Review

Windows OS အားလုံးတွင် Windows 7 အသုံးပြုသူအများဆုံး

Windows OS အားလုံးတွင် Windows 7 အသုံးပြုသူအများဆုံး

Windows 8ထွက်ရှိတာ နှစ်နှစ်ကြာနီးပါးရှိတော့မှာ ဖြစ်ပေမယ့် ၂၀၀၁ ခုနှစ်မှာ ဖြန့်ချီခဲ့တဲ့ Windows XPလောက် လက်ရှိမှာ လူသုံးမများသေးပါဘူး။

Microsoftက Windows XPအတွက် လုံခြုံရေး Updateများနဲ့ အခြား Updateများကို မပံ့ပိုးပေးတော့ပေမယ့် Net Marketshareရဲ့ စစ်တမ်းအရ XPအသုံးပြုသူဟာ ဇွန်လအထိ ၂၅.၃၁ ရာခိုင်နှုန်း ရှိနေပါသေးတယ်။ ဒါဟာ မေလရဲ့ ၂၅.၂၇ ရာခိုင်နှုန်းထက် တိုးတက်လာတာပါ။

တစ်ချိန်တည်းမှာပဲ မေလမှာ ၆.၂၉ ရာခိုင်နှုန်းရှိခဲ့တဲ့ Windows 8ဟာ ၅.၉၃ အထိကျဆင်းသွားပါတယ်။

Windows 7 ထွက်ရှိပြီး သုံးနှစ်အကြာမှာ Windows 8 ထွက်ရှိလာပေမယ့် Windows 7ဟာ ကမ္ဘာပေါ်မှာ လူကြိုက်အများဆုံး Operating Systemဖြစ်နေပါတယ်။ Windows 7အသုံးပြုသူဟာ မေလမှာ ၅၀.၀၆ ရာခိုင်နှုန်းဖြစ်ပြီး ဇွန်လမှာ ၅၀.၅၅ အထိတိုးတက်လာပါတယ်။

Microsoftရဲ့ နောက်ဆုံးထုတ် Operating Systemဖြစ်တဲ့ Windows 8.1ကို အသုံးပြုသူတိုးတက်လာပေမယ့် အနည်းငယ်ပါပဲ။ Windows 8.1အသုံပြုသူများဟာ မေလမှာ ၆.၃၅ ရာခိုင်နှုန်းဖြစ်ပြီး ဇွန်လမှာ ၆.၆၁ အထိတိုးတက်လာတာပါ။

Windows 8အသုံးပြုသူ တိုးတက်မလာရတဲ့ အကြောင်းရင်း နှစ်ခုရှိပါတယ်။ ပထမတစ်ခုက Windows 8.1ကို ၂၀၁၃ ခုနှစ် အောက်တိုဘာလမှာ စောစောစီးစီး ဖြန့်ချီပေးခဲ့တဲ့ အတွက် ကွန်ပြူတာ ထုတ်လုပ်သူတွေက Windows 8 အစား Windows 8.1ကို အသုံးပြုကြပါတယ်။ ဒုတိယအချက်က Windows 8ပိုင်ရှင်များအနေနဲ့ Windows 8.1ကို အခမဲ့ အဆင့်မြှင့်နိုင်အောင် ပြုလုပ်ပေးခဲ့လို့ပါ။ အလကားရတဲ့အတွက် Windows 8အသုံးပြုသူတွေဟာ Windows 8.1ကို အဆင့်မြှင့်ကြတာဖြစ်ပါတယ်။

Windows 8နဲ့ Windows 8.1 အသုံးပြုသူအရေအတွက်ဟာ သိပ်ကွာခြားမှုမရှိပါဘူး။ နောက်ထွက်မယ့် OSအသစ်မတိုင်မီအထိ ဒီလိုပဲရှိနေအုံးမှာပါ။

ထွက်ပေါ်နေတဲ့ သတင်းတွေအရ Microsoftက Windows 9မှာ Desktop စွမ်းဆောင်ချက်တွေကို အဓိကထား ပြုလုပ်ပေးထားမှာဖြစ်ပြီး ၂၀၁၅ ခုနှစ် ဆောင်းရာသီအကုန်မှာ ဖြန့်ချီပေးမှာဖြစ်ပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *