How-to

Windows Update ဖိုင်တွေကိုရှင်းပြီးသင့်ကွန်ပြူတာမှာ နေရာလွတ်တွေရယူပါ။

Windows Update ကနေ  Update တွေကိုအင်စတောလုပ်ပြီးရင် မလိုအပ်တော့တဲ့ ဖိုင်တွေ ကျန်ခဲ့ပါတယ်။အဲဒီဖိုင်တွေကအရွယ်အစားကြီးမားပြီး သင့် ကွန်ပြူတာမှာမလိုအပ်တော့ဘဲနေရာယူနေပါတယ်။အဲဒီဖိုင်တွေကိုရှင်းဖို့  Microsoft  က Tool တစ်ခုကိုပြုလုပ်ပေးလိုက်ပါတယ်။

အဲဒီဖိုင်တွေကိုရှင်းဖို့အတွက် အရင်ဆုံးပြုလုပ်ရမှာက Windows Update ကနေ Updates အရင်ဆုံးအင်စတောလုပ်ရမှာပါ။အဲဒါမှအဲဒီ Tool ကိုသုံးလို့ ရမှာဖြစ်ပါတယ်။အင်စတောလုပ်ပြီးရင် Search Box ကနေ cleanmgr လို့ ရိုက်ပြီး Enter နှိပ်ပါ။ Disk Cleanup ပေါ်လာရင် ၀င်းဒိုးအင်စတောလုပ်ထားတဲ့ Drive ကိုရွေးပေးပါ။

2

“Clean up System files” ကိုနှိပ်ပါ။ “Windows Update Cleanup” ဆိုတဲ့ Check Box မှာအမှန်ခြစ်ပေးပြီး Ok နှိပ်ပါ။

3

ဒါဆိုရင် သင့်ကွန်ပြူတာက မလိုအပ်တော့တဲ့ Windows Update ဖိုင်တွေကိုရှင်းပြီးနေရာလွတ်တွေ ရရှိပါပြီ။Duplicate ဖိုင်တွေဖျက်ခြင်း၊အသုံးမပြုတဲ့ System Features တွေကို Disable ပြုလုပ်ခြင်း၊ Temp ဖိုင်တွေကိုရှင်းခြင်းဖြင့်လည်း ၀င်းဒိုးကွန်ပြူတာမှာနေရာလွတ်တွေရရှိနိုင်ပါတယ်။အဲဒီဖိုင်တွေကိုရှင်းဖို့နည်းလမ်းတွေကို ဒီဆောင်းပါး  မှာလေ့လာပါ။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

2 thoughts on “Windows Update ဖိုင်တွေကိုရှင်းပြီးသင့်ကွန်ပြူတာမှာ နေရာလွတ်တွေရယူပါ။

  1. kyaw kyaw says:

    help me to dowload microsoft security essentials for my window 7 how to dowload form this page .. your page I like very much for IT Thanks alots

Leave a Reply

Your email address will not be published. Required fields are marked *