TV၏ HD MI Inputတွင် တပ်ဆင်ပြီး Chrome Browser အသုံးပြု ကွန်ပျူတာ၊ စမတ်ဖုန်းနှင့် Tabletများမှ Contentများကို TVပေါ်တွင် ကြည့်ရှုနိုင်မည့် ဈေးနှုန်းသက်သာသော ထုတ်ကုန်သစ် တစ်မျိုးကို Googleက မိတ်ဆက်လိုက်ပြန်ပြီ ဖြစ်သည်။
Chromecastဟု ခေါ်သည့် အဆိုပါ ထုတ်ကုန်ကို ဗီဒီယိုနှင့် သီချင်းများအပြင် Netflixကဲ့သို့သော Appများနှင့်လည်း တွဲဖက် အသုံးပြုနိုင်ပြီး iPhoneနှင့် iPad အပါအဝင် ထုတ်ကုန်အများအပြား အသုံးပြုနိုင်မည်ဟု သိရသည်။ ယင်း Chromecastကို အမေရိကန် ဒေါ်လာ ၃၅ဒေါ်လာဖြင့် ရောင်းချမည်ဖြစ်ပြီး Best Buy, Amazonနှင့် Google Play Storeမှတစ်ဆင့် ဝယ်ယူနိုင်ကြောင်း သိရပါသည်။
Ref: MacRumors