Featured, Mobile, News, Review

BlackBerryက Classic စမတ်ဖုန်းဖြင့် ဖောက်သည်ဟောင်းများကို စွဲဆောင်

BlackBerryက Classicစမတ်ဖုန်းဖြင့် ဖောက်သည်ဟောင်းများကို စွဲဆောင်

အရှုံးပေါ်နေတဲ့ BlackBerry မိုဘိုင်း ကုမ္ပဏီက တနင်္လာနေ့က စမတ်ဖုန်းအသစ်တစ်လုံးကို ကြေညာလိုက်ပါတယ်။ ဒီဖုန်းဟာ BlackBerryအနေနဲ့ iPhoneနဲ့ Androidတို့ကို ယှဉ်ပြိုင်ခြင်း မပြုသေးခင် အချိန်ဖြစ်တဲ့ သူ့ရဲ့ ကောင်းမွန်တဲ့ အတိတ်က အနေအထားတစ်ခုကို ပြန်လည်ရောက်ရှိစေမယshဖုန်းလို့လည်း ကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်။

နယူးယောက်မြို့တော်မှာ CEOဖြစ်သူ John Chenက ကြေညာခဲ့တဲ့ BlackBerry Classicဟာ ကုမ္ပဏီရဲ့ BlackBerry 10ဖုန်းတွေရဲ့ တိုးတက်ကောင်းမွန်မှုတွေကို ဆက်လက်ထိန်းသိမ်းထားပေမယ့် မော်ဒယ်အဟောင်းတွေရဲ့ အငွေ့အသက်တွေ ပြန်လည် ပါရှိလာပါတယ်။ BlackBerryရဲ့ အမှတ်အသားဖြစ်တဲ့ Physical Keyboardရဲ့ အထက်မှာ Hardware Navigation Buttonsတွေ ပါရှိလာတာပါ။

Chenက အဲဒီအစိတ်အပိုင်းတွေကို ပြန်လည်တွဲစပ်ရတာ မလွယ်ဘူးလို့ ပြောပါတယ်။ BlackBerry 10မှာ လက်မနဲ့ ထိန်းချုပ်နိုင်တဲ့ Trackpadလို စွမ်းဆောင်ချက်တွေကို တိမ်ကောသွားစေတဲ့ စွမ်းရည် ပါရှိပါတယ်။ ခင်ဗျားတို့ထင်သလို မလွယ်ပါဘူးလို့ သူကပြောပါတယ်။ အဲဒီနှစ်ခုကို ပေါင်းစည်းရတာ ကုမ္ပဏီအတွက်တော့ ကြီးမားတဲ့ အင်ဂျင်နီယာ စိန်ခေါ်မှုပါပဲလို့ ဖြည့်စွက်ပြောပါတယ်။

ဒါပေမယ့်လည်း Chenမှာ ရွေးချယ်စရာ အနည်းငယ်သာရှိပါတယ်။ BalckBerryရဲ့ ဈေးကွက်ဝေစုဟာ ပြီးခဲ့တဲ့ နှစ်များမှာ တဟုန်ထိုးကျဆင်းနေတာ ဖြစ်ပြီး BlackBerry 10ဖုန်းတွေဟာလည်း ပြန်လည်ဦးမော့လာအောင် မလုပ်ပေးနိုင်ခဲ့ပါဘူး။ လက်ရှိနဲ့ အရင် ဖောက်သည်နှစ်အုပ်စုလုံးက ဖုန်းအဟောင်းတွေရဲ့ Interfaceနဲ့ နီးစပ်တာကို ပိုကြိုက်တယ်လို့ ဆိုပါတယ်။

BlackBerry Classicဟာ ဖောက်သည်တွေအတွက်သာမက ပလက်ဖောင်းအသစ်ကို ပြောင်းလဲချင်သူတွေရော Physical Keyboardကို နှစ်သက်သူတွေအတွက်ပါ ရည်ရွယ်ထုတ်လုပ်ထားတာပါ။

ကျွန်တော်တို့ရဲ့ ဖောက်သည်တွေကတော့ ကြိုက်နှစ်သက်ကြမှာပါလို့ ထုတ်ကုန် ဈေးကွက်မှ ဒါရိုက်တာ Jeff Gadwayက ပြောပါတယ်။ ကျွန်တော် ဒီနေရာမှာ ရပ်ပြီး ဖောက်သည်တွေ ဆုံးရှုံးနေတာကို ပြောမှာ မဟုတ်ပါဘူး။ BlackBerry Classicနဲ့ ဆိုရင် ဖောက်သည်တွေကို ပြန်လည် စွဲဆောင်နိုင်တော့မှာပါ။

ကီးဘုတ်နဲ့ Navigation ခလုတ်တွေအပြင် ဒေါ်လာ ၄၄၉တန်ကြေးရှိတဲ့ BlackBerry Classicမှာ ၂၀၁၁ ထုတ် BlackBerry Boldနဲ့ မကြာမီက ထုတ်တဲ့ Classicအမျိုးအစားဖြစ်တဲ့ BlackBerry 7တို့ထက် ၆၀ ရာခိုင်နှုန်း ပိုမိုကြီးမားတဲ့ 720×720 လေးထောင့်မျက်နှာပြင် တပ်ဆင်ထားပါတယ်။

BlackBerryက သူ့ရဲ့ ဖုန်းအသစ်ကို ပြောင်းလဲအသုံးပြုချင်အောင် Classicရဲ့ စွမ်းဆောင်ချက်တွေကို Boldနဲ့ နှိုင်းယှဉ် ပြခဲ့ပါတယ်။ Classicမှာ BlackBerry 10.3.1မောင်းနှင်ထားပြီး ဘက်ထရီ သက်တမ်းဟာ ငါးဆယ်ရာခိုင်နှုန်း ပိုမိုရှည်ကြာ လာတယ်လို့ ကုမ္ပဏီက ပြောပါတယ်။ ၀က်ဆိုက်တွေကြည့်ရာမှာ သုံးဆမြန်ဆန်လာမယ့် Qualcomm Snapdragon 1.5GHz Processor, 2GB RAMထည့်သွင်းထားပါတယ်။ အနောက်ဘက်မှာ 8MP Cameraတပ်ဆင်ထားပြီး Boldမှာတော့ 5MPသာ ဖြစ်ပါတယ်။

Classicမှာ Trackpad အပြင် Menu, Back, Send, Endတို့ အပါအ၀င် အရင်က အသုံးပြုခဲ့တဲ့ Navigation Buttonsတွေ ပါရှိလာပါတယ်။ ဒါကလည်း ဖောက်သည်ဟောင်းတွေကို စွဲဆောင်နေတာဖြစ်နိုင်ပါတယ်။ အထူးသဖြင့် BlackBerry 10 Deviceတွေမှာ Amazon Appstoreမှ Android Appsတွေကို အသုံးပြုနိုင်အောင် ပြုလုပ်ပေးခဲ့တာကြောင့် အခြား ပလက်ဖောင်းတွေနဲ့ နှိုင်းယှဉ်ရင် App နည်းပါးမှုကို ဖြေရှင်းပေးခဲ့ပြီးပါပြီ။

Classicဟာ BlackBerryဖောက်သည်တွေကို စွဲဆောင်ဖို့ကိုပဲ ဦးစားပေးပြီး အဆင့်မြှင့်ထားတဲ့ Physical Keyboard ထည့်သွင်းထားတဲ့ BlackBerry Passportရဲ့ နောက်ကနေ ထွက်ရှိလာတာပါ။ BlackBerryအတွက်တော့ ရှေ့ကို ဆက်သွားရမယ့် အကောင်းဆုံးနည်းလမ်းက နောက်ခြေလှမ်းတစ်လှမ်း ပြန်ဆုတ်တာ ဖြစ်ပုံပေါ်ပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *