News

iPhone 6 မှာ 10-megapixel ကင်မရာ တပ်ဆင်ထားမည်

iPhone 6 နဲ့ ပတ်သက်ပြီးတော့ သတင်းတွေထွက်ပေါ်ခဲ့တာကြာပြီ ဖြစ်ပါတယ်။ နောက်ဆုံးထွက်ရှိတဲ့သတင်းများအရ iPhone 6 မှာ ပိုမိုကောင်းမွန်တဲ့ ကင်မရာ တပ်ဆင်ထားမယ်လို့ သိရပါတယ်။ တရုတ် Website IT168 က iPhone 6 မှာ 10-megapixel ကင်မရာ တပ်ဆင်ထားမယ်လို့ သတင်းပေးပို့ပါတယ်။

အရင်ထွက်ပေါ်ခဲ့သော သတင်းတွေအရ Apple က iPhone5 မှာ အသုံးပြုထားတဲ့ 8-megapixel ကိုပဲ iPhone6 မှာ အသုံးပြု မယ်လို့ သိရပါတယ်။ ဒါပေမယ့် ပြိုင်ဘက်တွေက ကင်မရာနည်းပညာတွေကို ပိုမိုကောင်းမွန်လာအောင် ပြုလုပ်လာတာဖြစ်တဲ့ အတွက် အခုထွက်ပေါ်နေတဲ့သတင်းဟာ အမှန်ဖြစ်လာနိုင်ပါတယ်။

အရင်ထွက်ပေါ်ခဲ့သော သတင်းတွေအရ iPhone6 မှာ ၄.၇ လက်မ Display တပ်ဆင်ထားပြီး (1136×640) Resolution ပါရှိပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *