How-to

Reddit Website မှ Tech Hack နည်းများ

Reddit က နာမည်ကြီး၀က်ဆိုက်တစ်ခုဖြစ်ပြီးကျွန်တော်တို့ မြန်မာနိုင်ငံမှာတော့ သိပ်အသုံးမပြုကြသေးတာတွေ့ရပါတယ်။ Reddit မှာစိတ်၀င်စားစရာကောင်းတဲ့ ဆောင်းပါးတွေ ရှိပြီး Life Hacks နည်းတွေ၊ Tech Hacks နည်းတွေလည်းရှိပါတယ်။ဒီဆောင်းပါးမှာ Reddit မှာတွေ့ရှိရတဲ့ Tech Hacks နည်းများထဲကကောင်းတဲ့နည်းတွေကို မျှဝေပါတယ်။

Gmail အကောင့်တစ်ခု ထဲနဲ့ Online Accounts တွေများစွာဖွင့်ပါ။

Website or Web Service တစ်ခု မှာ အကောင့်နှစ်ခု ဒါမှမဟုတ် အကောင့်များစွာဖွင့်ဖို့ Gmail အကောင့်တစ်ခုထဲကိုအသုံးပြုလို့ ရတယ်ဆိုတာသင်သိပါသလား? သင့် Gmail အကောင့်မှာ Plus Sign ထည့်ပြီး Gmail အကောင့်ကို ပွားပြီးသုံးလို့ရပါတယ်။ ဥပမာ သင့် Gmail အကောင့်က [email protected] ဆိုပါစို့။ [email protected] လို့ပြောင်းလဲ ပေးလိုက်ပြီးအကောင့် နောက်တစ်ခု ဖွင့် လို့ရပါတယ်။ [email protected] လို့ပြောင်းလိုက်တဲ့အတွက် Website or Web Service က အသုံးမပြုရသေးတဲ့ အကောင့်တစ်ခု လို့အထင်မှားစေပါတယ်။ [email protected] လို့လိပ်စာပြောင်းလိုက်ပေမယ့်လည်း Website or Web Service ကပို့တဲ့ အီးမေး က [email protected] ဆီကိုပဲရောက်မှာဖြစ်ပါတယ်။

Number Keys , J , K, L ကိုသုံးပြီး YouTube ကြည့်ပါ။

သင့် Keyboard က Number Keys တွေဖြစ်တဲ့ 1 to 9 ကိုသုံးပြီး YouTube Video တွေကို 10% to 90% ကျော်ကြည့်လို့ရတယ် ဆိုတာသင်သိပါသလား? ဒါ့အပြင် J , L key ကိုသုံးပြီး Video ကို ၁၀ စက္ကန့်စာ Rewind , Fast Forward ကြည့်လို့ရပါတယ်။ K key ကိုနှိပ်ပြီး Play/Pause လုပ်နိုင်ပါတယ်။

သင့် Smartphone ကို ပေတံလို အသုံးပြုပါ။

တစ်စုံတစ်ခုကိုတိုင်းတာဖို့ပေတံ ရှာမနေပါနဲ့တော့။ သင့် Smartphone မှာ Ruler Wallpaper တစ်ခုကိုအသုံးပြုရင် သေးငယ်တဲ့ အရာ၀တ္ထုတွေကို တိုင်းတာနိုင်ပါတယ်။ သင့်ဖုန်းပျောက်သွားရင် အဆက်အသွယ်ရအောင် Wallpaper မှာ သင့်ရဲ့အီးမေး၊ နာမည်၊ ဖုန်းနံပါတ် တွေကို ရေးသားထားနိုင်ပါသေးတယ်။

2

ပိတ်ထားတဲ့၀က်ဆိုက်တွေကို ကြည့်ဖို့ Google Translate ကိုသုံးပါ။

ဒီနည်းကတော့ သိတဲ့သူတွေ သိကြသလို မသိတဲ့သူတွေ လည်း ရှိပါတယ်။၀က်ဆိုက်တစ်ခု ကို ပိတ်ထားလို့ကြည့်မရဘူးဆိုရင် www.translate.google.com ကိုသွားပြီး ကြည့်မရတဲ့ ၀က်ဆိုက်လိပ်စာကိုထည့်ပေးပါ။ဒါဆိုရင် အဲဒီဆိုက်ကို သင်ကြည့်နိုင်ပါပြီ။

သင့် ပိုက်ဆံအိတ်ကို Smartphone Stand အနေနဲ့ အသုံးပြုပါ။

Video Chat ဖို့ပဲဖြစ်ဖြစ်၊ ဓါတ်ပုံရိုက်ဖို့ပဲဖြစ်ဖြစ် ၊ Movie ကြည့်ဖို့ပဲဖြစ်ဖြစ် Smartphone Stand တစ်ခုလို နေလား? သင့် ပိုက်ဆံအိတ်ကို Smartphone Stand အနေနဲ့အသုံးပြုနိုင်ပါတယ်။

3

Laser Pointer ကို Smartphone Camera အတွက် Macro Lens အဖြစ်အသုံးပြုပါ။

သင့်မှာ အသုံးမပြုတော့တဲ့ Laser Pointer တစ်ခု ရှိရင် သင့် Smartphone Camera အတွက် Macro Lens အဖြစ်ပြုလုပ်နိုင် ပါတယ်။ Laser Pointer ထဲက Lens ကို ထုတ်ပါ။ Hairpin တစ်ခု နဲ့ Tape တစ်ခု ရှာပါ။ Lens ကို Hairpin ကြားမှာညှပ်ပြီး သင့်ဖုန်းရဲ့ Camera Lens မှာတပ်ဆင်ပါ။ Tape နဲ့ Hairpin ကို ပတ်ပါ။ဒါဆိုရင် ပိုက်ဆံလုံး၀မကုန် တဲ့ DIY(Do It Your Self) Macro Lens တစ်ခု ရရှိပါပြီ။

4

Presentations တွေအတွက် သီးခြား User Account တစ်ခုအသုံးပြုပါ။

သင့် Laptop ကိုအသုံးပြုပြီး Presentation တွေပြုလုပ်နေကျဆိုရင် User Account ကိုသီးခြားအသုံးပြုသင့်ပါတယ်။မဟုတ်ရင် Presentation ပြုလုပ်နေတဲ့အချိန်မှာ Email, Messenger တွေက Notifications တွေတက်လာပြီးအနှောင့်အယှက်ဖြစ်စေ ပါတယ်။ Windows,Mac,Linux အားလုံးမှာ သီးခြား User Account တွေပြုလုပ်အသုံးပြုနိုင်ပါတယ်။

Printer ကိုစမ်းသပ်ဖို့ Google ကိုအသုံးပြုပါ။

သင့်ရဲ့ အသစ်စက်စက် Colour Printer ကိုစမ်းသပ်ဖို့ အတွက် Browser ကိုဖွင့်ပါ။ Google.com ကိုသွားပြီး Print ထုတ်ကြည့်ပါ။ Google Logo မှာ Colour မျိုးစုံပါရှိပါတယ်။

5
စာဖတ်သူရဲ့ Favourite Hacks တွေကိုလည်းဝေမျှခဲ့ပါအုံး။
Reddit မှာ Tech Hacks နည်းတွေ များစွာရှိပြီး အခုဖော်ပြထားတာတွေက အနည်းငယ်သာဖြစ်ပါတယ်။စာဖတ်သူမှာလည်း အင်တာနက်ကနေ လေ့လာထားတဲ့ Tech Hacks,Life Hacks နည်းတွေရှိရင်လည်း မျှဝေခဲ့ပါအုံး။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *