How-to

Windows 8/8.1ကို Windows 7အသွင်ပြောင်းနည်း

Windows 8ရဲ့ လုံး၀ပြောင်းလဲသွားတဲ့ Modern UI , Start Screen, Metro Appတွေကတော့ ၀င်းဒိုး အသုံးပြုသူတွေကြားမှာ ပြောစရာတွေ ဖြစ်ခဲ့ပါတယ်။ Windows 8မှာ လူပြော အများဆုံးဖြစ်တဲ့ အကြောင်းအရာကတော့ Start Menuမပါရှိတော့တာဖြစ်ပြီး Windows 8.1မှာတော့ ပြန်လည် ပါ၀င်လာခဲ့ပါတယ်။ Windows 7မှာမပါတဲ့ Featuresတွေ Windows 8မှာပါရှိလာသလို Windows 7 က Featuresတစ်ချို့ကိုလည်း Windows 8မှာ ဖြုတ်ချလိုက်ပါတယ်။ ဒီဆောင်းပါးမှာ Windows 8ကို Windows 7ရဲ့ User Interfaceနဲ့ အသုံးပြုနိုင်ဖို့နဲ့ မသုံးချင်တဲ့ Featuresတွေကို Disable ပြုလုပ်ဖို့ Windows 7က Featureတွေကို ပြန်လည်အသုံးပြုနိုင်ဖို့ နည်းတွေကို ရေးပါမယ်။ ဒီနည်းတွေကို အသုံးပြုပြီး Windows 8ကို Windows 7ကို အသွင်ပြောင်းပြီး သုံးနိုင်မှာပါ။

Start Screen, Charms Bar, Hot Cornersစတာတွေကို Disable လုပ်ပါ

Windows 8/8.1မှာ Login၀င်ပြီးရင် Start Screenကို အရင်ဆုံး ရောက်သွားမှာပါ။ Windows 8.1 မှာတော့ Desktopကို ရောက်ဖို့ ပြုလုပ်နိုင်ပါတယ်။ Start Screenနဲ့ Modern UI Featuresတွေကို Remove လုပ်လို့မရပေမယ့် Disableလုပ်ပေးနိုင်တဲ့ Programတွေရှိပါတယ်။ Metro Killerဆိုတဲ့ Freewareက Start Screen, Hot Cornersတွေကို Disable လုပ်ပေးနိုင်ပါတယ်။ Restart ချလိုက်ရင်တော့ Start Screen ပြန်ပေါ်လာမှာဖြစ်ပြီး Metro Killerကို ပြန်အသုံးပြုရမှာပါ။
နောက်ထပ် Freewareတစ်ခုကတော့ Skip Metro Suiteဖြစ်ပြီး Start Screenကို Bypassလုပ်ဖို့နဲ့ Charms Bar, Hot Cornersတွေကို Disableလုပ်ဖို့ သုံးနိုင်ပါတယ်။

Start Menuကို Installလုပ်ပါ

Start Menuကို အသုံးပြုနိုင်ဖို့ Freewareအများအပြားရှိပြီး IObit Start 8, Classic Shell, ViStart စတာတွေကို သုံးနိုင်ပါတယ်။ Windows 8.1မှာတော့ Start Menu ပြန်ပြီး ပါရှိလာတဲ့အတွက် တစ်ခြား ဆော့ဝဲများ မလို ပါ။

Aero Glass Effectကို Enable လုပ်ပါ

Windows 8မှာ Aero Glass Transparencyကို ဖြုတ်လိုက်တဲ့အတွက် Aero Glassကို သုံးချင်ရင် WinAero Aero Glass Enablerကို သုံးနိုင်ပါတယ်။

File Explorer Ribbonကို Disable လုပ်ပါ

Windows 8ရဲ့ File Explorerမှာ အသစ်ထည့်သွင်းလိုက်တဲ့ Ribbon UIကို တွေ ့နိုင်ပါတယ်။ အောက်ကပုံမှာလို Windows 7က UIအတိုင်း အသုံးပြုချင်ရင် WinAeroရဲ့ Ribbon Disablerကို သုံးပါ။

Default Programsတွေကို ပြောင်းပါ

Windows 8မှာ Default အားဖြင့် Music, Video, Imageတွေကို ဖွင့်ရင် Modern Appတွေနဲ ့ ဖွင့်ပေးမှာဖြစ်ပြီး Desktop Programsတွေကို အသုံးပြုနိုင်ဖို့ Default Programsတွေကို ပြောင်းလဲ သတ်မှတ်ပေးပါ။ Control Panel က Default Programsမှာ ပြောင်းလဲပေးရမှာပါ။ အလွယ် ပြောင်းချင်ရင်တော့ Music, Video, Image ဖိုင်ပေါ်မှာ Right Click နှိပ်ပြီး Open with> Choose default programကနေ ပြောင်းနိုင်ပါတယ်။

Gadgetsတွေကို Restore လုပ်ပါ

Windows 8မှာ Gadgetsတွေကို Support မပေးတော့တဲ့အတွက် Gadgetsတွေကို အသုံးပြုချင်ရင် 8GadgetPackဆိုတဲ့ ဆော့ဝဲကို အသုံးပြုနိုင်ပါတယ်။ ဒါဆိုရင် Gadgetsတွေကို အသုံးပြုလို့ ရပါပြီ။

DVD Player အသုံးပြုပါ

Windows 8မှာ DVDတွေကို ကြည့်လို့ မရတော့တဲ့အတွက် VLC Media Playerလိုမျိုး Freewareတွေ အသုံးပြုနိုင်ပါတယ်။

Windows 7 Wallpaper

Windows 8ရဲ့ Desktop Wallpaperကို Windows 7 Wallpaper အသုံးပြုချင်သေးရင် Windows 7 Default Wallpaperကို အင်တာနက်ကနေရှာပြီး အသုံးပြုနိုင်ပါတယ်။ Wallpaperပေါ်မှာ Right Click နှိပ်ပြီး Set as desktop backgroundကိုနှိပ်ပြီး သုံးနိုင်ပါတယ်။

အပေါ်က နည်းတွေကို သုံးပြီး Windows 8မှာ မပါတော့တဲ့ Windows 7ရဲ့ Features တွေကို ပြန် အသုံးပြု နိုင်ပါတယ်။ Windows 8မှာပါရှိလာတဲ့ Features အသစ်တွေကိုလည်း မနှစ်သက်ရင် ဖြုတ်ပစ်နိုင်ပါပြီ။ အဲဒီအတွက် Windows 8ကို Windows 7အနေနဲ့သုံးနိုင်ပြီ ဖြစ်ပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *