News

ရန်ကုန်တွင် ကိုယ်ပိုင်ယာဉ်နှင့် အငှားယာဉ်များ မရပ်နားရ လမ်းစာရင်း ထုတ်ပြန်

ရန်ကုန်မြို့ရှိ လမ်းပေါင်း ၃၀ခန့်ကို ခရီးသည်တင် ယာဉ်မှအပ အခြားယာဉ်မရပ်ရ လမ်းအဖြစ် ယာဉ်စည်းကမ်း ထိန်းသိမ်းရေး ကြီးကြပ်မှု ကော်မတီက သတ်မှတ်လိုက်သည်ဟု သိရသည်။ ရန်ကုန်မြို့တွင် အဓိက လမ်းမကြီးနှင့် ခြောက်လမ်းသွား လမ်း ၂၇လမ်းကို ယာဉ်မရပ်ရ လမ်းများအဖြစ် ကော်မတီမှ သတ်မှတ်လိုက်ခြင်းဖြစ်ရာ အဆိုပါ နေရာများ၌ ယာဉ်ရပ်နားပါက မော်တော်ယာဉ် ဥပဒေအရ အရေးယူသွားမည်ဟု ဆိုသည်။

ရန်ကုန်မြို့၌ မော်တော်ယာဉ် အစီးရေ များပြားလာမှုကြောင့် ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပွားနေသဖြင့် လမ်းမကြီးများတွင် ယာဉ်မရပ်ရန် တင်းကြပ်စွာ ဆောင်ရွက်ရန် စီစဉ်ရခြင်းဖြစ်ကြောင်း သိရသည်။ ကိုယ်ပိုင်ယာဉ်များနှင့် အငှားယာဉ်များ ရပ်နားမှုကို အရေးယူမည်ဖြစ်ပြီး ခရီးသည်တင် ယာဉ်များမှာလည်း ယင်းနေရာများ၌ ရပ်၊ တင်၊ ထွက် စနစ်ကို ကျင့်သုံးရမည်ဟု ယာဉ်စည်းကမ်း ထိန်းသိမ်းရေး ကြီးကြပ်ရေးမှူး ကော်မတီက ယနေ့တွင် သတိပေး နှိုင်းဆော်စာ ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

ယာဉ်မရပ်နားရသည့် လမ်းမများမှာ ပြည်လမ်း၊ ကမ္ဘာအေးစေတီလမ်း၊ ဘုရင့်နောင်လမ်း၊ ကမ်းနားလမ်း၊ ဗဟိုလမ်း၊ အင်းစိန်လမ်း၊ လေးထောင့်ကန်လမ်း၊ ဗညားဒလလမ်း၊ သုဓမ္မာလမ်း၊ အရှေ့ရွေှဂုံတိုင်လမ်း၊ အနောက်ရွေှဂုံတိုင်လမ်း၊ သမိန်ဗရမ်းလမ်း၊ ေ၀ဇယန္တာလမ်း၊ ကန်တော်ကြီးပတ်လမ်း၊ ပါရမီၤလမ်း၊ သံသုမာလမ်း၊ မင်းနန္ဒာလမ်း၊ ကုန်သည်လမ်း၊ မဟာဗန္ဓုလလမ်း၊ အနော်ရထာလမ်း၊ အင်းလျားလမ်း၊ ဓမ္မစေတီလမ်း၊ ဗားကရာလမ်း၊ သမိုင်းဘူတာရုံလမ်း၊ လှည်းတန်းလမ်းနှင့် အောက်ပုဇွန်တောင်လမ်းတို့ ဖြစ်သည်ဟု သိရသည်။

အဆိုပါ လမ်းများရှိ ဖြူနီကျား သုတ်ထားသော နေရာများ၌ ရပ်တန့်ပါက မော်တော်ယာဉ် ဥပဒေပုဒ်မ ၁၅၃ (ဈ)အရ ဒဏ်ငွေနှစ်သောင်း တစ်ထောင့်ငါးရာနှင့် ဖြူနီကျား မသုတ်ထားသော နေရာများ၌ ရပ်တန့်ပါက ပုဒ်မ ၁၃၄ (က)အရ ဒဏ်ငွေတစ်သောင်း တစ်ထောင့်ငါးရာ ပေးဆောင်ရမည်ဟု သိရသည်။ ယင်းဒဏ်ငွေကို ပြစ်မှုကျူးလွန်သူ ကိုယ်တိုင် တရားရုံး၌ ပေးဆောင်ရမည်ဟု ဆိုသည်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Related Posts

One thought on “ရန်ကုန်တွင် ကိုယ်ပိုင်ယာဉ်နှင့် အငှားယာဉ်များ မရပ်နားရ လမ်းစာရင်း ထုတ်ပြန်

  1. Tun Tun Oo says:

    Buses should not make double-parking on these roads too.

Leave a Reply

Your email address will not be published. Required fields are marked *