အမေရိကန် အခြေစိုက် ကမ္ဘာကျော် နည်းပညာကုမ္ပဏီ Appleက ပြီးခဲ့တဲ့ စက်တင်ဘာ ၁၀ရက်နေ့ပွဲမှာ iPhoneအသစ် ၂လုံးနဲ့ iOS 7ကို မိတ်ဆက် ပွဲထုတ် ပြီးတဲ့နောက် အခုအခါမှာတော့ ၎င်းတို့ရဲ့ iMac, MacBook Proနဲ့ iPadအသစ် တွေကို Appleက ကျင်းပမယ့် အောက်တိုဘာ ၁၅ရက်နေ့ပွဲမှာ မိတ်ဆက်ပြသ သွားမလားဆိုတာ စိတ်၀င်စားစရာပါပဲ။ အဆိုပါပွဲမှာ Appleဟာ OS Xမျိုးဆက်သစ် ကိုလည်း ပွဲထုတ် သွားနိုင်ဖွယ် ရှိပါတယ်။ ဒါ့အပြင် OS(Operating System)အသစ်တွေ ထည့်သွင်း အသုံးပြုထားတဲ့ မျိုးဆက်သစ် Macတွေကိုတော့ မိတ်ဆက်ပြသ သွားဖို့ မသေချာသေးပါဘူး။
Appleရဲ့ iPad Miniအသစ်မှာတော့ ရုပ်ထွက် အထူးကောင်းမွန်တဲ့ High-Resolution(Retina)မျက်နှာပြင်ကို Supplierဖြစ်တဲ့ Samsungက ပြုလုပ်ပေးထားကာ ၂၀၁၃နှစ်ကုန် ပိုင်းလောက်မှာ ထွက်ရှိလာမယ်လို့ သတင်းတွေ ကြားနေရပါတယ်။ သြဂုတ်လတုန်းကတော့ ေဝါလ်စထရိ ဂျာနယ်ဟာ Appleအနေနဲ့ အဆိုပါ iPad Miniကို ရောင်စုံကာလာ ကာဗာတွေနဲ့ ထုတ်လုပ်သွားနိုင်တယ်လို့ ဆိုထားပါတယ်။ အဆိုပါ အရောင်တွေဟာ ငွေရောင်၊ ပန်းရောင်၊ ခရမ်းနုရောင်၊ အဝါ၊ အစိမ်း၊ အနီစသဖြင့် အရောင်အသွေးစုံ ဖြစ်လာနိုင်ပါတယ်။
Appleကတော့ တရား၀င်ပြောကြားချက် တစ်စုံတစ်ရာ မရှိသေးပေမယ့် ပြင်ပသတင်း ရင်းမြစ်တွေမှာတော့ အဆိုပါ သတင်းအချက်အလက်တွေ ပျံ့နှံ့လျက် ရှိပါတယ်။ ဘာပဲဖြစ်ဖြစ် Appleရဲ့ ထုတ်ကုန်သစ်တွေ ထွက်ရှိလာရင် မြန်မာအိုင်စီတီမှ အချိန်နဲ့ တစ်ပြေးညီ တင်ဆက်ပေးဦးမှာ မို့လို့ ပရိသတ်တွေ လက်လွတ်မခံဘဲ စောင့်ကြည့်ကြပါဦး ခင်ဗျာ။