Apps, Featured, News, Review

Googleက လုံခြုံရေးမြင့်မားတဲ့ Web Site များကို ဦးစားပေးပြသ

Googleက လုံခြုံရေးမြင့်မားတဲ့ Web Site များကို ဦးစားပေးပြသ

နှစ်အတော်ကြာကတည်းက ACLUရဲ့ နည်းပညာအရာရှိ Christopher Soghoianက အင်တာနက်ကို ပိုမိုလုံခြုံစေတဲ့ နည်းလမ်းကို မျှဝေခဲ့ပါတယ်။ သူမကြာခဏ သတိပေးနေတာက ၀က်ဆိုက်ပိုင်ရှင်များ အနေနဲ့ HTTPS Protocolကို အသုံးပြုဖို့ဖြစ်ပါတယ်။

အခုတော့ Googleက ရှာဖွေမှုရလဒ်များမှာ HTTPSကို သုံးတဲ့ ၀က်ဆိုက်များကို ဦးစားပေးပြသပေးမယ်လို့ ကြေညာပါတယ်။ ဒီပြောင်းလဲမှုဟာ ရှာဖွေမှုရလဒ်များရဲ့ တစ်ရာခိုင်နှုန်းကိုသာ အကျိုးသက်ရောက်စေမှာ ဖြစ်ပေမယ့် ၀က်ဆိုက်ပိုင်ရှင်များအတွက်တော့ ကြီးမားတဲ့ ပြောင်းလဲမှု ဖြစ်ပါတယ်။ HTTPSကို သုံးရင် ဘရောက်စာ လိပ်စာဘားမှာ သော့ခလောက်ပုံ အိုင်ကွန်ကို ပြသပေးမှာ ဖြစ်ပြီး အသုံးပြုသူရဲ့ Gmailကို အခြားသူများ တိုက်ခိုက်ခိုးယူလို့ မရအောင် ကာကွယ်ပေးထားတာပါ။ ဒါပေမယ့် ဆာဗာမှာ ၀န်ပိုတဲ့အတွက် Webmailနဲ့ Bankingတို့ ပြင်ပမှာတော့ အကျိုးသက်ရောက်မှု သိပ်မရှိပါဘူး။ ဒီလို ဆာဗာမှာ ၀န်ပိုတာကို လျှော့ချပေးနိုင်တဲ့ အခမဲ့ ၀န်ဆောင်မှုများ ရှိနေပြီး ရှာဖွေမှုရလဒ်မှာ ပိုမိုပြသပေးချင်တဲ့ ၀က်ဆိုက်တွေအတွက်တော့ လွယ်ကူစေပါတယ်။

Soghoianနဲ့ Googleတို့က HTTPSကို လုံခြုံရေးအရ ကြိုက်နှစ်သက်ကြပါတယ်။ ၀က်ဆိုက်တွေဟာ လုံခြုံရေး အဆင့်မြှင့်ထားခြင်းမရှိဘူး တစ်နည်းအားဖြင့် Encryptလုပ်ထားခြင်း မရှိဘူးဆိုရင် ISP or Network Levelမှ လူတွေက သင်လည်ပတ်တဲ့ ၀က်ဆိုက်တွေကို အလွယ်လေး သိနိုင်ပါတယ်။ တင်းကျပ်တဲ့ အုပ်ချုပ်မှုအောက်မှာ ရောက်နေတာပဲဖြစ်ဖြစ်၊ အမေရိကန် အမျိုးသားလုံခြုံရေး အေဂျင်စီက ထောက်လှမ်းတဲ့ အခြေအနေမှာပဲ ဖြစ်ဖြစ် ဒါဟာ တကယ့် ပြဿနာပါ။ ၀က်ဆိုက်များဟာ Google Searchမှာ နေရာကောင်းရဖို့ နည်းလမ်းမျိုးစုံကို သုံးနေကြပါတယ်။ အဲဒီအတွက် Googleက သူတို့၀က်ဆိုက်တွေကို နေရာကောင်းရဖို့ Encryptလုပ်မယ်လို့ မျှော်လင့်ထားပါတယ်။

ဒါဟာ အစီအစဉ်ကောင်းတစ်ခုဖြစ်ပြီး အလုပ်ဖြစ်မယ်လို့ မျှော်လင့်ရပါတယ်။ ဒါပေမယ့် စွန့်စားရမှာပါ။ Googleက သူ့ရဲ့ Algorithmကို အမြဲပြောင်းလဲနေပါတယ်။ ဒါပေမယ့် အသုံးပြုသူများအတွက် ပိုမိုကောင်းမွန်စေဖို့ပါ။ အတုအယောင် ၀က်ဆိုက်တွေကို ဖယ်ရှားပြီး ယုံကြည်ရတဲ့ ၀က်ဆိုက်တွေကို နေရာကောင်းရဖို့ ပြုလုပ်ပေးနေတာပါ။ ဒါကလည်း လူတွေလိုချင်တဲ့ အရာပါပဲ။ Googleဘက်မှာတော့ အင်တာနက်ကို ပိုမိုလုံခြုံစေဖို့ ဖြစ်ပါတယ်။ ဒါဟာ နှစ်ပေါင်းများစွာကတည်းက Googleရဲ့ ဦးစားပေး အစီအစဉ်ပါ။ ဒါပေမယ့် လုံခြုံတဲ့ ၀က်ဆိုက်တွေကို ရှာဖွေမှုရလဒ်မှာ ဦးစားပေးပြသတဲ့ အခုအစီအစဉ်ကတော့ ပထမဆုံး ဖြစ်ပါတယ်။ ဒီပြောင်းလဲမှုက သေးငယ်ပေမယ့် Facebookကလည်း အခုလို လုံခြုံရေး အစီအစဉ်ကို ဒီနှစ်အစောပိုင်းမှာ ပြုလုပ်ပေးခဲ့ပါတယ်။ ပြောင်းလဲလိုက်ဖို့အတွက် လွယ်ကူပေမယ့် ဘယ်အချိန်မှာ ရပ်ရမလဲဆိုတာ သိဖို့ ခက်ခဲပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *