News

အကျိုးမရှိတဲ့ Facebook “Likes”

Like

Facebookဆိုသည့် www.facebook.comကတော့ ယနေ့ခေတ်ကြီးမှာ ကွန်ပျူတာသုံးစွဲသူတိုင်း မရှိမဖြစ် သင်ကြားရမည့် ဘာသာရပ်တစ်ခုအဖြစ်သို့ ရောက်ရှိလာခဲ့ပါပြီ။ ထို့ကြောင့်လည်း စီးပွားရေးလုပ်ငန်းရှင်များက ရှိနေသည့် အခွင့်အရေး လက်လွှတ် မခံပဲ facebook၏ လူသိအများဆုံး featureတစ်ခုဖြစ်သည့် Likesဆိုတဲ့ ခလုတ်ကလေးကို ၄င်းတို့၏ ကုန်ပစ္စည်းအတွက်ဖြစ်စေ၊ Branding လုပ်သည့်အခါဖြစ်စေ တွင်ကျယ်စွာ အသုံးပြုလာသည်ကိုလည်း သတိထားမိမှာပါ။ စင်္ကာပူလို နိုင်ငံမျိုးမှာဆိုလျှင် စီးပွားရေးအများစုက ၀က်ဘ်ဆိုဒ်တစ်ခု ဆွဲမနေတော့ဘဲ www.facebook.com/company nameဆိုပြီး ကြေညာဆိုင်းဘုဒ်တွေကို ထောင်လေ့ရှိပါသည်။ ထိုသို့ ကုမ္ပဏီကို facebook.com အနောက်မှာ ရဖို့ကလည်း
(၁) ကမ်ဘာတစ်၀ှမ်းမှာ မိမိနှင့် ကုမ္ပဏီနာမည်တူသူ မရှိရပါဘူး။
အရေးကြီးတဲ့ နံပါတ် (၂) ကတော့ facebook သုံးစွဲသူ ၂၅ယောက်က မိမိ၏ ကုမ္ပဏီ Pageကို Likesလုပ်မှ Registerလုပ်လို့ရသည် ဆိုတာပါပဲ။ ဒါမှမဟုတ်ရင်တော့ မိမိကုမ္ပဏီ၏ facebook Pageဟာ အများပြည်သူ အလွယ်တကူ မမှတ်မိနိုင်တဲ့ www.facebook.com/Page/00012-5 ဖြစ်နေမှာပါ။ ကြေညာရလဲ လွယ်ကူမှာလဲ မဟုတ်တော့ပါဘူး။
Likesဆိုတဲ့ ခလုတ်ကလေးကို နောက်ထပ်တစ်မျိုး သုံးစွဲပုံကတော့ ကြေညာဆိုင်းဘုဒ်တွေမှာ ၄င်းတို့၏ Facebook Pageသို့ သွားခိုင်းပြီး Likes လုပ်ပါဆိုတာပါပဲ။ ထိုသ်ို့ Likes လုပ်ခြင်းအားဖြင့် ကြေညာရှင်မှလည်း Likesလုပ်သည့် လူဦးရေ ဘယ်နှစ်ယောက်မြောက် ရောက်သည့်အခါ ဘယ်လိုဆုတွေ ပေးမည်၊ ကံစမ်းမဲတွေ နှိုက်ပေးမည်ပေါ့။ လုပ်ငန်းရှင်တွေ ဘက်မှ မျှော်လင့်သည်ကတော့ ရိုးရှင်းပါတယ်။
(၁) ကမ်ဘာအနှံ့ ပြန့်နေသည့် ကုန်ပစ္စည်းတစ်ခု/Brand တစ်ခု ဆိုရင်တော့ သူတို့ရဲ့ Productကို ကမ်ဘာပေါ်က ဘယ်လိုနို်င်ငံမျိုးက ကြိုက်နှစ်သက်ကြသလဲဆိုတဲ့ စစ်တမ်းမျိုးရရှိတဲ့အခါ သူတို့အနေနဲ့ ထိုနိုင်ငံကို ပိုပြီး Budgetချပေးပြီး စီးပွားရေး Planတွေတိုးချဲ့လို့ ရမည်ပေါ့။
(၂) Likes လုပ်လိုက်တဲ့ လူတွေရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေ ရရှိပြီး လုပ်ငန်းရှင်များဘက်မှ Product အသစ်တစ်ခု ထွက်တိုင်း (သို့) အကြောင်းအရာတစ်ရပ်ကို သတင်းတစ်ပုဒ်အဖြစ် ပါးချင်တဲ့အခါတိုင်း အစရှိသည်ဖြင့် Like လုပ်သူတွေရဲ့ emailတွေထဲကို အစဉ်မပြတ် တရား၀င် ပေးပို့ခွင့် ရသွားတာပေါ့။
(၃) မြန်မာပြည်မှာတော့ Telemarketing သိပ် ခေတ်မစားသေးပါဘူး။ အခြားနို်င်ငံတွေမှာဆိုရင်တော့ Facebook Userမှ ဖုန်းနံပါတ်ပါ တင်ထားသည်ဆိုလျင် နားညီးလောက်အောင် ကုမ္ပဏီမှ တရား၀င် ဖုန်းဆက်ခွင့်ရသွားပြီပေါ့။
ဘာကြောင့် အကျိုးမရှိသလဲ?
ဘယ်သူ့ဘက်က ကြည့်ကြည့် အကျိုး မရှိပါဘူး။
Facebook Likes လုပ်တဲ့သူဘက်မှလည်း သူတို့ရဲ့ ဖော်ပြပေးထားသလောက် ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို ကုမ္ပဏီကို တရား၀င် အသုံးပြုခွင့် ပေးလိုက်တဲ့အတွက်ကြောင့် ကုမ္ပဏီမှ တာ၀န်ရှိသူက တာ၀န်မသိ နားမလည်သူ ဖြစ်နေရင် အလွဲသုံးစား လုပ်လို့ရသည်ပေါ့။
ကုမ္ပဏီဘက်က ကြည့်ပြန်ရင်လည်း Likes လုပ်သူအများစုရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်ဟာ မှန်ကန်မှု မရှိတဲ့အတွက်ကြောင့် ကိုယ့်ရဲ့ Productကို အမျိုးသမီး အကြိုက်များလား၊ အမေရိကန်နို်င်ငံမှာပဲ သုံးစွဲမှု အများဆုံးလား အစရှိသည့် မေးခွန်းတွေကို ဖြေရှင်းမရ ဖြစ်နေရမှာပေါ့။ ဘာကြောင့်လဲဆိုတော့ ဥပမာ – မြန်မာပြည်မှာ ကွန်ပျူတာသုံးသူအများစုဟာ သူတို့၏ ကွန်ပျူတာကို အမေရိကန်နိုင်ငံမှအဖြစ် Register လုပ်တတ်ကြပြီး Facebookမှာလည်း ထိုနည်းလည်းကောင်း လုပ်လေ့လုပ်ထရှိကြလို့ပါပဲ။
ဤကဲ့သို့ စစ်တမ်းမှန်ကန်မှုကို စစ်ဆေးဆုံးဖြတ်၍ မရနိုင်သည့်အတွက်ကြောင့်လည်း ကုမ္ပဏီတစ်ခုအနေနှင့် ထိုသို့ ကြေညာကိစ္စများအတွက် သုံးဖြုန်းခဲ့သည့် ပိုက်ဆံအများစု ဆုံးရှုံးသွားနိုင်သည့်အကြောင်း၊ Likes သုံးစွဲသူများဘက်မှလည်း မိမိ နားမလည်ဘဲ ကိုယ့်ရဲ့ ဖုန်း၊ email နှင့် လိပ်စာများကို Facebookပေါ် တင်ထားခြင်းကြောင့် ကိုယ့်ရဲ့ အိမ်ရှေ့အထိတောင် မလိုလားတဲ့ တစိမ်းတစ်ယောက် ရောက်ရှိလာနိုင်ကြောင်း တင်ပြလိုက်ရပါသည်။

author-avatar

About Myo Zin

အမည်ရင်းမှာ မျိုးဇင်ကိုဖြစ်ပြီး Myanmar ICTတွင် နည်းပညာသတင်းများ၊ ကွန်ပျူတာ၊ မိုဘိုင်းဖုန်းစသည့် IT ပစ္စည်းများအကြောင်း ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *