Featured, News

Galaxy S6 Edgeရဲ့ အထူးစွမ်းဆောင်ချက်များ ပေါ်ထွက်လာမှုနဲ့ ပတ်သက်တဲ့ အသေးစိတ်အချက်အလက်များ

Galaxy S6 Edgeရဲ့ အထူးစွမ်းဆောင်ချက်များ ပေါ်ထွက်လာမှုနဲ့ ပတ်သက်တဲ့ အသေးစိတ်အချက်အလက်များ

ဘေးဘက်မှာ မျက်နှာပြင်စောင်းများပါရှိတဲ့ Galaxy S6 အမျိုးအစားတစ်ခုကို Samsungက တီထွင်နေတယ်ဆိုတဲ့ သတင်း တွေဟာ အင်တာနက် စာမျက်နှာတွေမှာ ပလူပျံနေပါတယ်။ Galaxy S6 အမျိုးအစားတစ်ခုလို့ ဆိုတာကြောင့် ဘေးဘက် မျက်နှာပြင်တွေ မပါတဲ့ Galaxy S6 အမျိုးအစားတစ်ခုကိုလည်း Samsungက ရောင်းချမှာ ဖြစ်ပါတယ်။ မကြာသေးမီကပဲ ဘေးဘက်မျက်နှာပြင်ပါတဲ့ S6မှာ Galaxy Note Edgeမှာလို ဘေးဘက်မျက်နှာပြင်တစ်ခုအစား ဘေးဘက် မျက်နှာပြင် နှစ်ခုပါရှိမယ်လို့ သတင်းထွက်လာပါသေးတယ်။ ဘေးဘက်မျက်နှာပြင်နှစ်ခုဟာ တစ်ခုထက် ဘာတွေ ပိုကောင်းမလဲဆိုတာ စိတ်၀င်စားစရာကောင်းပါတယ်။

ဘေးဘက်မျက်နှာပြင်နှစ်ခုကို ကောင်းစွာ ဒီဇိုင်းထုတ်ထားမယ်ဆိုရင် Note Edgeထက်တောင် ပိုကောင်းမှာပါ။ ဒါပေမယ့် အခုသတင်းတွေထက် ပိုမိုအသေးစိတ်ကျတဲ့ သတင်းထွက်ပေါ်လာပါတယ်။ Sam Mobile ၀က်ဆိုက်က Galaxy S6 ဘေးဘက်မျက်နှာပြင်ပါ အမျိုးအစားရဲ့ အထူးဆော့ဝဲစွမ်းဆောင်ချက်တွေနဲ့ ပတ်သက်ပြီး အသေးစိတ် သတင်းအချက်အလက် အနည်းငယ်ကို ရေးသားထားပါတယ်။

မျှော်လင့်ထားသလိုပဲ အားကစား၊ သတင်း၊ လူရဲ့ တင်ပါးလှုပ်ရှားမှုကို အခြေခံပြီး ခြေလှမ်းတွေကို တိုင်းတာတဲ့ Pedometer စတဲ့ ကဏ္ဍတွေ အပါအ၀င် Note Edgeဘေးဘက်မျက်နှာပြင်ရဲ့ စွမ်းဆောင်ချက်အားလုံးဟာ S6မှာ ပါရှိလာပါတယ်။ S6မှာ ထူးခြားတဲ့ အသစ်တစ်ခုက ဘေးဘက်မျက်နှာပြင်နှစ်ခုအနက် ဘယ် သို့မဟုတ် ညာဘက် မျက်နှာပြင်ကို အဓိက အသုံးပြုမယ့် မျက်နှာပြင်အဖြစ် သတ်မှတ်နိုင်ပါတယ်။ ဒါ့အပြင် S6ဘေးဘက်မျက်နှာပြင်ပါတဲ့ အမျိုးအစားမှာ Glance Lightingလို့ ခေါ်တဲ့ စွမ်းဆောင်ချက် အသစ်တစ်ခုပါလာပါတယ်။ အတိုချုပ်ပြောရရင် Glance Lightingက ဖုန်းလာရင် ၊ အသိပေးချက်၀င်လာရင် မျက်နှာပြင်မှာ မီးအရောင်နဲ့ ပြသပေးမှာပါ။ အဆက်အသွယ်တွေနဲ့ အရောင်တွေကိုလည်း ဘေးဘက်မျက်နှာပြင်မှာ သတ်မှတ် နိုင်တဲ့အတွက် Dialer Appကို ဖွင့်ထားချိန်မှာ ဘေးဘက်မျက်နှာပြင်မှ အရေးကြီး အဆက်အသွယ်တွေကို လွယ်ကူစွာ ဖုန်းခေါ်နိုင်မှာ ဖြစ်ပါတယ်။

ဒီအချိန်မှာတော့ Sam Mobileက ဒီသတင်းအချက်အလက်တွေကိုပဲ ထုတ်ဖော်ရေးသား ပေးထားပါသေးတယ်။ Samsungက ဘေးဘက်မျက်နှာပြင် နှစ်ဖက်ကို ဘယ်လို စွမ်းရည်ပြည့်၀စွာ အသုံးချနိုင်ဖို့ တီထွင်ထားသလဲဆိုတဲ့ အခြားသတင်းတွေတော့ ထွက်ပေါ်မလာသေးပါဘူး။ Samsung Galaxy Note Edgeက တီထွင်ဆန်းသစ်မှုဆုလို့ ခေါ်တဲ့ CES Innovation Awardees – 2015ကို ရရှိထားတာ ဖြစ်လို့ Galaxy S6ကလည်း ဘယ်လို ထူးခြားဆန်းသစ်မှုတွေနဲ့ ထွက်ပေါ်လာမလဲ ဆိုတာ စိတ်၀င်စားစရာကောင်းပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *