Apps, Review

စမတ်ဖုန်းမှ အင်္ကျီဒီဇိုင်းများ ရေးဆွဲမှာယူနိုင်

ဂျပန် အ၀တ်အထည် ထုတ်လုပ်တဲ့ Uniqloက နည်းပညာများနဲ့ ပေါင်းဖက်ပြီး ထူးခြားဆန်းသစ်တဲ့ ဈေးကွက် မြှင့်တင်ရေးနည်းလမ်းများကို အသုံးပြုလေ့ရှိပါတယ်။ အခုတစ်ခါလည်း စမတ်ဖုန်း Appတစ်ခုကနေ အင်္ကျီဒီဇိုင်းများ ရေးဆွဲပြီး မှာယူနိုင်တဲ့ အစီအစဉ်တစ်ခုကို ပြုလုပ်ပေးလိုက်ပါပြီ။

UTme!လို့ အမည်ပေးထားတဲ့ Appကနေ ဓါတ်ပုံများရိုက်၊ စာသာများထည့်၊ ဒီဇိုင်းရေးဆွဲနိုင်ပါတယ်။ ပြီးရင်တော့ Uniqlo ၀က်ဆိုက်ဆီသို့ Uploadပြုလုပ်ပြီး အင်္ကျီမှာယူနိုင်ပါပြီ။ ရှပ်အင်္ကျီ တစ်ထည်ကို ဂျပန်ယမ်း ၁၉၉၀ (ဒေါ်လာ ၂၀) သတ်မှတ်ထားပါတယ်။

ရုပ်ပုံ၊ စာသားတွေ ထည့်သွင်းနိုင်တဲ့ အပြင် ထူးခြားတဲ့ စွမ်းဆောင်ချက်က ဖုန်းကို လှုပ်ခါလိုက်ရင် Effectsများကို ထည့်သွင်းပေးတာ ဖြစ်ပါတယ်။ Effectများက ပရော်ဖက်ရှင်နယ် အနုပညာသမားများရဲ့ လက်ရာ အဆင့် ရှိတယ်လို့ ဆိုပါတယ်။

မိမိ စိတ်ကြိုက် ရုပ်ပုံများ ထည့်သွင်းနိုင်တဲ့အတွက် ဓါတ်ပုံ မူပိုင်ခွင့် ပြဿနာများနဲ့ မသင့်တော်တဲ့ ဓါတ်ပုံများ အသုံးပြုနိုင်တဲ့ ပြဿနာများလည်း ရှိနေတယ်လို့ ကျွမ်းကျင်သူများက သုံးသပ်ပါတယ်။

Uniqlo ဂျပန်၀က်ဆိုက်မှ Terms and Conditionsမှာတော့ Copyright ပစ္စည်းများကို အသုံးပြုခြင်းနဲ့ ပတ်သက်ပြီး စည်းကမ်းထုတ်ထားပါတယ်။ ရှင်းရှင်းလင်းလင်း မသိရသေးတဲ့အချက်က Uniqloဟာ Uploadပြုလုပ်တဲ့ ရုပ်ပုံများကို စစ်ဆေးမလားဆိုတာ ဖြစ်ပါတယ်။

UTme! Appကို Android နဲ့ iOSမှာ အသုံးပြုနိုင်ပါတယ်။

Appရဲ့ အလုပ်လုပ်ပုံကို အောက်က ဗီဒီယိုမှာ လေ့လာနိုင်ပါတယ်။

https://www.youtube.com/watch?v=o4VBfwMwxSE

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *