News

တရုတ်တွင် Appleမှ Siriနှင့် ပတ်သက်၍ တရားစွဲဆိုခံရ

မကြာသေးမီ ကာလတွင်မှ Apple အနေဖြင့် တရုတ်နိုင်ငံရှိ Proview ကုမ္ပဏီနှင့် ပြဿနာအား ဒေါ်လာ ၆၆ သန်းကျော် အကုန်ခံကာ ဖြေရှင်းခဲ့ရပြီးဖြစ်ပါတယ်။ ယခု တစ်ခါတွင် ဖြစ်ပေါ်နေသော ပြဿနာကတော့ Siri နှင့် ဖြစ်ပါတယ်။ ယခုတရားစွဲဆိုသော ကုမ္ပဏီမှာ Zhizhen Technology ဖြစ်ပြီး ၄င်းမှာ ကိုယ်ပိုင် voice assistant software တစ်ခုလည်း ပါဝင်ကြောင်း သိရပါတယ်။ သတင်းဌာနတစ်ခုဖြစ်သော M.I.C gadget ၏ အဆိုအရ Zhizhen မှ Apple ၏ Siri မှာ ၄င်းတို့၏ မူပိုင်ခွင့် အချက် တစ်ချက်နှင့် ညိစွန်းနေကြောင်း ကြော်ငြာခဲ့တယ်လို့ သိရပါတယ်။

ထို့နောက် အဆိုပါ မူပိုင်ခွင့်မှာ Xiaoi Bot ဟုခေါ်သော instant messaging chat box စနစ်တစ်ခုအတွက်လည်း ဖြစ်ကြောင်း သိရပါတယ်။ နောက်ဆုံး သတင်းများအရ ယခု ဖြစ်ပွါးနေသော တရားရေးမှာ ဆွေးနွေးဆဲ အနေအထား၌သာ ရှိသေးပြီး Zhizen နှင့် Xiaoi Bot အကြောင်း အပြည့်အစုံ သိရှိလိုပါက M.I C Gadget ၏ website တွင် ဝင်ရောက် ကြည့်ရှုနိုင်ပါတယ်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *