News

Google၏ ပထမဆုံး အမျိုးသမီး Yahoo၌ CEO ဖြစ်လာ

Marissa Mayer

Marissa Mayerလို့ အမည်တွင်တဲ့ အမျိုးသမီးဟာ ၁၉၉၉ ခုနှစ်ကတည်းက Google Incမှာ ၀န်ထမ်းနံပါတ် (၂၀)ယောက် မြောက်အနေနှင့် ၀င်ရောက်လုပ်ကိုင်ခဲ့ပါသည်။ ပထမဆုံး အမျိုးသမီးအင်ဂျင်နီယာအဖြစ် ၁၃နှစ်ကြာ ကမ်ဘာကျော် Mountain Viewမှ Search Giantတွင် စတင်ခဲ့ပြီး Executive ရာထူးဖြင့် ထမ်းဆောင်နေခဲ့ရာမှ ၁၆၊ ၀၇၊ ၂၀၁၂ ၌ မမျှော်လင့်ပဲ အလုပ်ထွက်စာ တင်ခဲ့သည်ဟု သတင်းများအရ သိရပါသည်။

Yahoo ကုမ္ပဏီမှာတော့ ရှေ့ တစ်နှစ်အတွင်းမှာ CEO ၃ယောက်တိုင်တိုင် ပြောင်းလဲဖြစ်နေခဲ့တဲ့အတွက်ကြောင့်လည်း Marissaကို CEO ရာထူးပေးခြင်းဟာ ဘယ်လောက်ကြာရှည်ခံမယ်မှန်း မသိသေးဟုလည်း လေ့လာသူများက သုံးသပ်ပြောဆိုကြပါသည်။ ကုမ္ပဏီ၏ Stock ရှယ်ယာများလည်း ကျဆင်းခဲ့ပြီး တစ်ချိန်က အင်တာနက်အသုံးပြုသူတိုင်း၏ အသည်းစွဲဖြစ်သော Yahoo Web Portalမှာလည်း ယနေ့ခေတ်ကြီးရဲ့ မင်းသား Googleကို လက်မြှောက်အရံှုးပေးနေရသည့်အတွက်

Googleလို တွေးတောနိုင်ဖို့ Googleမှ လူတွေကို ဆွဲထုတ်နေတာ မဆန်းပါဘူးဟုလည်း သတင်းများက ဆိုသည်။
နောက်ဆက်တွဲ သတင်းများအရ Yahoo CEO အသစ်အဖြစ် တာ၀န်ထမ်းဆောင်မည့် Marissa Mayerသည် အောက်တိုဘာလ ၇ရက်နေ့တွင် သားယောကျၤားလေးကို မွေးဖွားဖို့ မျှော်လင့်နေကြောင်း၊ Yahoo မှလည်း ၄င်း၏ CEO အသစ် ကိုယ်၀န်ရှိခြင်းကြောင့် ကုမ္ပဏီ နလန်ထူဖို့ ကြိုးစားရာတွင်လည်း အနှောင့်အယှက်ဖြစ်နိုင်သည်ဟု မထင်ကြောင်း ပြောကြားထားသည်။

author-avatar

About Myo Zin

အမည်ရင်းမှာ မျိုးဇင်ကိုဖြစ်ပြီး Myanmar ICTတွင် နည်းပညာသတင်းများ၊ ကွန်ပျူတာ၊ မိုဘိုင်းဖုန်းစသည့် IT ပစ္စည်းများအကြောင်း ရေးသားလျက်ရှိပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *