How-to

Apple ID ဆိုတာ……

Apple ID ဆိုတာဟာ Apple product အားလုံးကို သင် အသုံးပြုရာမှာ မရှိမဖြစ် လိုအပ်တဲ့ Login ဖြစ်ပါတယ်။ ဥပမာ (iCloudကို အသုံးပြုခြင်း၊ App Storeမှ applicationများ ရယူ အသုံးပြုခြင်း၊ iTunes storeမှ သီချင်း၊ ရုပ်ရှင်၊ TV Showများ ၀ယ်ယူ အသုံးပြုခြင်း စသဖြင့်ပေါ့…

Basics
Apple IDဟာ မိမိ usernameဖြင့် လိုအပ်သည်များကို Appleမှ ရယူသုံးစွဲနိုင်မည်ဖြစ်ပါသည်။ Apple serviceကို အသုံးပြုလိုပါက အကောင့်တစ်ခု ပြုလုပ်ရမှာ ဖြစ်ပြီး iCloud သို့မဟုတ် App Storeမှ ဖွင့်ယူရမည် ဖြစ်သည်။ အကောင့်အသစ် ပြုလုပ်ပြီးပါက မိမိတွင် Apple ID တစ်ခု ပိုင်ဆိုင်သွားပြီ ဖြစ်ပါသည်။

Password
မိမိ passwordအား မေ့သွားခဲ့လျှင်လည်း အလွယ်တကူ reset ပြန်လုပ်နိုင်ပါတယ်။

Manage Account
Apple IDအား မိမိ လိုအပ်သလို ပြန်ချိန်းနိုင်ပြီး update email, mailing address သို့မဟုတ် အခြားအကောင့် information စတာတွေကိုလည်း ပြန်လည် ချိန်းနိုင်ပါတယ်။

Multiple Account
Multiple Account များစွာဖြင့်လည်း သုံးစွဲနိုင်သည်။ ဆိုလိုသည်က မိမိမှာ လက်ရှိ iTunes အကောင့်လည်း ရှိ၊ iCloud အကောင့်လည်းရှိသည်ဆိုရင်ဖြင့် ထို အကောင့် အားလုံးဟာ Apple ID ဖြစ်ကြောင်း၊ Apple ID တစ်ခုတည်းဖြင့်လည်း iTunes Storeနှင့် iCloudရဲ့ featuresတွေကို အသုံးပြုနိုင်ကြောင်း သိရပါသည်။

Security and Privacy
Apple ID Security သို့မဟုတ် privacy setting ကဲ့သို့သော questions များတွင် အီးမေလ်း ချိန်းသည်ဖြစ်စေ၊ Apple ID securityကို ကာကွယ်ရန်ဖြစ်စေ၊ privacyတို့ကလည်း အရေးကြီးတဲ့အတွက် မိမိ လိုအပ်သလို ပြုလုပ်နိုင်ပါတယ်။

Others
Apple IDဖြင့် မိမိ၏ iDeviceတွေကို Internet Connection ရှိရံှဖြင့် ရှာဖွေနိုင်သည့်အပြင် Appleနှင့် ပတ်သက်သည့် Web Services အားလုံးကိုလည်း Apple ID တစ်ခုရှိရုံဖြင့် လိုသလို အသုံးပြုနိုင်မည် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *