Lifestyle

ဘီယာရဲ့ ကျန်းမာရေးနဲ့ အလှအပအတွက် အကျိုးကျေးဇူးများ

ဘီယာရဲ့ ကျန်းမာရေးနဲ့ အလှအပအတွက် အကျိုးကျေးဇူးများ

နိုင်ငံခြားစကားပုံတစ်ခုက ဒီလိုဆိုပါတယ်။ “တစ်နေ့ကို ဘီယာတစ်ခွက် ခေါင်းပေါ်ကို လောင်းချရင် တောက်ပြောင် ချောမွေ့ပြီး နူးညံ့တဲ့ ဆံကေသာကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။” ဘီယာမှာ ပရိုတိန်းနဲ့ ဗိုက်တာမင်ဘီများ ပါရှိလို့ ဖြစ်ပါတယ်။

ရှည်လျားလှပတဲ့ ဆံကေသာကို ပိုင်ဆိုင်တဲ့ နာမည်ကြီး မင်းသမီး Catherine Zeta Jonesက အဲဒီစကားပုံအတိုင်း လိုက်နာကျင့်သုံးနေတာ နှစ်အတော်ကြာပြီလို့ သိရပါတယ်။ ဒါပေမယ့် သူမပြောတဲ့ ဆိုးကျိုးတစ်ခုက ဆံပင်ဟာ ဘီယာအနံ့ စွဲကပ်တယ်ဆိုတာပါပဲ။ အခုတော့ အမေရိကန် ကုမ္ပဏီတစ်ခုက ဘီယာကို အခြေခံ ထုတ်လုပ်ထားတဲ့ ဆံကေသာထိန်းသိမ်းပေးတဲ့ ထုတ်ကုန်များကို ရောင်းချလျှက်ရှိပြီး အနံ့ဆိုးများစွဲကပ်ခြင်းမရှိဘူးလို့ အာမခံထားပါတယ်။

Brooက ဘီယာကို အဓိကပါ၀င်ပစ္စည်းအနေနဲ့ ထည့်သွင်းထားတဲ့ Shampooနဲ့ Conditionerသုံးမျိုးကို ရောင်းချပေးနေပါတယ်။

ဒါတွေတင်မကသေးပါဘူး။ ဘီယာရဲ့ ကျန်းမာရေးနဲ့ အလှအပအတွက် အကျိုးကျေးဇူးများကို အောက်မှာဆက်ဖတ်ပါ။

အရေပြားကို ကောင်းမွန်စေတယ်
ဘီယာကန်ထဲမှာ ရေချိုးသန့်စင်ပေးတဲ့ Beer Spasများ သြစတျေးလျ၊ ချက်နဲ့ ဂျာမနီ နိုင်ငံများမှာ ပေါ်ထွက်လာနေပါပြီ။ ဗိုက်တာမင်များပါတဲ့အတွက် ဘီယာဟာ အရေပြားအတွက်ကောင်းမွန်ပါတယ်။ Beer Spaတစ်ခုရဲ့ပိုင်ရှင်က ဘီယာဟာ အညစ်အကြေးများကို သန့်စင်စေနိုင်ပြီး ခြောက်သွေ့စေပါတယ်လို့ ပြောပါတယ်။

ခြေထောက်နာကျင်မှုကို သက်သာစေတယ်
ဘီယာကန်ထဲမှာ မစိမ်ချင်ရင် ခြေထောက်တွေကို ဘီယာခွက်ထဲမှာ စိမ်ထားခြင်းဟာလည်း အညောင်းအညာနဲ့ နာကျင်မှုများ ပြေစေတယ်လို့ ဆိုပါတယ်။

ကျောက်ကပ်နဲ့ ဆီးလမ်းကြောင်းမှာ ကျောက်တည်ခြင်းကို လျော့ပါးစေတယ်
တစ်နေ့ကို ဘီယာတစ်ပုလင်းသောက်ခြင်းဟာ ကျောက်ကပ်နဲ့ ဆီးလမ်းကြောင်းမှာ ကျောက်တည်ခြင်းကို လေးဆယ်ရာခိုင်နှုန်း လျော့နည်းစေတယ်လို့ ၁၉၉၈ ခုနှစ်မှာ ဖင်လန်တွင် ပြုလုပ်ခဲ့တဲ့ သုတေသနစစ်တမ်းအရ သိရပါတယ်။

အညောင်းအညာပြေစေတယ်
ဘီယာဘူးကို ခြေထောက်အောက်မှာ ထားလှိမ့်ခြင်း၊ ပုခုံးပေါ်မှာ လှိမ့်ပေးခြင်းဖြင့် ကြွက်သား တစ်သျှူးများကို ပြေလျော့စေပြီး အဲဒီနေရာများမှာ သွေးများစီးဆင်းစေတယ်လို့ အနှိပ်ပညာရှင်များက အကြံပြုပါတယ်။

အမြင်အာရုံကို ကောင်းမွန်စေတယ်
တစ်နေ့ကို ဘီယာ တစ်ခွက်သောက်ခြင်းဖြင့် မျက်စိတိမ်စွဲရောဂါများကို တားဆီးနိုင်တယ်လို့ ကနေဒါ သိပ္ပံပညာရှင်များရဲ့ သုတေသနစစ်တမ်းမှာ ဖော်ပြထားပါတယ်။ ဘီယာမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများပါ၀င်တဲ့အတွက် ဖြစ်ပါတယ်။ ဒါပေမယ့် တစ်နေ့ကို ဘီယာသုံးခွက်ထက်ပိုသောက်ရင်တော့ ဆန့်ကျင်ဘက် ရလဒ်ကို ရရှိမှာကို သတိပြုပါ။

ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိစေတယ်
အယ်ကိုဟော မပါတဲ့ ဘီယာကို သောက်ခြင်းဟာ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိစေတယ်လို့ တွေ့ရှိခဲ့ကြပါတယ်။ သုတေသနတစ်ခုမှာ ပညာရှင်များက စမ်းသပ်မှုမှာ ပါ၀င်သူများကို အယ်ကိုဟော ပါတဲ့ ဘီယာသောက်ရမယ်လို့ပြောပါတယ်။ ဒါပေမယ့် တကယ်တမ်းမှာတော့ စမ်းသပ်သူတစ်၀က်ကို အယ်ကိုဟောမပါတဲ့ ဘီယာတိုက်လိုက်ပါတယ်။ ကျန်တစ်၀က်ကိုတော့ ဘာမှမတိုက်ဘဲနေစေပါတယ်။ ဘီယာသောက်ထားသူများဟာ ဘီယာသောက်ထားခြင်းမရှိသူများထက် စကားရွှင်သလို စမတ်ကျပြီး ကြည့်ကောင်းနေတာကိုတွေ့ရပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *