေညာခြင်း မရှိခဲ့ပါဘူး။ iPodကတော့ MP3 Playerအဖြစ် အသုံးပြုနိုင်တဲ့ သေးငယ်တဲ့ ကိရိယာလေးပါ။ Apple TVက အင်တာနက်မှ ရုပ်ရှင်တွေကို တီဗီသို့ ထုတ်လွှင့်ပေးနိုင်တဲ့ ကိရိယာလေးပါပဲ။ Apple TVဟာ Updateပြုလုပ်ပေးဖို့ လိုအပ်နေပြီး နှစ်နှစ်ကြာ Updateပြုလုပ်ပေးခဲ့ခြင်း မရှိပါဘူး။

iPad

iPad အသစ်ရဲ့ အရိပ်အရောင်ကိုလည်း မမြင်ရပါဘူး။ ထုံးစံအရဆိုရင်တော့ အောက်တိုဘာလမှာ တက်ဘလက်အသစ်များကို မိတ်ဆက်မှာဖြစ်ပါတယ်။ တက်ဘလက် အသစ်များဟာ iPhoneများလို ပိုမိုကြီးမားလာပြီး Touch ID Fingerprint Sensorပါလာမယ်လို့ သတင်းထွက်နေပါတယ်။

Appleဟာ ဆဌမမျိုးဆက် iPod Touchနဲ့ Apple TVအသစ်ကို အဲဒီအခါကျမှ မိတ်ဆက်ဖို့ ချန်လှပ်ထားတာ ဖြစ်နိုင်ပါတယ်။

အခြားအရာများ

• Mac OS X Yosemiteထွက်ရှိမယ့်နေ့ရက်
• iPhone Cameraများအတွက် Megapixel Sizeကို တိုးမြှင့်မှု
• iPhoneအသစ်များအတွက် သလင်းကျောက်မျက်နှာပြင်များ
• စမတ်နေအိမ်နည်းပညာအတွက် HomeKitနဲ့ ပတ်သက်တဲ့ အသေးစိတ်ရှင်းလင်းချက်များ

ချန်လှပ်ထားတာတွေထဲက စိတ်၀င်စားစရာ အကောင်းဆုံးက Appleဟာ အရွယ်သေး iPhoneပရိသတ်များအတွက် လေးလက်မ စမတ်ဖုန်းတွေကို ထုတ်လုပ်ပေးအုံးမလား ဆိုတာပါပဲ။ Appleက အရွယ်သေး စမတ်ဖုန်းများကို ရပ်နားလိုက်ပြီလို့ မကြေညာသေးပေမယ့် အရွယ်ကြီး စမတ်ဖုန်းများကို ကြေညာလိုက်တဲ့အတွက် စိတ်၀်ငစားစရာကောင်းနေပါပြီ။ အရွယ်သေး အိုင်ဖုန်းတွေကို မကြာမီမှာပဲ ရပ်နားကောင်း ရပ်နားလိုက်နိုင်ပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *