News

Syrian Electronics Army က Microsoft ၀န်ထမ်းများ၏ အီးမေးများကို Hack သွားကြောင်း Microsoft ၀န်ခံ

သူ၏ ၀န်ထမ်းအနည်းငယ်၏ အီးမေးများကို Syrian Electronics Army က Hack သွားကြောင်း Microsoft က ၀န်ခံပြောဆိုလိုက်ပါတယ်။ အဲဒီ အဖွဲ့ဟာ Microsoft ၀န်ထမ်းအနည်းငယ်၏ Outlook Email တွေထဲက သုံးခုကို ထုတ်ဖော်ပြသလိုက်ပါတယ်။ အဲဒီ အီးမေးမှာ Microsoft ပိုင်ဆိုင်တဲ့ Twitter အကောင့်ကိုဖောက်ထွင်းရရှိထားတဲ့ သတင်းအချက်အလက်တွေကို ရေးသားထားပါတယ်။ Syrian Electronics Army (SEA) ဟာ Social Network အပြင် အခြားသော သတင်းအချက်အလက်တွေကိုပါ ထုတ်ပြခဲ့တယ်လို့ သိရပါတယ်။

“Phishing လို့ခေါ်တဲ့ Social Engineering Cyberattack ဟာ Microsoft ၀န်ထမ်းအချို့ရဲ့ Social Media များကို ဖောက်ထွင်းနိုင်ခဲ့ပါတယ်။ အဲဒီအကောင့်တွေကို Reset ပြုလုပ်ပြီးဖြစ်ပါတယ်။ Microsoft ရဲ့ ၀န်ဆောင်မှု တွေကို အသုံးပြုသူတွေရဲ့ သတင်းအချက်အလက်တွေပေါက်ကြားခြင်းမရှိပါဘူး။ “ လို့ Microsoft ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ အဲဒီတိုက်ခိုက်မှုဟာ Microsoft ရဲ့ ဘလော့ နဲ့ Twitter အကောင့်တွေကို ဖောက်ထွင်းနိုင်ခဲ့တာဖြစ်ပါတယ်။ ထို့အပြင် Xbox Support ရဲ့ Twitter အကောင့်ဟာလည်း ဖောက်ထွင်းခံခဲ့ရပါတယ်။ ဇန်နဝါရီလ တစ်ရက်နေ့ မှာ SEA ဟာ Skype Blog နဲ့ Twitter အကောင့်များ ကို ရယူနိုင်ခဲ့ပြီး Microsoft ကို ဆန့်ကျင်တဲ့ Tweet တွေကို အကြိမ်ရှစ်ထောင်မက ပြုလုပ်ခဲ့ပါတယ်။

ရှုပ်ထွေးတဲ့ Phishing Attack ရဲ့ တစ်စိတ်တစ်ပိုင်းပဲရှိသေးတာဖြစ်တယ်လို့ ကျွမ်းကျင်သူများက သုံးသပ်ပါတယ်။ SEA ဟာ Microsoft ကို အဓိက ထားပြီး တောက်လျှောက် တိုက်စစ်ဆင်ခဲ့တာဖြစ်ပါတယ်။ Bit.ly ဟာ ဟာကွက်တစ်ခုဖြစ်နိုင်ကြောင်း Microsoft ၀န်ထမ်းတစ်ယောက်ရဲ့ အီးမေးမှာဖော်ပြထားတာကိုလည်း SEA က ပြသခဲ့ပါသေးတယ်။ အဆိုပါ ဖောက်ထွင်းခံရမှုဟာ အားနည်းတဲ့ Password များကို အသုံးပြုခြင်းကြောင့်ဖြစ်ကြောင်း သိရပါတယ်။

SEA ဟာ အီးမေးအကောင့် ဘယ်နှစ်ခုကို ဖောက်ထွင်းခဲ့သလဲဆိုတာနဲ့ ဒေတာဘယ်လောက်များများ ရရှိသွားသလဲဆိုတာကိုတော့ မသိရသေးပါဘူး။ SEA ရဲ့ ပြောရေးဆိုခွင့်ရှိသူက နောက်ဆုံးတိုက်ခိုက်မှုဟာ အပြီးသတ်မဟုတ်ဘဲ နောက်ထပ်တိုက်ခိုက်မှုတွေ ပြုလုပ်အုံးမယ်ဆိုတာ သတိပေးတာဖြစ်ကြောင်းပြောပါတယ်။ SEA ဟာ Twitter မှတစ်ဆင့် Microsoft ကို တိုက်ခိုက်နေခြင်းဟာ အဆုံးသတ်မဟုတ်သေးဘူးလို့ ပြောဆိုကြောင်း သိရပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *