News

အာရှ၏ ဒုတိယ ကျော်ကြားမှု အရှိဆုံး အမှတ်တံဆိပ် ဖြစ်လာသည့် Apple

Campaign Asia Pacificဟု အမည်ရသည့် စစ်တမ်းကောက်ယူမှု ကုမ္ပဏီတစ်ခုမှ လေ့လာဆန်းစစ်ချက်များအရ အာရှရှိ ကျော်ကြားမှု အရှိဆုံး အမှတ်တံဆိပ်များထဲတွင် Apple မှ ဒုတိယ နေရာ၌ ရပ်တည်လျှက်ရှိကြောင်း သိရပါတယ်။ ၄င်း၏ အဆိုအရ ယခုအချိန်တွင် Sony၊ Panasonic နှင့် Nestle ကုမ္ပဏီတို့မှလည်း အသီးသီး အဆင့် တက်လာကြောင်း သိရသည်။

Samsung မှာ လက်ရှိအချိန်တွင် အာရှဒေသများအတွင်း ကျော်ကြားမှုအရှိဆုံး အမှတ်တံဆိပ်အဖြစ် သတ်မှတ်ခံထားရပါတယ်။ Apple မှာ ယခုကဲ့သို့ ဒုတိယ ကျော်ကြားမှု အရှိဆုံး နေရာသို့ တက်ရောက်လာခြင်းမှာ Samsung နှင့် ၄င်းတို့၏ ဖြစ်ပေါ်နေသော ယှဉ်ပြိုင်မှုများကို ပိုမိုအထွတ်အထိပ်ရောက်စေကြောင်း သိရပါတယ်။ ယခုအချိန်တွင် အာရှဒေသများအတွင်း Apple မှ ၄င်းတို့၏ ထုတ်ကုန်များကို နိုင်ငံလွတ်မကျန်ရှိစေပဲ ရောင်းချသွားနိုင်ရန် ကြိုးစားနေပြီး Samsung ၏ အီလက်ထရောနစ် ကမ္ဘာထဲတွင် အုပ်စိုးနေမှုကိုလည်း အဆုံးသတ်သွားနိုင်စေရန် ကြိုးပမ်းနေပါတယ်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *