How-to

ကွန်ပြူတာမှာ လျှင်မြန်စွာ အလုပ်လုပ်ပေးမယ့် Software ခုနစ် ခု

၀င်းဒိုးကွန်ပြူတာမှာ သင့်တော်တဲ့ Software တွေ အသုံးပြုဖို့လိုအပ်ပါတယ်။ ကွန်ပြူတာ အသစ်တွေအတွက် မလိုအပ်ပေမယ့် ကွန်ပြူတာ အဟောင်းတွေမှာတော့ စွမ်းဆောင်ရည် နိမ့်ကျတဲ့အတွက် ပေါ့ပါးတဲ့ ဆော့ဝဲတွေ ရွေးချယ်အသုံးပြုသင့်ပါတယ်။ စွမ်းဆောင်ရည်နိမ့်တဲ့ ကွန်ပြူတာတွေမှာ Resources တွေကို အလွန်အကျွံအသုံးပြုတဲ့ ဆော့ဝဲတွေ အသုံးပြုရင် စက်လေးလံမှာ ဖြစ်ပါတယ်။ ပေါ့ပါးတဲ့ ဆော့ဝဲတွေ အများအပြားရှိပေမယ့် ကွန်ပြူတာ အသုံးပြုသူတွေဟာ အသုံးပြုသင့်မှန်းမသိကြပါဘူး။ ဒီဆောင်းပါးမှာ ပေါ့ပါးပြီး အသုံး၀င်တဲ့ ဆော့ဝဲ ခုနစ်ခု ကို ဖော်ပြပေးလိုက်ပါတယ်။

Adobe Reader အစား Sumatra PDF ကို အသုံးပြုပါ။

Adobe Reader က ကောင်းမွန်ပေမယ့် ဖိုင်တွေဖွင့်ရင် အချိန်အတော်ကြာတာကို သတိထားမိပါတယ်။ Sumatra PDF ကို အသုံးပြုရင် ဖိုင်တွေကို လျှင်မြန်စွာဖွင့်ပေးနိုင်ပါတယ်။ အဲဒီဆော့ဝဲမှာ PDF ကို ကြည့်နိုင်တဲ့ အခြေခံ စွမ်းဆောင်ချက်တွေအားလုံး ပါရှိပါတယ်။ ဒါပေမယ့် PDF တွေကိုတော့ Edit မလုပ်ပေးနိုင်ပါဘူး။

1

iTunes အစား Jaangle ကို အသုံးပြုပါ။

Jaangle ဟာ ပေါ့ပါးတဲ့ Music Player ဖြစ်ပါတယ်။ 15MB RAM ပမာဏ လောက်ကိုသာ အသုံးပြုတာတွေ့ရပါတယ်။ ပုံပန်းသွင်ပြင်က လှပမှုမရှိပေမယ့် စွမ်းဆောင်ချက်တွေက ရာနှုန်းပြည့်ကောင်းမွန်ပါတယ်။ iTunes ဟာ Memory ပမာဏကို လွန်စွာ အသုံးပြုတဲ့အတွက် ကွန်ပြူတာ အဟောင်းတွေမှာ အသုံးပြုဖို့အဆင်မပြေပါဘူး။ iTunes အစား Jaangle ကို အသုံးပြုနိုင်ပါတယ်။

2

Internet Explorer အစား Chrome, Firefox, Opera တို့ကို အသုံးပြုပါ။

Internet Explorer ဟာ နောက်ပိုင်းမှာ စွမ်းဆောင်ချက်တွေ ကောင်းမွန်လာပေမယ့် သူ့ရဲ့ ပြိုင်ဖက်တွေလောက်တော့ ကောင်းမွန်မှု မရှိသေးပါဘူး။ Chrome, Firefox, Opera တို့ ဟာ ပိုမိုလျှင်မြန်ပြီး ပေါ့ပါးပါတယ်။

Ashampoo_Snap_02

Nero Burning ROM အစား ImgBurn အသုံးပြုပါ။

Nero Burning ROM က အလွန်ကောင်းမွန်တဲ့ ဆော့ဝဲ ဖြစ်ပေမယ့် အသုံးပြုရတာ အနည်းငယ်ရှုပ်ထွေးပါတယ်။ နောက်ပိုင်းမှာ ပေါ်လာတဲ့ သူ့ရဲ့ ပြိုင်ဖက်များစွာ ရှိပြီး ImgBurn က အသုံးပြုရတာ လွယ်ကူပြီး CDs/DVDs တို့ကို လျှင်မြန်စွာ Burn ပေးနိုင်ပါတယ်။

4

Windows Media Player အစား Daum PotPlayer ကို အသုံးပြုပါ။

Windows Media Player က ကောင်းမွန်ပေမယ့် Video Player လောကမှာ တော့ ယှဉ်ပြိုင်နိုင်ခြင်းမရှိပါဘူး။ Daum PotPlayer က ဖော်မက် များစွာ ကိုဖွင့်ပေးနိုင်ပြီး ပေါ့ပါးလျှင်မြန်ပါတယ်။ Subtitle အသုံးပြုနိုင်ပြီး ကီးဘုတ် Shortcuts တွေများစွာ အသုံးပြုနိုင်ပါတယ်။

5

WinRAR/WinZip အစား 7-Zip အသုံးပြုပါ။

WinRAR , WinZip တို့ က အစောဆုံးထွက်ပေါ်ခဲ့တာ ဖြစ်ပေမယ့် နောက်ပိုင်းထွက်ပေါ်လာတဲ့ 7-Zip က သေးငယ်ပေါ့ပါးပြီး ဖော်မက်များစွာ ကို Zip/ Unzip လုပ်ပေးနိုင်ပါတယ်။ ဒါ့အပြင် 7-Zip က WinRAR, WinZip တို့ထက် ပိုမိုလျှင်မြန်ပါတယ်။

6

Windows Explorer အစား TeraCopy အသုံးပြုပါ။

Windows 8 မှာ File Explorer လို့ နာမည်ပြောင်းလိုက်တဲ့ Windows Explorer ဟာ ကွန်ပြူတာ အသုံးပြုသူတိုင်းနေ့စဉ် အသုံးပြုနေရပြီး Windows Explorer ကို အကောင်းဆုံး အသုံးချနိုင်တဲ့ Hack နည်းတွေလည်း ရှိပါတယ်။ Windows 8 ရဲ့ File Explorer မှာ စွမ်းဆောင်ချက်တွေပိုမိုကောင်းမွန်လာပါတယ်။ ဖိုင်ကူးပြောင်းတဲ့နေစဉ်မှာ Pause / Resume လုပ်နိုင်လာသလို ကူးပြောင်းတဲ့ အမြန်နှုန်း က လည်း အလွန်လျှင်မြန်လာပါတယ်။ ဒါပေမယ့် ကွန်ပြူတာ အဟောင်းတွေက Windows Explorer ကတော့ စွမ်းဆောင်ရည် ညံ့ဖျင်းလှပါတယ်။ Windows Explorer အစား TeraCopy ကို အသုံးပြုသင့်ပါတယ်။ TeraCopy က ဖိုင်တွေကို လျှင်မြန်စွာ ကူးပြောင်းပေးနိုင်တဲ့အပြင် Pause/ Resume လုပ်ပေးနိုင်ပါတယ်။ ဒါ့အပြင် အခြားစွမ်းဆောင်ချက်တွေပါရှိပါတယ်။

7

သင့်ကွန်ပြူတာ အဟောင်းမှာ ဆော့ဝဲ တွေ အသုံးပြုရတာ အဆင်မပြေဖြစ်နေရင်တော့ အပေါ်က ဆော့ဝဲ ခုနစ်ခု ကို ပြောင်းလဲအသုံးပြုဖို့ အကြံပေးပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts