Featured, Mobile, News, Review

iPhone 6နဲ့ iPhone 6 Plus တို့ရဲ့ ကွာခြားချက်များ

iphone 6 vs iphone 6 plus

Appleရဲ့ သတင်းထူးကတော့ iPhone 6နဲ့ iPhone 6 Plusဆိုတဲ့ iPhoneအမျိုးအစားနှစ်ခုကို ကြေညာလိုက်တာပါ။ အဲဒီ ဖုန်းနှစ်မျိုးရဲ့ ကွာခြားချက်ကို နှိုင်းယှဉ် ဖော်ပြလိုက်ပါတယ်။

ဈေးနှုန်း ( Contract )

iPhone 6: $199 for 16GB, $299 for 64GB, $399 for 128GB. All with two-year contract.
iPhone 6 Plus: $299 for 16GB, $399 for 64, $499 for 128GB with two-year contract.

ဈေးနှုန်း ( SIM Card မပါ)

iPhone 6: $649 for 16GB, $749 for 64GB, $849 for 128GB
iPhone 6 Plus: $749 for 16GB, $849 for 64GB, $949 for 128GB

အရောင်နဲ့ ဒြပ်၀တ္ထုများ

iPhone 6: ၄.၇ လက်မ မျက်နှာပြင်ကို အသုံးပြုထားပြီး ထောင့်ချိုးတွေမှာ လုံး၀န်းအောင် ပြုလုပ်ထားပါတယ်။ ၆.၈ မီလီမီတာ သတ္တုကိုယ်ထည် တပ်ဆင်ထားပါတယ်။ ငွေ၊ ရွှေနဲ့ အညိုရောင်များ ထုတ်လုပ်ပေးထားပါတယ်။ အနောက်ဘက်ကို အလူမီနီယမ်နဲ့ စတီးကို အသုံးပြုထားပြီး မျက်နှာပြင်မှာတော့ Appleက ion-strengthened glassလို့ ခေါ်တဲ့ အရာကို တပ်ဆင်ထားပါတယ်။ အကြမ်းခံတဲ့ ဒြပ်ထု တစ်ခု ဖြစ်ပါလိမ့်မယ်။
iPhone 6 Plus: ၅.၅ လက်မ မျက်နှာပြင် တပ်ဆင်ထားပြီး ၇.၁ မီလီမီတာ အထူရှိပါတယ်။ ငွေ၊ ရွှေနဲ့ အညိုရောင်များ ထုတ်လုပ်ပေးထားပါတယ်။ လုံး၀န်းတဲ့ ခလုတ်များ၊ လုံး၀န်းတဲ့ ထောင့်ချိုးများနဲ့ အစွန်းထွက်နေတဲ့ ကင်မရာ ပါရှိပါတယ်။ အလူမီနီယမ်နဲ့ စတီးတို့ကိုပဲ အသုံးပြုထားပြီး ion-strengthened glassပါပဲ။

ကင်မရာ

iPhone 6: 8MP Cameraက 1080p Videoများကို ရိုက်ကူးပေးနိုင်ပြီး တစ်စက္ကန့်လျှင် ၆၀ ဖရိမ်နှုန်းနဲ့ပါ။ အနှေးဗီဒီယိုများကို တစ်စက္ကန့်လျှင် ၂၄၀ ဖရိမ်နှုန်းနဲ့ ရိုက်ကူးပေးနိုင်ပါတယ်။ True-Tone Flash တပ်ဆင်ထားပြီး 1.5 micron pixels, f/2.2 aperture, focus pixelsစတာတွေ ပါရှိပါတယ်။ ယခင်မျိုးဆက်ထက် Auto-focus ပြုလုပ်ရာမှာ နှစ်ဆလျှင်မြန်လာပါတယ်။ ယခင်မျိုးဆက်ဆိုတာ iPhone 5Sကို ဆိုလိုတာပါ။ iPhone 6မှာ Digital Image Stabilization, Cinematic Video Stabilizationနည်းပညာများပါရှိပြီး မျက်နှာကို အာရုံခံရာမှာ ပိုမိုကောင်းမွန်လာပါတယ်။ Selfieဓါတ်ပုံများစွာကို တစ်ပြိုင်နက် ရိုက်ကူးနိုင်တဲ့ Burst Modeနဲ့ Single Shot HDR Photoများ ရိုက်ကူးနိုင်ပါတယ်။

iPhone 6 Plus: Appleက ဒီဇိုင်းထုတ်ထားတဲ့ Image Signal Processor(ISP)က တုန်ခါမှုနဲ့ အလင်းရောင်နည်းပါးမှုကို ကူညီပေးနိုင်ပါတယ်။ 8MP Cameraမှာ True-Tone Flash, 1.5micron pixels, f/2.2 apertureတို့ ပါရှိပါတယ်။ Sensorအသစ်တွေက Autofocusပြုလုပ်ရာမှာ ပိုမိုမြန်ဆန်လာပြီး မျက်နှာကို အာရုံခံရာမှာ ပိုကောင်းလာပါတယ်။ ကင်မရာက Panoramaဓါတ်ပုံများကို 43Megapixelအထိ ရိုက်ကူးပေးနိုင်ပါတယ်။ Optical Image Stabilization, Burst Selfie Modeတို့ ပါရှိပါတယ်။ 1080p Videoများကို တစ်စက္ကန့်လျှင် ၃၀ သို့မဟုတ် ၆၀ ဖရိမ်နှုန်းများနဲ့ ရိုက်ကူးပေးနိုင်ပါတယ်။ အနှေးဗီဒီယိုများကို 240fpsနှုန်းနဲ့ ရိုက်ကူးပေးနိုင်ပါတယ်။ Cinematic Video Stabilizationနည်းပညာပါရှိပြီး ရိုက်ကူးစဉ် Autofocusကို စဉ်ဆက်မပြတ် ပြုလုပ်ပေးနေမှာပါ။

Technical Specifications

iPhone 6: ၄.၇ လက်မ မျက်နှာပြင် တပ်ဆင်ထားပြီး 1334×750 Pixels Resolutionဖြစ်ပါတယ်။ 64Bit A8 Chip, 16:9 Aspect Ratio, M8 Chip Motion Coprocessor, Barometer တို့ပါရှိပါတယ်။ အဆင့်မြင့် ကြိုးမဲ့ ဆက်သွယ်မှု စွမ်းရည်များပါပြီး 20 LTE Bandsကို အထောက်အပံ့ပေးပါတယ်။ ပိုမိုမြန်ဆန်တဲ့ 802.111ac WiFi ဆက်သွယ်မှုကို သုံးနိုင်ပြီး ဝိုင်ဖိုင်ကနေ ဖုန်းခေါ်ဆိုနိုင်ပါတယ်။

iPhone 6 Plus: ၅.၅ လက်မ မျက်နှာပြင်၏ Resolutionမှာ 1920×1080 Pixelsဖြစ်ပါတယ်။ 64Bit A8 Processorတပ်ဆင်ထားပြီး ဘက်ထရီမှာ 3G ဖုန်းပြောဆိုရင် ၂၄ နာရီ အသုံးခံပါတယ်။ M8 Motion Coprocessor, Barometerနဲ့ 20 LTE Bandsသုံးနိုင်ပါတယ်။ Voice Over LTE, 802.11ac WiFiတို့ကို အသုံးပြုနိုင်ပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *