News, Review

နာမည်ကျော်များရဲ့ ဓါတ်ပုံများ ခိုးယူခံရအပြီးမှာ Appleက iCloud Securityကို တိုးမြှင့်မည်

နာမည်ကျော်များရဲ့ ဓါတ်ပုံများ ခိုးယူခံရအပြီးမှာ Appleက iCloud Securityကို တိုးမြှင့်မည်

Appleက လုံခြုံရေး အသိပေးချက် အသစ်များကို မိတ်ဆက်တော့မှာပါ။ မကြာမီက ဖြစ်ပွားခဲ့တဲ့ ဟက်ကာတွေက နာမည်ကျော် မင်းသမီးများရဲ့ ဓါတ်ပုံများကို ခိုးယူပြီး အွန်လိုင်းမှာ ဖြန့်ချီခဲ့တဲ့ iCloudဖောက်ထွင်းခံမှုကြောင့် Appleဟာ စားသုံးသူတွေကို iCloudကို ဘယ်လိုသုံးရမလဲဆိုတာ သင်ကြားပေးတော့မှာပါ။

CEO Tim Cookက လူတစ်ယောက်က Apple Accontမှာ Passwordပြောင်းရင်၊ အကောင့်မှာ မှတ်ပုံတင်ထားခြင်းမရှိတဲ့ Deviceတစ်ခုမှာ iCloudဒေတာတွေ ရယူရင်၊ Deviceအသစ်တစ်ခု iCloudကို Login ၀င်ရင် စားသုံးသူတွေကို အီးမေးပေးပို့ခြင်းနဲ့ မိုဘိုင်းဖုန်းများထံသို့ Notificationများ ပေးပို့ခြင်းတို့ကို ပြုလုပ်ပေးတော့မယ်လို့ Wall Street Journalကို ပြောပါတယ်။

Cookက ဟက်ကာများ နာမည်ကျော်များရဲ့ လုံခြုံရေး မေးခွန်းများရဲ့ အဖြေများကို ဘယ်လို မှန်းဆခဲ့လဲဆိုတာ ရှင်းပြခဲ့ပြီး မူလက ကြေညာခဲ့တဲ့ နာမည်ကျော်များကိုသာ အဓိက ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုရဲ့ သတင်းအချက်အလက်များကို ထပ်မံပြောကြားခဲ့ပါတယ်။

လုံခြုံရေး တိုးမြှင့်လိုက်တဲ့ အပြင် Cookက Appleဟာ စားသုံးသူတွေကို သတင်းအချက်အလက်တွေ ပံ့ပိုးပေးဖို့ လိုနေတယ်လို့ ပြောပါတယ်။ နည်းပညာသာမက အဲဒီလိုအပ်ချက်ကိုပါ အဆင့်မြှင့်ဖို့လိုပါတယ်တဲ့။

“ဆိုးရွားလှတဲ့ ဖြစ်ရပ်အပြီးမှာ ဘာတွေလိုအပ်နေလဲဆိုတာ စဉ်းစားကြည့်တဲ့အခါမှာ နားလည်သိရှိမှုဆိုတဲ့ အရာကို တွေ့ရပါတယ်။ စားသုံးသူတွေကို အသိပညာပေးမှုအတွက် ကျွန်တော်တို့မှာ တာ၀န်ရှိပါတယ်။ ဒါဟာ အင်ဂျင်နီယာတွေရဲ့ အလုပ်လို နည်းပညာ မဆန်ပါဘူး။”လို့ သူက သတင်းစာကို ပြောပါတယ်။

သူက Appleဟာ လာမယ့် နှစ်ပတ်အတွင်းမှာ စားသုံးသူတွေကို သတိပေးဖို့ Push Notificationတွေကို အသုံးပြုတော့မယ်လို့ ပြောပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *