How-to

Windows တွေကို Manage ပြုလုပ်နိုင်တဲ့ Tricks များ

Windows Computer မှာ Windows တွေကို စီမံခန့်ခွဲနိုင်တဲ့ စွမ်းဆောင်ချက်တွေ ပါရှိပါတယ်။ ၀င်းဒိုးတွေကို ဘေးချင်းယှဉ်ပြီး အသုံးပြုနိုင်တဲ့ စွမ်းဆောင်ချက်တွေ ဖြစ်ပါတယ်။ အဲဒီ စွမ်းဆောင်ချက်တွေကို လူတော်တော်များများက မသိကြပါဘူး။ အဲဒီ စွမ်းဆောင်ချက်တွေက Multitasking ပြုလုပ်ဖို့ကောင်းမွန်တဲ့အတွက် ရေးသားတင်ပြလိုက်ပါတယ်။ ဒီဆောင်းပါးမှာ Windows 7 ကို အသုံးပြုထားပေမယ့် Windows 8 မျာလည်း အသုံးပြုနိုင်ပါတယ်။ အရင်၀င်းဒိုးတွေမှာလည်း အသုံးပြုနိုင်ပါတယ်။

၀င်းဒိုးနှစ်ခုကို ဘေးချင်းယှဉ်အသုံးပြုခြင်း။
Microsoft က Windows 8 မှာ Aero ကို ဖြုတ်လိုက်ပေမယ့် Aero Snap အပါအ၀င် အခြား Aero ရဲ့ စွမ်းဆောင်ချက်အချို့ ကို အသုံးပြုနိုင်ပါသေးတယ်။ Aero Snap က စကရင်ရဲ့ တစ်၀က်မှာ ၀င်းဒိုးတစ်ခုကို ပြပေးမှာဖြစ်ပြီး နောက်၀င်းဒိုးတစ်ခုကို စကရင် ရဲ့ အခြားတစ်၀က်မှာ ဘေးချင်းယှဉ် ပြသပေးမှာဖြစ်ပါတယ်။ အဲဒီအတွက် ၀င်းဒိုးတွေကို ကိုယ်တိုင် Resize လုပ်စရာမလိုတဲ့ အတွက် အလုပ်ရှုပ်သက်သာစေပါတယ်။

ဒီလိုလုပ်ဖို့အတွက် ၀င်းဒိုးတစ်ခုကို ရွေးချယ်ပါ။ Windows Key ကိုဖိထားပြီး ဘယ်ဘက်မျှား ကိုနှိပ်ပါ။ ဒါဆိုရင် ၀င်းဒိုးက ဘယ်ဘက်ကို Resize လုပ်ပေးပါလိမ့်မယ်။ နောက်၀င်းဒိုး တစ်ခုပေါ်မှာ Windows Key ကို နှိပ်ပြီး ညာဘက်မျှားကို နှိပ်ပါ။ ဒါဆိုရင် အဲဒီ၀င်းဒိုးက ညာဘက်ကို Resize ဖြစ်သွားပါလိမ့်မယ်။

နောက်တစ်နည်းက Windows Title Bar ပေါ်မှာ Mouse Button ကို ဖိထားပြီး Drag ဆွဲပြီး စကရင်ရဲ့ ဘယ်ဘက်အစွန်းကို ဆွဲပို့ပါ။ Preview ပေါ်လာမှာဖြစ်ပြီး Mouse Button ကိုလွှတ်လိုက်ရင် ၀င်းဒိုးကို ဘယ်ဘက်မှာ Resize လုပ်ပေးမှာဖြစ်ပါတယ်။ နောက်၀င်းဒိုးတစ်ခုကို အဲဒီနည်းအတိုင်းပဲ ညာဘက်ကို Drag ဆွဲပြီးပို့ပါ။

2

Maximize, Restore, Minimize
၀င်းဒိုးတစ်ခုကို Maximize လုပ်ဖို့ Title Bar ကို Drag ဆွဲပြီး အပေါ်ထောင့်ကို ပို့ပါ။ Preview ပေါ်လာမှာဖြစ်ပြီး Mouse Button ကိုလွှတ်ပါ။ ဒါဆိုရင် ၀င်းဒိုး ကို Maximize လုပ်ပေးပါလိမ့်မယ်။ အဲဒီ ၀င်းဒိုးကို Restore ပြုလုပ်ဖို့အတွက် Drag ဆွဲပြီးအောက်ကို ဆွဲပါ။ Mouse Button ကို လွှတ်ရင် Restore လုပ်ပေးပါလိမ့်မယ်။

Keyboard Shortcuts ကို အသုံပြုပြီးလည်း အဲဒီ စွမ်းဆောင်ချက်တွေကို ပြုလုပ်နိုင်ပါတယ်။ Windows Key + Up Arrow ကိုနှိပ်ရင် Maximize လုပ်ပေးမှာဖြစ်ပြီး Windows Key + Down Arrow ကိုနှိပ်ရင် Restore လုပ်ပေးမှာဖြစ်ပါတယ်။ နောက်တစ်ခါ Down Arrow နှိပ်ရင် Minimize လုပ်ပေးမှာဖြစ်ပါတယ်။

Cascade, Stack
Taskbar အပေါ်မှာ Right Click နှိပ်ရင် Cascade windows, Show windows stacked, Show windows side by side ဆိုတဲ့ Window Management Options တွေကို မြင်နိုင်ပါတယ်။

3

Cascade Windows ကိုနှိပ်ရင် Windows Title Bar တွေကို ထပ်ပြီး ပြပေးမှာဖြစ်ပါတယ်။ ဒီလုပ်ဆောင်ချက်ကို အသုံးပြုလေ့သိပ်မရှိကြပါဘူး။

4

Show Windows Stacked ကိုနှိပ်ရင် ၀င်းဒိုးတွေကို အလျားလိုက်ပြပေးမှာဖြစ်ပါတယ်။ စကရင်ကြီးမားတဲ့ ကွန်ပြူတာတွေမှာ အလုပ်တွေအများကြီးကို တစ်ပြိုင်နက် ပြုလုပ်နိုင်ပါတယ်။

5

Show Windows Side by Side ကိုနှိပ်ရင် ၀င်းဒိုးတွေကို ဒေါင်လိုက်ပြပေးမှာဖြစ်ပါတယ်။ ၀င်းဒိုးအများအပြားကို တစ်ပြိုင်နက် အသုံးပြုနိုင်ပါတယ်။

6

အခုဖော်ပြပေးလိုက်တဲ့ စွမ်းဆောင်ချက်တွေကို လူတွေ သိပ်မသိကြပါဘူး။ အဲဒီစွမ်းဆောင်ချက်တွေဟာ Desktop Applications တွေများစွာဖွင့်ပြီး တစ်ပြိုင်နက် အလုပ်လုပ်ရတဲ့သူတွေအတွက် အသုံး၀င်ပါတယ်။ အထူးသဖြင့် ကြီးမားတဲ့မော်နီတာကို အသုံးပြုတဲ့ သူတွေအတွက် အသုံး၀င်ပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *