ဓါတ်ပုံထဲမှာ ပါတဲ့သူတွေကတော့ Facebook မှာ အလုပ်လုပ်နေတာ အချိန်တော်တော်ကြာပါပြီ။ ဘာလို့လည်းဆိုတော့ သူတို့ဟာ Facebook ရဲ့ အဓိက campus ဖြစ်တဲ့ Menlo Park မှာ အလုပ်လုပ်နေကြလို့ ဖြစ်ပါတယ်။ Facebook သူတို့ရဲ့ ဆိုရှယ်နက်ဝက်ခ်ဟာ ကမ္ဘာပေါ်မှာ အကျော်ကြားဆုံး နက်ဝက်ခ်ဖြစ်ဖို့ မလိုချင်ပါဘူး။ သူတို့လိုချင်တာ အခန်းအကြီးတစ်ခုလိုမျိုး နေရာတစ်ခုခုမှာ လူတွစုပြီး စကားပြောနေကြတာကို လိုချင်တာပါ။ ဒါပေမယ့် များစွာသော ကုမ္ပဏီတွေက Facebook ကို မသုံးပြုပြီး သူတို့ရဲ့ စီးပွားရေး လုပ်ငန်းတွေ လုပ်ကြတယ်။ သတင်းတွေ ရှဲကြတယ်။ ဒါကြောင့် Facebook ရဲ့ ရုံးချုပ်တည်ရှိရာ Menlo Park က အရင်ပတ်က ကြေညာချက်ထုတ်ခဲ့တယ်။ သူတို့ဟာ တစ်ချို့ စီးပွားရေး လုပ်ငန်းတွေအတွက် ရည်ရွယ်ပြီးတော့ သူတို့ရဲ့ corporate edition တစ်ခုကို အစမ်းသပ်သုံးစွဲဖို့ နေကြတယ်လို့ ပြောပါတယ်။ Facebook ရဲ့ ကွန်ယှက်ကို linkedin လို ဝက်ဆိုက်ဒ်တွေလိုမျိုး ဆားဗစ်တွေပေးတာပါ။ သူတို့ရဲ့ နက်ဝက်ခ်ကို ချဲ့တဲ့သဘောလည်း ဖြစ်ပါတယ်။ “ဒါဟာ Facebook ကို လူတိုင်းကြိုက်တဲ့ အချက်တစ်ခုပဲ၊ အခုတော့ အလုပ်နဲ့ နီးစပ်သွားတာပေါ့”လို့ Facebook က အင်ဂျင်နီယာ ဒါရိုက်တာဖြစ်တဲ့ Lars Rasmussen က အင်တာဗျူးမှာ ပြောပါတယ်။
အဲဒီ့ ဆားဗစ်ကို စတင်စမ်းသပ်ဖို့ ကြိုးစားနေတာ အရင်နှစ်ကတည်းက စတာပါ။ ပုံမှန် Facebook နဲ့တော့ မတူပါဘူး။ သင့်ရဲ့ အလုပ်ရှင်က သင့်ရဲ့ အကောင့်ကို ဖန်တီးရမယ်၊ အဲဒီ့အကောင့်ကလည်း Facebook account လိုမျိုး ပါစင်နယ်မဟုတ်ပဲ အလုပ် လုပ်တဲ့ပုံစံနဲ့ ဆင်တူတဲ့ ပုံစံဖြစ်ပါတယ်။ သင်အနေနဲ့ Friend တွေ အပ်စရာ၊ ထည့်စရာ မလိုဘူး။ သင့်ရဲ့ ကုမ္ပဏီမှာ ရှိတဲ့ လူတိုင်း အလိုအလျောက် သင့်ရဲ့နက်ဝက်ခ်ထဲ အလိုအလျောက် ဝင်လာမှာ ဖြစ်တယ်။ သင်တင်လိုက်တဲ့ post တိုင်းဟာ သင်ရဲ့ corporate နက်ဝက်ခ်ထဲက လူတိုင်း မြင်ရတယ် ပြီးတော့ content တိုင်းကို ကုမ္ပဏီက ပိုင်တယ်။ အဲဒီ့ဆားဗစ်မှာ သင့်အနေနဲ့ privacy လိုချင်ရင် သင့်အနေနဲ့ သင်ကိုယ်တိုင် group ဖန်တီးနိုင်တယ်၊ သင့်ရဲ့အဖွဲ့အတွက်ပဲဖြစ်ဖြစ်၊ သင့်ရဲ့ project အတွက်ပဲဖြစ်ဖြစ်ပေါ့။ New feed ကို သင်စိတ်ဝင်စားတဲ့အပေါ်မှာ မူတည်ပြီးတော့ sorting စီသွားတယ်။ ကျွန်တော်တို့ဟာ သင်စိတ်ဝင်စားတဲ့ post တွေကို track လုပ်ပြီးတော့ စီသွားမှာ ဖြစ်ပါတယ် လို့ Rasmussen က ဆက်ပြောပါတယ်။
လတိုင်းအသုံးပြုသူ ၁.၃၅ ဘီလီယံ ပမာဏရှိတဲ့ Facebook ဟာ သူပေးနေကျ ဆားဗစ်နဲ့သိပ်မသက်ဆိုင်တဲ့ နယ်ပယ်တစ်ခုကို ဝင်တိုးနေတာဖြစ်ပါတယ်။ ကြီးမားတဲ့ တစ်ကယ့်နည်းပညာ ကုမ္ပဏီကြီးတွေ ဖြစ်တဲ့ Microsoft တိုလို့ IBM တို့ဟာ ဒီလိုမျိုး ပူးပေါင်းဆောင်ရွက်တဲ့ corporate ဆိုရှယ်နက်ဝက်ခ် ဆားဗစ်တွေကို ပေးနေပါတယ်။ Google မှာဆို ဒီလိုမျိုး ဆားဗစ်တွေနဲ့ တစ်ယောက်နဲ့တစ်ယောက် ချိတ်ဆက်တဲ့ နက်ဝက်ခ်တွေ အများကြီး ရှိပါတယ်။ Facebook ဟာ လူတွေနဲ့ ပိုမိုထိတွေ့နိုင်အောင် လုပ်နေတယ်လို့ သင်တွေးနိုင်ပါတယ် လို့ Rasmussen က ပြောပါတယ်။ အလုပ်မှာလည်း တူတူပါပဲ သင့်ရဲ့ကျောင်းတုန်းက သူငယ်ချင်းတွေနဲ့ ချိတ်ဆက်နိုင်နေအုံးမှာပါ။ ဒါကြောင့် ဆိုရှယ်နက်ဝက်ခ်ကို သုံးရင်နဲ့ သင့်ရဲ့အလုပ်မှာပါ အလုပ်လုပ်သူ အချင်းချင်း ပိုမိုထိရောက်တဲ့ ဆက်သွယ်မှုစနစ် ရရှိမှာပါ။ Facebook ဟာ အလုပ်ကနေပြီးတော့ ပိုက်ဆံရှာဖို့အတွက်တော့ ချက်ချင်းကြီး ပလန်တွေ မရှိသေးပါဘူး။ သို့သော်လည်း ဒီ enterprise ဆားဗစ်ကို စတင်ရင်တော့ သူတို့ကို အဓိကထောက်ပံ့နေတဲ့ ကြေညာတွေကို သုံးစွဲသူတွေကို မပြတော့ဘဲ အဲဒီ့အစား ဒီ enterprise ကို သုံးသူတွေကို fee အနည်းငယ် ကောက်ယူဖို့ ဆန္ဒရှိတယ်လို့လည်း ပြောပါတယ်။ စမ်းသပ်နိုင်တဲ့ အဖွဲ့တွေထဲမှာ century-old ထုတ်လုပ်သူတွေ၊ ရောင်းဝင်ယူတွေ၊ နည်းပညာ ကုမ္ပဏီတွေနဲ့ ကွန်ယှက်လိုမျိုး အလုပ်လုပ်နေတဲ့ ကုမ္ပဏီတွေ ပါဝင်ပါတယ်။ Facebook က စမ်းသပ်သူတွေကို မကြာမီပဲ စတင်ချပေးတော့မှာပါ ဘာလို့လည်းဆိုတော့ သူတို့ရဲ့ ဆားဗစ်ကို ဒီနှစ်ကုန်လောက်ကို စတင် အသုံးပြုချင်လို့ ဖြစ်ပါတယ်။ တကယ်လို့ သင့် ကုမ္ပဏီ အနေနဲ့ ဒီလိုမျိုးဆားဗစ်တွေကို အစမ်းသပ် သုံးစွဲချင်ရင်တော့ Rasmussen ကို ရှာနိုင်ပါတယ်။ ဘယ်မှာလည်းဆိုတော့ Facebook မှာပါ။