News

မြန်မာနိုင်ငံ၏ အိမ်ယာ၊ တိုက်ခန်းတိုင်းမှာ ကွန်ပျူတာရှိရေးအတွက် ဝိုင်းဝန်း စဉ်းစားကြည့်ခြင်း

ယခုလိုအချိန်အခါသမယမှာ နည်းပညာရဲ့ ကဏ္႑ဟာ ယခင်ကထက် အဆပေါင်းများစွာ ပိုပြီး အရေးပါ အရာရောက်လာကြသည်ဟုဆိုလျှင် မည်သူမျှ မငြင်းနိုင်ပါ။ ကျောင်းနေသူအားလုံး ကွန်ပျူတာတစ်လုံး သုံးနိုင်မည့် ခေတ်ရောက်လို့ အဘက်ဘက်မှ ကြိုးစားနေကြသည်ကိုလည်း သတိထားမိကြမှာပါ။ Hire Purchase (Loan)တွေကလည်း ကွန်ပျူတာဆိုင်တိုင်း ဆိုသလို ရရှိနိုင်နေပြီဖြစ်သည့်အတွက်ကြောင့်လည်း ကွန်ပျူတာမရှိတဲ့ ကုမ္ပဏီ ဤခေတ်ကြီးမှာ ရှားပါးနေပြီလို့လည်း ပြောရင် မှားမည် မထင်ပါ။ အိမ်တို်င်း အိမ်တိုင်းမှာ ကွန်ပျူတာရှိဖို့အတွက်တော့ အများကြီး ကြိုးစားရဦးမည်ပေါ့။ ကုမ္ပဏီတစ်ခုအနေနှင့် စပြီး ပြောရမည်ဆိုလျှင်တော့ PC တစ်လုံးဟာ ဘယ်လောက်အတိုင်းအတာအထိ ကုမ္ပဏီကို ကူညီစွမ်းဆောင်ပေးသလဲလို့ မေးကြမှာပါ။ ရှင်းပါတယ်။

(၁) စာစီစာရိုက်လုပ်ပြီး Folder တစ်ခုတည်းမှာ သပ်သပ်ရပ်ရပ် Fileလေးတွေကို အမည်ပေးထားမည်ဆိုရင် ကုမ္ပဏီ သက်တမ်းတစ်လျှောက်လုံး လုပ်ဆောင်ခဲ့သည့် မှတ်တမ်းများကို လွယ်လင့်တကူ အချိန်မရွေး ပြန်လည် ရှာဖွေနိုင်မှာပါ။ ဓါတ်ပုံတွေလည်း ထိုနည်းတူပဲပေါ့။

(၂) အင်တာနက်ပါ ချိတ်ဆက်ထားမည်ဆိုရင်တော့ လူတို်င်းပြောနေကြတဲ့ emailတွေ၊ websiteတွေနဲ့ ဘတ်(စ)ကား တိုးစီးနေစရာ မလိုဘဲ ချက်ချင်းဆိုသလို တစ်ယောက်နဲ့ တစ်ယောက် ပြောချင်တဲ့အကြောင်းအရာ၊ ပို့ချင်တဲ့ imageလေးတွေ ပို့ပြီး နိုင်ငံအတွင်းမှာဖြစ်စေ၊ အခြားနို်င်ငံနှင့်ဖြစ်စေ စီးပွားရေးဆုံးဖြတ်ချက်တွေ လုပ်ငန်းဆောင်တာတွေ ပြီးဆုံးနိုင်သည်ပေါ့။

ကဲ… ကောင်းကျိုးတွေကတော့ အဆုံးသတ်လို့ မရသလို၊ ဆိုးကျိုးတွေလဲ ရှိတာပါပဲ။ မည်သို့ပင်ဆိုစေကာမူ ကုမ္ပဏီမှာ ၀န်ထမ်းတစ်ယောက် ခန့်အပ်မည်ဆိုလျှင် ကွန်ပျူတာတစ်လုံး အရင်ဆင်ကြရသည့် ခေတ်ကြီးကိိုလည်း ရောက်ရှိလို့လာပြီ မဟုတ်သလော။ ဒါဆိုရင်… ကွန်ပျူတာတွေကို ဘယ်မှာ၀ယ်မှာလဲ။ ကွန်ပျူတာတစ်လုံး ဘယ်လောက်ခံသလဲ? ပျက်ရင်ရော ဘယ်လိုပြင်မလဲ ဆိုတာတွေ အများက သိချင်ကြမှာ အမှန်ပါ။

နိုင်ငံတကာမှာရှိတဲ့ ကော်ပိုရေးရှင်းတွေအများစုကတော့ ၂၁ ရာစုရဲ့ ၀န်ထမ်းအားလုံးကို ကြိုက်နှစ်သက်သည့် ကွန်ပျူတာ ရွေးချယ်ခွင့်ပေးထားပြီး၊ သင့်လျော်သည့် Budget ချမှတ်ပေးထားသည်ဟု ဆိုပါသည်။ ဥပမာ – ၀န်ထမ်းတစ်ယောက်ဟာ PC လိုချင်သည်ဖြစ်စေ၊ Mac လိုချင်သည်ဖြစ်စေ ကုမ္ပဏီမှ ချမှတ်ပေးထားသည့် ကျပ်ငွေ ၅သိန်းအတွင်း ၀ယ်ယူရမည် ဆိုသဖြင့်ပေါ့။

အင်တာနေရှင်နယ် ကော်ပိုရေးရှင်းကြီးများမှလည်း ကွန်ပျူတာဆိုင်များ (သို့) ကြားခံ အကျိုးဆောင် ကုမ္ပဏီအဖွဲ့အစည်းများနှင့် သဘောတူစာချူပ် ချူပ်ဆိုကာ အကြေွးစနစ်ဖြင့်သော်လည်းကောင်း၊ ပုဒ်ပြတ် သော်လည်းကောင်း ၀ယ်ယူကြသည်။ Service အပိုင်းမှာတော့ စာချူပ်ပါအတိုင်း Serviceအတွက် Budget သတ်မှတ်ပေးထားပြီး ကွန်ပျူတာတစ်လုံး၏ သက်တမ်းကိုတော့ (၃) နှစ် သတ်မှတ်ပေးထားသည်။ သက်တမ်းကုန်ဆုံးသွားသည့် နောက်မှာတော့ ကွန်ပျူတာ အသစ်တစ်လုံးနှင့် လဲလှယ်ခွင့်ပေးထားသည်ဟုလည်း သိရသည်။ ဒါဆို ကမ်ဘာတစ်၀ှမ်းမှာ ကုမ္ပဏီနှင့် ၀န်ထမ်းတို့ရဲ့ ကွန်ပျူတာကို အသုံးချပုံ အသုံးပြုပုံလေးတွေ စဉ်းစားကြည့်လို့ ရမှာပါ။ ၄င်းပုံစံမျုးိကို ပြည်တွင်းမှာ သုံးစွဲဖို့အတွက်တော့ ဆက်လက် လေ့လာကြည့်ရအောင်…

လုပ်ငန်းရှင်ကြီးများနှင့်တကွ ကွန်ပျူတာဆိုင်ပိုင်ရှင်ကြီးများ၏ ပြောပြချက်အရတော့ ပြည်တွင်းရှိ ကုမ္ပဏီများဘက်ကနေတော့ နိုင်ငံတကာလို လွယ်လင့်တကူ လိုက်လံလုပ်ဆောင်နိုင်ကြမည်ဟု ပြောကြပြီး၊ ကွန်ပျူတာဆိုင်များဘက်မှတော့ ထိုသို့ လုပ်ဆောင်ရာမှာ အခက်အခဲအချို့ ရှိနိုင်ကြောင်း ဆိုသည်။ “တိုးတက်ပြီးသော နိုင်ငံများမှာဆို ၃နှစ်ပြည့်လို့ မသုံးတော့တဲ့ ကွန်ပျူတာတွေဆို ကျွန်တော်တို့လို နို်င်ငံမျိုး ရောက်လာတာလေ ကျွန်တော်တို့ကျတော့ ၃နှစ်ပြည့်လို့ မသုံးတော့တဲ့ ကွန်ပျူတာတွေ ဘယ်နိုင်ငံကို သွားရောင်းချမလဲ”ဟု ပြည်တွင်းမှ ကွန်ပျူတာလုပ်ငန်းရှင်တစ်ဦးက ရှင်းပြသည်။

နည်းပညာလောက၏ သုံးသပ်ချက်အရတော့ နို်င်ငံတကာမူအတိုင်း ပြည်တွင်းမှ ကုမ္ပဏီနှင့် ကွန်ပျူတာဆိုင် ပိုင်ရှင်များ လိုက်လံကျင့်သုံးသင့်ကြောင်း၊ ၃နှစ် ပြည့်လို့ မသုံးတော့သည့် ကွန်ပျူတာများသည်လည်း ဆက်လက်သုံးစွဲနိုင်သေးသည့်အတွက်ကြောင့် မြန်မာနိုင်ငံ၏ အိမ်ယာ၊ တိုက်ခန်းတိုင်း ကွန်ပျူတာတစ်လုံး ပိုင်ဆိုင်နိုင်ဖို့အရေးအတွက် များစွာ အထောက်အကူ ပြုနို်င်ကြောင်း တင်ပြလိုက်ရပါသည်။

author-avatar

About Myo Zin

အမည်ရင်းမှာ မျိုးဇင်ကိုဖြစ်ပြီး Myanmar ICTတွင် နည်းပညာသတင်းများ၊ ကွန်ပျူတာ၊ မိုဘိုင်းဖုန်းစသည့် IT ပစ္စည်းများအကြောင်း ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *