News

လေဒီဂါဂါတို့ကတော့ လုပ်ချလိုက်ပြန်ပြီ

Lady GaGa

ကုန်ပစ္စည်းအသစ် အစားအသောက်အသစ်၊ သီချင်းခွေအသစ် စသည်ဖြင့် အသစ်တစ်ခု ပေါ်လာသည့်အခါတိုင်း လူအများသိရန် ကြော်ငြာရခြင်းသည် ထုံးစံတစ်ခု ဖြစ်သည်။ အဆိုတော် လေဒီဂါဂါသည်လည်း ARTPOPဟု အမည်ပေးထားသော အယ်လ်ဘမ် တစ်ခုကို ထူးထူးဆန်းဆန်း ဒီဇိုင်းဖြင့် ကြော်ငြာထားသည်ကို တွေ့ရသည်။

လေဒီဂါဂါ၏ ကြော်ငြာထားပုံကတော့ မှတ်သားလောက်ပါပေသည်ဟုပဲ ပြောရမလို ဖြစ်နေသည်။ သူမ၏ ထုံးစံအတိုင်း ကိုးယိုးကားယား လုပ်ထားသည်ကို တွေ့ရသည်။ လေဒီဂါဂါက ကွန်ပျုတာ မိုက်ခရိုချစ်ပ်များဖြင့် တည်ဆောက်ထားသော ထိုင်ခုံကြီးပေါ်တွင် ပြင်ပပစ္စည်းဟူ၍ အနက်ရောင် ခြေစွပ်နှစ်ဘက်၊ ဒီဇိုင်းခပ်မိုက်မိုက် မျက်မှန်ကြီးတပ်ပြီး အဝတ်အစားမပါပဲ ခပ်မိန့်မိန့်ကြီး ထိုင်နေသော ပုံကြီးဖြင့် ကြော်ငြာထားခြင်း ဖြစ်ပါသည်။ အမှတ်တမဲ့ဆိုပါက သီချင်းခွေ ကြော်ငြာမဟုတ်သလိုပင်။

လေဒီဂါဂါသည် ၎င်း၏ Twitterတွင်လည်း အဆိုပါ ဓာတ်ပုံကြီးနှင့် သူမ၏ ပရိသတ် ၃၉သန်းကို လာမည့် သြဂုတ်လ ၁၉ရက်နေ့တွင် ARTPOP အခွေကို ဖြန့်ချိတော့မည့် အကြောင်းကိုလည်း သတင်းကောင်းပါးထားပါသည်။ လေဒီဂါဂါ ကြမ်းသည်ကို အားလုံး သိကြပြီး ဖြစ်သော်လည်း သည်တစ်ခါ ကြမ်းပုံကြီးကတော့ ကြက်သီးထလောက်စရာပဲ ဖြစ်ပါသည်။

Ref: The sun

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *