Apps

PIXELMATOR

အကယ်၍ သင့်အနေနဲ့ Macပေါ်မှာ စွမ်းအားမြင့်မြင့်နဲ့ ဈေးသက်သာတဲ့ Image Editor တစ်ခုကို အသုံးပြုချင်တယ်ဆိုရင်တော့ Pixelmatorက အသင့်တော် ဆုံး နေရာမှာ ရှိနေပါတယ်။ ၄င်းရဲ့ interface ကတော့ Mac ပုံစံလို့ ဆိုပေမယ့် Adobe Photoshopလိုပဲ Selectorတွေ၊ brush toolတွေ၊ Type toolတွေ ရှိတဲ့ Toolbarက သပ်သပ် ခွဲထွက်နေမှာဖြစ်ပြီး layer ထားတဲ့နေရာတွေ၊ brush picker ထားတဲ့နေရာတွေကလည်း Photoshopနဲ့ ပုံစံတူပါပဲ။ ပြီးတော့ Pixelmatorက Photoshopရဲ့ brush tools တွေကို support ပေးထားတာက ထူးခြားမှု တစ်ခုပါပဲ။

ပုံတွေပြင်တဲ့နေရာမှာလည်း Pixelmatorက Photoshopနဲ့ ပုံစံ တူနေပြန်ပါသေးတယ်။ ပုံတွေပြင်တဲ့အခါမှာ အသုံးပြုတဲ့ colour ချိန်ညှိခြင်းတွေ၊ brightness and contrastတွေ၊ အစရှိတဲ့ toolsတွေအားလုံးက Photoshopမှာလိုပဲ အသုံးပြုလို့ ရနေပါလိမ့်မယ်။ အကယ်၍ သင့်အနေနဲ့ ပုံတွေထဲမှာ effectတွေ ထည့်ချင်တယ် ဆိုရင်တော့ distortion၊ blur၊ sharpen၊ halftoneနှင့် stylizeလိုမျိုး သာမန် filtersတွေကနေ ရွေးချယ်ပြီး အသုံးပြုနိုင်ပါတယ်။ နောက်ပြောချင်တာက Pixelmator အတွင်းမှာ Photoshopနဲ့ ပုံစံတူ toolsတွေ၊ effectတွေ၊ filterတွေနဲ့ Save for Webလိုမျိုး featureတွေ အကုန်လုံးကို မြင်တွေ့သွားနိုင်ပါတယ်။

ဒါဆိုရင် မေးစရာရှိလာတာက Pixelmatorက Photoshopနဲ့လည်း ဘာမှ မကွာပါလားပေ့ါ။ ကွာပါတယ်။ Pixelmatorမှာ Photoshopမှာရှိတဲ့ advanced toolsတွေကို အသုံးပြုလို့ရမှာ မဟုတ်ပါဘူး။ နောက်တစ်ခု ကွာခြားတာ ရှိပါသေးတယ်။ အဲဒါကတော့ ၄င်းရဲ့ ဒေါ်လာ ၁၄.၉၉ ဆိုတဲ့ ဈေးနှုန်းကြောင့်ပါ။ Pixelmatorကို demo version သုံးရင် သတိထားရမယ့် အချက်ကတော့ သင် edit လုပ်တဲ့ပုံတိုင်းကို export ထုတ်လုပ်မယ် (သို့) save လုပ်လိုက်မယ်ဆိုရင် watermarkကြီး ပါလာတာပါပဲ။ ဒါပေမယ့် Pixelmatorရဲ့ အကောင်းစား toolsတွေကို အသုံးပြုပြီးသွားရင် သင့်အနေနဲ့ ဒီဟာကို တန်တယ်လို့ ထင်သွားပါလိမ့်မယ်။

Pixelmator အတွင်းမှာက tools ပေါင်း ၂၀ ကျော် ပါဝင်ပါတယ်။ ထို့ပြင် filter ပေါင်း ၅၀ ကျော် အသုံးပြုထားတဲ့ colour correction tools ပေါင်း ၁၅ ခု ပါဝင်နေ ပါဦးမယ်။ Pixelmatorရဲ့ နောက်ထပ် ထူးခြားချက်ကတော့ ၄င်းအတွင်းမှာ ပါဝင်တဲ့ Photo Browserကို အသုံးပြုပြီး iPhoto Library၊ Events၊ Albums၊ Smart Albumနှင့် Folderတွေထဲက ဓါတ်ပုံတွေကို အလွယ်တကူ သွားယူနိုင်ပါတယ်။ ထို့ပြင် သင့်ရဲ့ iSight Cameraကို အသုံးပြုပြီး ဓါတ်ပုံတွေကို add နိုင်ကာ resize လုပ်ခြင်း၊ special effect ထည့်ခြင်း အစရှိတာတွေကို ပြုလုပ်နိုင်ပါတယ်။

Pixelmatorဟာ အခုဆိုရင် နောက်ထပ် version အသစ် တစ်ခုထွက်ရှိလာပါပြီ။ Codename အနေနဲ့ Chameleonလို့ ခေါ်တဲ့ Pixelmator 2.0ဟာဆိုရင် feature အသစ်ပေါင်း မြောက်မြားစွာနဲ့ ပြုပြင်ပြောင်းလဲမှု အများအပြားလည်း လုပ်ထားပါတယ်။ ထို့ပြင် Pixelmatorဟာ Mac app designတွင် Apple Design Awardကိုလည်း ရရှိထားပြန်ပါတယ်။ Pixelmator 2.0 အတွင်း ပါဝင်လာတဲ့ Toolsတွေကတော့

Healing Tool
သင့်အနေနဲ့ ဓါတ်ပုံတစ်ပုံမှာ ရှိတဲ့ အပြစ် အနာအဆာတွေကို အသစ်ပြန်လည် ပြုလုပ်ထားတဲ့ Healing Toolsနဲ့ ဆန်းကြယ်စွာ ပြုပြင်သွားနိုင်ပါလိမ့်မယ်။

Content-Aware Fill
ဓါတ်ပုံထဲမှာ ရှိတဲ့ သင် မလိုချင်တဲ့ elementတွေကို ဒီ tools အသစ်နဲ့ ချက်ချင်းကို ဖျောက်ဖျက် ပြစ်နိုင်ပါတယ်။

Burn Tool
Burn Toolကို အသုံးပြုပြီး image တစ်ခုထဲရှိ သင် darken ဖြစ်စေချင်သော နေရာကို အလွယ်တကူ ပြုလုပ်နိုင်ပါတယ်။

Pixel Tool
Image တစ်ခုရဲ့ pixel တစ်ခု အတိုင်းအတာအထိ edit ပြုလုပ်နိုင်မှာကတော့ Pixel Toolပဲ ဖြစ်ပါတယ်။

Tools Customization
သင်ကြိုက်နှစ်သက်ပြီး၊ အသုံးများတဲ့ Toolsတွေကို သပ်သပ်စီ စုစည်းထားလို့ ရနိုင်ပြီး Groupလည်း ဖွဲ့ထားနိုင်ပါတယ်။

New Type Tool
Image များအတွင်း text ရေးသားရာတွင် ပိုမို ဆန်းသစ်သော typography များ အသုံပြုနိုင်စေရန် ဖန်တီးထားတဲ့ Tool အသစ်တစ်ခု ဖြစ်ပါတယ်။

Full Screen
သင့်ရဲ့ Mac အတွင်း Full Screen ဖြင့် ဒီဇိုင်း ရေးဆွဲနိုင်ဖို့ကို ဖော်ဆောင်ပေးထားတဲ့ Full Screen featureပဲ ဖြစ်ပါတယ်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *