News

အနီရောင် LG Nexus 5 ကို တရား၀င်ရောင်းချပြီ

အနီရောင် LG Nexus 5 ကို Valentine’s Day အမီ Google က ရောင်းချပေးလိုက်ပါတယ်။ အရင်ထွက်ပေါ်ခဲ့သော သတင်းများ အတိုင်းပဲ အနီရောင် LG Nexus 5 ပေါ်ထွက်လာပြီဖြစ်ပါတယ်။ Google Play Store မှ 16 GB သို့မဟုတ် 32GB ရွေးချယ်မှာယူ နိုင်ပါတယ်။ အရင်ထုတ်လုပ်ခဲ့တဲ့ အဖြူရောင်နဲ့ ရောင်းချမည့်စျေးနှုန်းမှာ အတူတူပင် ဖြစ်ပါတယ်။

အနီရောင် Nexus 5 ကို နိုင်ငံအများအပြားတွင် အခုလအတွင်း ရောင်းချပေးမှာဖြစ်ပြီး အဆိုပါနိုင်ငံများကတော့ United States, Canada, The United Kingdom, France, Germany, Italy, Spain, India, Australia, Hong Kong, Japan နှင့်.Korea နိုင်ငံတို့ဖြစ်ပါတယ်။ အခြားရောင်းချမယ့် ဥရောပနိုင်ငံများကို ဒီလကုန်မှာ ကြေညာမှာဖြစ်ပါတယ်။

Nexus 5 မှာ ၄.၉၅ လက်မအရွယ် Display တပ်ဆင်ထားပါတယ်။ 1080×1920 Pixel Resolution နဲ့ တစ်လက်မတွင် Pixel သိပ်သည်းဆ (၄၄၅) ပါရှိပါတယ်။ Quad-Core 2.3GHz Krait 400 Processor, Android 4.4 KitKat ဖြင့် မောင်းနှင်လည်ပတ် မှာဖြစ်ပြီး 16GB သို့မဟုတ် 32GB ရွေးချယ်နိုင်ပါတယ်။ 2GB RAM ပါရှိပြီး MicroSD Card ထည့်သွင်းအသုံးပြုနိုင်ရန် Slot မပါရှိပါဘူး။ အနောက်ကင်မရာ 8MP နှင့် မျက်နှာချင်းဆိုင်ကင်မရာ 1.3MP တပ်ဆင်ထားပြီး 2300mAh Battery ကိုအသေ တပ်ဆင်ထားပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။